သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ မြန်မာကိုယ်စားလှယ်စိစစ်မှု မနှစ်ကအတိုင်းဖြစ်နိုင်ခြေရှိ


ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဗွီအိုအေဝိုင်းတော်သူ အိသန့်စင် (VOA Burmese/စက်တင်ဘာ ၁၉၊ ၂၀၂၃)
ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဗွီအိုအေဝိုင်းတော်သူ အိသန့်စင် (VOA Burmese/စက်တင်ဘာ ၁၉၊ ၂၀၂၃)

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြု သံအမတ်ကြီးစိစစ်ခန့်ထားရေးကိစ္စမှာ မနှစ်ကအတိုင်းလိုပဲ ဆိုင်းငံ့ထားနိုင်ခြေရှိတယ်လို့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်တာဝန်ယူနေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဗွီအိုအေသတင်းထောက် မအိသန့်စင်က ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပရာ နယူးယောက်မြို့မှာ တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

ဦးကျော်မိုးထွန်း။ ။ အရင်ရက်ပိုင်းတွေကရတဲ့ indications တွေအရပေ့ါနော်။ ဒါ..ကျနော် indications တွေလို့ပဲ ပြောတာပေါ့နော်၊ indication တွေအရ မနှစ်ကအတိုင်းဖြစ်မယ့်အနေအထားမျိုးရှိတယ်လို့ပဲ ကျနော်တို့ indication ရပါတယ်ဗျ။ မနှစ်ကအတိုင်းဖြစ်မယ်ဆိုတဲ့ဥစ္စာကတော့ အားလုံးသိတဲ့အတိုင်းပေါ့နော်။ မနှစ်က general debate မှာ ကျနော် မိန့်ခွန်းဝင်ရောက်ပြောကြားခြင်း မပြုခဲ့ဘူးပေါ့နော်။ ထုံးစံအတိုင်း general assembly စပြီဆိုရင် တော့ general debate မှာ မြန်မာကိုယ်စားစကားပြောဖို့ကို ကျနော်တို့အမြဲတမ်း inscribe လုပ်ပါတယ်။ speaker list ပါ။ ဒါကတော့ တယောက်နဲ့တယောက် နားလည်မှုနဲ့ တချို့ ဥစ္စာတွေမှာ မိန့်ခွန်းကိုပြောဖို့၊ မပြောဖို့ဆိုတဲ့ဥစ္စာတွေက ဒီလိုမျိုး part of the arrangement အနေနဲ့ ပေါ့နော်၊ ကျနော်...အချိန်တခုရောက်ရင် မနှစ်ကလည်း withdraw လုပ်ပေးခဲ့တယ်ပေါ့နော်။ ...ဆိုတော့ ဒီနှစ်လည်း ဒီလိုမျိုး တယောက်နဲ့တယောက် နားလည်မှုအရ withdraw တော့ လုပ်ပေးခဲ့ပြီးပါပြီခင်ဗျ။

အိသန့်စင်။ ။ ဟုတ်ကဲ့ပါရှင့်။ အခု ၇၈ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာပေါ့နော်၊ မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ ထိထိရောက်ရောက် လက်တွေ့လုပ်ဆောင်မှု ဖြစ်လာနိုင်မယ့် ဆွေးနွေးချက်တွေ ပါဝင်လာနိုင်ပါလားရှင့်။

ဦးကျော်မိုးထွန်း။ ။ အခု general debate ကတော့ နိုင်ငံတွေရဲ့ သူတို့ ပေါ်လစီတွေကို ပြောတဲ့ဥစ္စာပေါ့နော်။ ဒါကြောင့် ဒီကနေပြီး ပေါ်လစီတွေ ပြောတဲ့အတွက်ကြောင့် သူတို့ဘာအလေးထားဖို့ရှိလဲ။ သူတို့ ဘာ ရှေ့သွားဖို့ရှိလဲဆိုတာကတော့ ဒီ ပေါ်လစီမိန့်ခွန်းတွေကတော့ အနည်းနဲ့အများတော့ မှန်းလို့ရပါတယ်။ ဒါပေမဲ့လည်း အခုနကပြောတဲ့ general assembly ကြီးတခုလုံးအနေနဲ့ပြောတယ်ဆိုလို့ရှိရင် general assembly က စက်တင်ဘာလ ၅ ရက်နေ့ကစလိုက်ပြီ။ နောက်နှစ်စက်တင်ဘာအထိ တနှစ်ပတ်လုံး general assembly ကတော့ သွားနေဦးမှာပဲ။ အဲဒီအထဲမှာမှ အခု ဒီ စက်တင်ဘာ၊ ပြီးတော့ ဒီ စက်တင်ဘာကနေ ဒီဇင်ဘာလကုန်အထိက ကျနော်တို့ လွယ်လွယ်ကူကူ ဒီ general assembly ရဲ့ အဓိကအပိုင်းလို့ခေါ်တာပေါ့နော်၊ Main part လို့ခေါ်တယ်။ ပြီးရင် နောက်နှစ် ဇန်နဝါရီကနေစပြီးတော့ စက်တင်ဘာအထိကတော့ Second part လို့ခေါ်တယ်။ ဒါကတော့ ယေဘုယျခေါ်တဲ့ဥစ္စာတွေပါ။ အခု ဒီ general assembly ဒီသုံးလအတွင်းမှာတော့ ယေဘုယျအားဖြင့် အရင်နှစ်တွေက ဆောင်ရွက်တဲ့ဥစ္စာတွေကို ပြန်ဆောင်ရွက်တဲ့ဥစ္စာ ရှိတယ်။ တချို့ဥစ္စာတွေမှာကျတော့ ၂နှစ်တကြိမ် ဒီခေါင်းစဥ်ကို ဆွေးနွေးတာရှိတယ်။ မြန်မာနဲ့ပတ်သက်ရင်တော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တတိယကော်မတီမှာ ကျနော်တို့ မြန်မာနဲ့ပတ်သက်ပြီးတော့ resolution နှစ်စဥ်ရှိတယ်ပေါ့နော်။ ဒီ resolution ကတော့ ဒီနှစ်လည်း ဆက်ရှိမယ့်ဥစ္စာမျိုးရှိတယ်။ ဒီ resolution ရဲ့ focus -အဓိကခေါင်းစဥ်ကိုပြန်ကြည့်လိုက်တယ်ဆိုရင် သူကတော့ human rights situation of Rohingya and other minorities ဆိုတဲ့ခေါင်းစဥ်နဲ့ သွားထားတဲ့ resolution ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဥ်ရဲ့ focus ကတော့ ရိုဟင်ဂျာကိစ္စဖြစ်တယ်။ ဒါပေမဲ့လည်းပေါ့နော်-အခု ၂၀၂၁ နောက်ပိုင်းတွေမှာတော့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးတော့ နည်းနည်း...နည်းနည်းလေးတွေ reflect လုပ်လာတာ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့လိုချင်တဲ့ reflect လုပ်ပုံတော့ မဟုတ်သေးဘူး။ ဒါတွေကတော့ ပါအောင်ပေါ့နော်။ အခု ကျနော်တို့ မြေပြင်မှာဖြစ်နေတဲ့ဥစ္စာတွေနဲ့ အပ်စပ်အောင်တော့ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါမယ်လို့...ဒါကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပေါ့။

နောက်တခုကတော့ ပထမကော်မတီပေါ့။ ပထမကော်မတီဆိုတာ လက်နက်ဖျက်သိမ်းရေးကော်မတီပါ။ အဲဒီ လက်နက်ဖျက်သိမ်းရေးကော်မတီမှာတော့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ဦးဆောင်ပြီးတော့ resolution တခု၊ nuclear disarmament နဲ့ပတ်သက်တဲ့ resolution ကို ကျနော် နှစ်စဥ်တင်လေ့ရှိပါတယ်။ ဆိုတော့...ဒီနှစ်လည်း ကျနော်တို့ အရင်နှစ်ကအတိုင်း ဆက်လက်တင်သွားဖို့တော့ ရှိပါမယ်ဆိုတာလေးတော့ ကြုံတုန်း ကျနော် အသိပေးလိုပါတယ်ခင်ဗျ။

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်းအပြည့်အစုံကိုတော့ အခု ညနေအစီအစဉ်တွေမှာ ထုတ်လွှင့်တင်ဆက်ပေးဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG