သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

UNHCR ရဲ႕ ဂုဏ္ထူးေဆာင္ Nansen ဆုရွင္ေတြထဲ ‘မိတ္ေဆြ ျမန္မာ’ အဖဲြ႕ပါဝင္ 


UNHCR ရဲ႕ ဂုဏ္ထူးေဆာင္ Nansen ဆုရွင္ေတြထဲ ‘မိတ္ေဆြ ျမန္မာ’ အဖဲြ႕ပါ၀င္

ျမန္မာႏိုင္ငံတြင္းက အကူအညီေပးေရး အဖြဲ႔အစည္းတခု ျဖစ္တဲ႔ မိတ္ေဆြ ျမန္မာ အဖြဲ႔ကို UNHCR - ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာအဖြဲ႔က ဂုဏ္သတင္းႀကီးတဲ႔ Nansen ဆုကို ခ်ီးျမႇင့္လိုက္ပါတယ္။ ဆြစ္ဇာလန္ ႏိုင္ငံ ဂ်ီနီဗာကေန Lisa Schlein ရဲ႕ သတင္းေဆာင္းပါးကို အေျခခံၿပီး မသိဂၤ ီထိုက္ တင္ျပေပးပါမယ္။

UNHCR ရဲ႕ ဂုဏ္ထူးေဆာင္ Nansen ဆုရွင္ေတြထဲ ‘မိတ္ေဆြ ျမန္မာ’ အဖဲြ႕ပါဝင္

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံတြင္းက အကူအညီေပးေရး အဖြဲ႔အစည္းတခု ျဖစ္တဲ႔ မိတ္ေဆြ ျမန္မာ အဖြဲ႔ကို UNHCR - ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာအဖြဲ႔က ဂုဏ္သတင္းႀကီးတဲ႔ Nansen ဆုကို ခ်ီးျမႇင့္လိုက္ပါတယ္။ ဒီႏွစ္ Nansen ဆုကိုေတာ့ ဂ်ာမနီ ၀န္ႀကီးခ်ဳပ္ေဟာင္း Angela Merkel နဲ႔ အတူ ေဒသဆိုင္ရာ အဖြဲ႔အစည္းနဲ႔ လူပုဂၢိဳလ္ေတြ ခ်ီးျမႇင့္ခံရတဲ႔အထဲ ျမန္မာႏိုင္ငံက ဒုကၡသည္အေရး ေဆာင္ရြက္ေနတဲ့ မိတ္ေဆြ ျမန္မာအဖဲြ႕လည္း ပါ၀င္ခဲ႔တာပါ။ ဆြစ္ဇာလန္ ႏိုင္ငံ ဂ်ီနီဗာကေန Lisa Schlein ရဲ႕ သတင္းေဆာင္းပါးကို အေျခခံၿပီး မသိဂၤ ီထိုက္ တင္ျပေပးပါမယ္။

“ အဓိက လိုအပ္တဲ႔ အခ်က္က စား၀တ္ေနေရးဆိုေတာ့ စား၀တ္ေနေရး အတြက္ အရင္ဆံုး ပံ႔ပိုးတယ္၊ ၿပီးရင္ လိုအပ္ခ်က္ေတြ ျဖစ္တဲ႔ အစားအေသာက္ ေပးတာနဲ႔ အိပ္ဖို႔ ေနဖို႔ေပါ့ေနာ္။ ”

စႏိုးလို႔ အမ်ားက သိရွိၾကတဲ႔ ေနာ္ေဘြခူ က သူမရဲ႕ မိတ္ေဆြ ျမန္မာအဖြဲ႔ရဲ႕ အကူအညီေပး ေဆာင္ရြက္ခ်က္ေတြကို UNHCR ရဲ႕ ဗြီဒီယိုထဲမွာ ရွင္းျပထားတာပါ။ ေနာ္ေဘြခူရဲ႕ မိတ္ေဆြ ျမန္မာ အဖြဲ႔ဟာဆိုရင္ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာအဖြဲ႔ UNHCR ရဲ႕ ၂၀၂၂ ခုႏွစ္ အတြက္ Nansen ဆု ခ်ီးျမႇင့္ခံရေၾကာင္း UNHCR က ေအာက္တိုဘာလ ၄ ရက္ေန႔ အဂၤါေန႔မွာ ေၾကညာခဲ႔ပါတယ္။ UNHCR ရဲ႕ ေျပာခြင့္ရ Matthew Saltmarsh က ဂ်ီနီဗာ ကုလသမဂၢ သတင္းစာ ရွင္းလင္းပြဲမွာ အခုလို ေၾကညာခဲ႔ပါတယ္။

“ မိတ္ေဆြ ျမန္မာ အဖြဲ႔ဟာ ေဒသဆိုင္ရာ အဖြဲ႔တခု ျဖစ္ၿပီး ေဘးဒဏ္နဲ႔ ပဋိပကၡသင့္တဲ႔ ေဒသေတြက လူမႈအသိုင္းအဝိုင္းတြင္းမွာ ကူညီေထာက္ပံ႔ေရးနဲ႔ ေလ႔က်င့္သင္တန္းေပးေရး ေဆာင္ရြက္ေနတဲ႔ ေဒသဆိုင္ရာ အဖြဲ႔အစည္း တခု ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြနဲ႔ HIV/ AIDS ခုခံအား က်ဆင္းမႈ ကူးစက္ေရာဂါ ခံစားေနရသူေတြကို ကူညီဖို႔ ၂၀၀၄ ခုႏွစ္မွာ စတင္ တည္ေထာင္ခဲ႔တာပါ။ ”

မိတ္ေဆြ ျမန္မာအဖြဲ႔ဟာဆိုရင္ ျမန္မာႏိုင္ငံတြင္း ေနရပ္စြန္႔ခြာရသူေတြ အပါအ၀င္ ႏိုင္ငံတြင္းက လိုအပ္သူေတြကို အေရးေပၚ ေထာက္ပံ႔ေရး ပစၥည္းေတြ၊ က်န္းမာေရးနဲ႔ ပညာေရး၊ အသက္ေမြး၀မ္းေက်ာင္း အခြင့္အလမ္းတို႔ကို ေဆာင္ရြက္ ကူညီေပးေနတာ ျဖစ္ပါတယ္။ HIV/ AIDS ခံစားေနရတဲ႔ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြကို သူမ အိမ္မွာ ခိုလံႈႏိုင္ေရးနဲ႔ ေနာ္ေဘြခူက လုပ္ငန္းေတြ စခဲ႔တာပါ။ အကူအညီ လိုအပ္သူေတြရဲ႕ အသံေတြ ခံစားခ်က္ေတြကို နားေထာင္ၿပီး ယံုၾကည္မႈ တည္ေဆာက္ႏိုင္ခဲ႔တာေၾကာင့္ သူမ ေဆာင္ရြက္ခ်က္ေတြ ေအာင္ျမင္ခဲ႔တာလို႔လည္း မစႏိုးလို႔ လူသိမ်ားတဲ႔ ေနာ္ေဘြခူက UNHCR ရဲ႕ ဗြီဒီယိုထဲမွာ ေျပာထားပါတယ္။ အခုေတာ့ မိတ္ေဆြ ျမန္မာ အဖြဲ႔ဟာ ႏိုင္ငံတြင္းက လူမႈ အသိုင္းအဝိုင္း ၃၀၀ ေလာက္ အတြင္းမွာ အကူအညီေပးေရး လုပ္ငန္းေတြ တိုးခ်ဲ႕ ေဆာင္ရြက္ေနတာပါ။

UNHCR ရဲ႕ Nansen ဆုေရြးခ်ယ္ေရး အဖြဲ႔က အခု ၂၀၂၂ ခုႏွစ္ အတြက္ ဆုရွင္ေတြကို အဂၤါေန႔မွာ ေၾကညာခဲ႔တာမွာ ဂ်ာမနီ ၀န္ႀကီးခ်ဳပ္ေဟာင္း Angela Merkel၊ ေနာက္ ေဒသဆိုင္ရာ ဆုရွင္ေတြ အျဖစ္ အာဖရိက ေဒသ အတြက္ Mauritania ႏိုင္ငံက Mbera Fire Brigade ၊ အေမရိကတိုက္ အတြက္ Costa Rica က Vicenta Gonzalez ၊ ေနာက္ အာရွ ပစိဖိ္တ္ ေဒသ အတြက္ ျမန္မာႏိုင္ငံက မိတ္ေဆြ ျမန္မာ အဖြဲ႔နဲ႔ အေရွ႕အလယ္ပိုင္းနဲ႔ ေျမာက္အာဖရိက ေဒသ အတြက္ အီရတ္ က ဆရာ၀န္ ေဒါက္တာ Nagham Hasan တို႔ ျဖစ္ပါတယ္။

၂၀၁၅ နဲ႔ ၂၀၁၆ ဆီးရီးယား ပဋိပကၡ ျပင္းထန္ေနခ်ိန္ တျခားေသာ ႏိုင္ငံေတြက လစ္လ်ဴရႈထားခ်ိန္မွာ ေမွ်ာ္လင့္ခ်က္မဲ႔ေနတဲ႔ လူေတြကို ဂ်ာမနီ ၀န္ႀကီးခ်ဳပ္ေဟာင္း Merkel က ႀကိဳဆိုခဲ႔ပါတယ္။ ဒုကၡသည္ တသန္းေက်ာ္ကို အသက္ရွင္ရပ္တည္ေရးနဲ႔ ဘ၀ ျပန္လည္ တည္ေဆာက္ေရးမွာ ကူညီခဲ႔တဲ႔ မစၥ Merkel ဟာဆိုရင္ စိတ္ဓာတ္ ျမင့္ျမတ္မႈနဲ႔ ႏိုင္ငံေရး သတၱိ ေျပာင္ေျမာက္မႈကို ျပသခဲ႔တာ ျဖစ္တယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး Filippo Grandi က ဆုေရြးခ်ယ္မႈ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။ ကမ ၻာတလႊား ဒုကၡသည္ေတြရဲ႕ အတိဒုကၡကို ေပၚလြင္လာေစေရး မစၥ Merkel က ပံ႔ပိုးခဲ႔တယ္လို႔လည္း UNHCR ရဲ႕ ေျပာခြင့္ရ Matthew Saltmarsh က ေျပာပါတယ္။ ႏိုင္ငံေရး သမားေတြ အေနနဲ႔ စိန္ေခၚ အကဲစမ္းတဲ႔ အေျခအေနေတြကို တျခားသူေတြထံ လႊဲခ် မေနဘဲ အေျဖရွာၾကမယ္ဆိုရင္ ေအာင္ျမင္ႏိုင္တယ္ဆိုတာကို သူမက ျပသလိုက္တာ ျဖစ္တယ္လို႔လည္း ေျပာခြင့္ရက ေျပာပါတယ္။

“ စစ္ပြဲ၊ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြကေန မျဖစ္မေန ထြက္ေျပးၾကရသူေတြကို ကာကြယ္ေပးသလိုဘဲ ၀န္ႀကီးခ်ဳပ္ေဟာင္းဟာဆိုရင္ ဒီလူေတြကို လက္ခံေရး၊ ပညာေရးနဲ႔ ေလ႔က်င့္သင္တန္း ေပးေရး အစီအစဥ္၊ အလုပ္အကိုင္ အစီအစဥ္၊ လုပ္သား ေစ်းကြက္ကို ေပါင္းစပ္ညႇိႏိႈင္းမႈေတြ လုပ္ၿပီး ဒီလူေတြကို ေဒသသစ္မွာ ေနသားက်သြားေရး ဂ်ာမနီရဲ႕ ခိုင္ခိုင္မာမာ ေဆာင္ရြက္ခ်က္မွာလည္း အဓိက တြန္းအား ျဖစ္ခဲ႔ပါတယ္။”

Nansen ဆု ဟာဆိုရင္ ေနာ္ေ၀ နယ္ေျမသစ္ ရွာေဖြသူနဲ႔ လူသားခ်င္း စာနာမႈ အကူအညီ ေပးသူ Fridtjof Nansen ကို ဂုဏ္ျပဳထားတာလည္း ျဖစ္ပါတယ္။ ဒုကၡသည္ေတြကို ကာကြယ္ေရး အတြက္ ထူးခြ်န္ေျပာင္ေျမာက္စြာ စြမ္းေဆာင္ခဲ႔ၾကတဲ႔ လူပုဂၢိဳလ္ေတြ အဖြဲ႔အစည္းေတြကို ခ်ီးျမႇင့္တဲ႔ ဆုလည္း ျဖစ္ပါတယ္။ အခု ၂၀၂၂ ခုႏွစ္ အတြက္ Nansen ဆု ခ်ီးျမႇင့္ခံရတဲ႔ ဂ်ာမနီ ၀န္ႀကီးခ်ဳပ္ေဟာင္း Merkel နဲ႔ ေဒသဆိုင္ရာ ဆု ေရြးခ်ယ္ခံရသူေတြကိုေတာ့ ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ ဆြစ္ဇာလန္ ႏိုင္ငံ ဂ်ီနီဗာမွာ အခမ္းအနားနဲ႔ ခ်ီးျမႇင့္မွာ ျဖစ္ပါတယ္။ ၀န္ႀကီးခ်ဳပ္ေဟာင္း Merkel ကေတာ့ ေဒၚလာ ၁သိန္းခြဲ ဆု အတြက္ ေရြးခ်ယ္ခံရၿပီး က်န္တဲ႔ ေဒသဆိုင္ရာ ဆု ေရြးခ်ယ္ခံရသူေတြကေတာ့ ေဒၚလာ ၅ ေသာင္းစီ ခ်ီးျမႇင့္ခံရမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................................

UNHCR ရဲ့ ဂုဏ်ထူးဆောင် Nansen ဆုရှင်တွေထဲ ‘မိတ်ဆွေ မြန်မာ’ အဖွဲ့ပါဝင်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံတွင်းက အကူအညီပေးရေး အဖွဲ့အစည်းတခု ဖြစ်တဲ့ မိတ်ဆွေ မြန်မာ အဖွဲ့ကို UNHCR - ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က ဂုဏ်သတင်းကြီးတဲ့ Nansen ဆုကို ချီးမြှင့်လိုက်ပါတယ်။ ဒီနှစ် Nansen ဆုကိုတော့ ဂျာမနီ ဝန်ကြီးချုပ်ဟောင်း Angela Merkel နဲ့ အတူ ဒေသဆိုင်ရာ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ ချီးမြှင့်ခံရတဲ့အထဲ မြန်မာနိုင်ငံက ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ မိတ်ဆွေ မြန်မာအဖွဲ့လည်း ပါဝင်ခဲ့တာပါ။ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာကနေ Lisa Schlein ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

“ အဓိက လိုအပ်တဲ့ အချက်က စားဝတ်နေရေးဆိုတော့ စားဝတ်နေရေး အတွက် အရင်ဆုံး ပံ့ပိုးတယ်၊ ပြီးရင် လိုအပ်ချက်တွေ ဖြစ်တဲ့ အစားအသောက် ပေးတာနဲ့ အိပ်ဖို့ နေဖို့ပေါ့နော်။ ”

စနိုးလို့ အများက သိရှိကြတဲ့ နော်ဘွေခူ က သူမရဲ့ မိတ်ဆွေ မြန်မာအဖွဲ့ရဲ့ အကူအညီပေး ဆောင်ရွက်ချက်တွေကို UNHCR ရဲ့ ဗွီဒီယိုထဲမှာ ရှင်းပြထားတာပါ။ နော်ဘွေခူရဲ့ မိတ်ဆွေ မြန်မာ အဖွဲ့ဟာဆိုရင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR ရဲ့ ၂၀၂၂ ခုနှစ် အတွက် Nansen ဆု ချီးမြှင့်ခံရကြောင်း UNHCR က အောက်တိုဘာလ ၄ ရက်နေ့ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ UNHCR ရဲ့ ပြောခွင့်ရ Matthew Saltmarsh က ဂျီနီဗာ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ကြေညာခဲ့ပါတယ်။

“ မိတ်ဆွေ မြန်မာ အဖွဲ့ဟာ ဒေသဆိုင်ရာ အဖွဲ့တခု ဖြစ်ပြီး ဘေးဒဏ်နဲ့ ပဋိပက္ခသင့်တဲ့ ဒေသတွေက လူမှုအသိုင်းအဝိုင်းတွင်းမှာ ကူညီထောက်ပံ့ရေးနဲ့ လေ့ကျင့်သင်တန်းပေးရေး ဆောင်ရွက်နေတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်း တခု ဖြစ်ပါတယ်။ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ HIV/ AIDS ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရသူတွေကို ကူညီဖို့ ၂၀၀၄ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာပါ။ ”

မိတ်ဆွေ မြန်မာအဖွဲ့ဟာဆိုရင် မြန်မာနိုင်ငံတွင်း နေရပ်စွန့်ခွာရသူတွေ အပါအဝင် နိုင်ငံတွင်းက လိုအပ်သူတွေကို အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ၊ ကျန်းမာရေးနဲ့ ပညာရေး၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတို့ကို ဆောင်ရွက် ကူညီပေးနေတာ ဖြစ်ပါတယ်။ HIV/ AIDS ခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို သူမ အိမ်မှာ ခိုလှုံနိုင်ရေးနဲ့ နော်ဘွေခူက လုပ်ငန်းတွေ စခဲ့တာပါ။ အကူအညီ လိုအပ်သူတွေရဲ့ အသံတွေ ခံစားချက်တွေကို နားထောင်ပြီး ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တာကြောင့် သူမ ဆောင်ရွက်ချက်တွေ အောင်မြင်ခဲ့တာလို့လည်း မစနိုးလို့ လူသိများတဲ့ နော်ဘွေခူက UNHCR ရဲ့ ဗွီဒီယိုထဲမှာ ပြောထားပါတယ်။ အခုတော့ မိတ်ဆွေ မြန်မာ အဖွဲ့ဟာ နိုင်ငံတွင်းက လူမှု အသိုင်းအဝိုင်း ၃၀၀ လောက် အတွင်းမှာ အကူအညီပေးရေး လုပ်ငန်းတွေ တိုးချဲ့ ဆောင်ရွက်နေတာပါ။

UNHCR ရဲ့ Nansen ဆုရွေးချယ်ရေး အဖွဲ့က အခု ၂၀၂၂ ခုနှစ် အတွက် ဆုရှင်တွေကို အင်္ဂါနေ့မှာ ကြေညာခဲ့တာမှာ ဂျာမနီ ဝန်ကြီးချုပ်ဟောင်း Angela Merkel၊ နောက် ဒေသဆိုင်ရာ ဆုရှင်တွေ အဖြစ် အာဖရိက ဒေသ အတွက် Mauritania နိုင်ငံက Mbera Fire Brigade ၊ အမေရိကတိုက် အတွက် Costa Rica က Vicenta Gonzalez ၊ နောက် အာရှ ပစိဖိတ် ဒေသ အတွက် မြန်မာနိုင်ငံက မိတ်ဆွေ မြန်မာ အဖွဲ့နဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ဒေသ အတွက် အီရတ် က ဆရာဝန် ဒေါက်တာ Nagham Hasan တို့ ဖြစ်ပါတယ်။

၂၀၁၅ နဲ့ ၂၀၁၆ ဆီးရီးယား ပဋိပက္ခ ပြင်းထန်နေချိန် တခြားသော နိုင်ငံတွေက လစ်လျူရှုထားချိန်မှာ မျှော်လင့်ချက်မဲ့နေတဲ့ လူတွေကို ဂျာမနီ ဝန်ကြီးချုပ်ဟောင်း Merkel က ကြိုဆိုခဲ့ပါတယ်။ ဒုက္ခသည် တသန်းကျော်ကို အသက်ရှင်ရပ်တည်ရေးနဲ့ ဘ၀ ပြန်လည် တည်ဆောက်ရေးမှာ ကူညီခဲ့တဲ့ မစ္စ Merkel ဟာဆိုရင် စိတ်ဓာတ် မြင့်မြတ်မှုနဲ့ နိုင်ငံရေး သတ္တိ ပြောင်မြောက်မှုကို ပြသခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ဆုရွေးချယ်မှု ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ကမ ္ဘာတလွှား ဒုက္ခသည်တွေရဲ့ အတိဒုက္ခကို ပေါ်လွင်လာစေရေး မစ္စ Merkel က ပံ့ပိုးခဲ့တယ်လို့လည်း UNHCR ရဲ့ ပြောခွင့်ရ Matthew Saltmarsh က ပြောပါတယ်။ နိုင်ငံရေး သမားတွေ အနေနဲ့ စိန်ခေါ် အကဲစမ်းတဲ့ အခြေအနေတွေကို တခြားသူတွေထံ လွှဲချ မနေဘဲ အဖြေရှာကြမယ်ဆိုရင် အောင်မြင်နိုင်တယ်ဆိုတာကို သူမက ပြသလိုက်တာ ဖြစ်တယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။

“ စစ်ပွဲ၊ ဖိနှိပ်ချုပ်ချယ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကနေ မဖြစ်မနေ ထွက်ပြေးကြရသူတွေကို ကာကွယ်ပေးသလိုဘဲ ဝန်ကြီးချုပ်ဟောင်းဟာဆိုရင် ဒီလူတွေကို လက်ခံရေး၊ ပညာရေးနဲ့ လေ့ကျင့်သင်တန်း ပေးရေး အစီအစဉ်၊ အလုပ်အကိုင် အစီအစဉ်၊ လုပ်သား ဈေးကွက်ကို ပေါင်းစပ်ညှိနှိုင်းမှုတွေ လုပ်ပြီး ဒီလူတွေကို ဒေသသစ်မှာ နေသားကျသွားရေး ဂျာမနီရဲ့ ခိုင်ခိုင်မာမာ ဆောင်ရွက်ချက်မှာလည်း အဓိက တွန်းအား ဖြစ်ခဲ့ပါတယ်။”

Nansen ဆု ဟာဆိုရင် နော်ေ၀ နယ်မြေသစ် ရှာဖွေသူနဲ့ လူသားချင်း စာနာမှု အကူအညီ ပေးသူ Fridtjof Nansen ကို ဂုဏ်ပြုထားတာလည်း ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို ကာကွယ်ရေး အတွက် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို ချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။ အခု ၂၀၂၂ ခုနှစ် အတွက် Nansen ဆု ချီးမြှင့်ခံရတဲ့ ဂျာမနီ ဝန်ကြီးချုပ်ဟောင်း Merkel နဲ့ ဒေသဆိုင်ရာ ဆု ရွေးချယ်ခံရသူတွေကိုတော့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ အခမ်းအနားနဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Merkel ကတော့ ဒေါ်လာ ၁သိန်းခွဲ ဆု အတွက် ရွေးချယ်ခံရပြီး ကျန်တဲ့ ဒေသဆိုင်ရာ ဆု ရွေးချယ်ခံရသူတွေကတော့ ဒေါ်လာ ၅ သောင်းစီ ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG