၂၁ ရာစုပင်လုံ တတိယအစည်းအဝေးနဲ့ အလားအလာ
လာမယ့် ဗုဒ္ဓဟူးနေ့မှာ စတင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ နိုင်ငံရေးသဘောတူညီချက် များများစားစား ရစရာမရှိနိုင်ကြောင်း ဦးဆောင်ပါဝင်သူတွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။ ဒီတကြိမ်ညီလာခံဟာ တစ်နှစ်ကျော်ကြာမှ ပြန်လည်ကျင်းပနိုင်တာ ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသက်ဆက်ပေးတဲ့ အနေအထားတခု ဖြစ်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ နေပြည်တော်ကို ရောက်ရှိနေတဲ့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။