သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အလားအလာ


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို လာမယ့်ဇူလိုင် (၁၁)ရက်ကစလို့ (၅)ရက်ကြာ နေပြည်တော်မှာ ကျင်းပမယ်လို့ အစိုးရက ကြေညာထားပါတယ်။ အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်းပြီးမှ ကျင်းပဖြစ်မယ့် ဒီ ညီလာခံနဲ့ အနာဂတ် ငြိမ်းချမ်းရေး အလားအလာတွေအပေါ် သောတရှင်တွေရဲ့ အမြင် သဘေထား တွေကို ရှမ်းသံတော်ဆင့် သတင်းဌာနကို တည်ထောင်သူ လည်းဖြစ်၊ ပြည်ထောင်စု Institute ဒါရိုက်တာလည်းဖြစ်တဲ့ ဦးခွန်စိုင်း၊ သီပေါမြို့နယ် ကိုယ်စားပြု SNDP ပါတီက အမျိုးသား လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်း၊ UNFC တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ ပြောခွင့်ရလည်းဖြစ်၊ ANC ရခိုင် အမျိုးသားကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးထွန်းဇော်တို့နဲ့ ကိုဇော်ဝင်းလှိုင်က ဆွေးနွေး တင်ပြထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အလားအလာ
please wait

No media source currently available

0:00 0:22:57 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG