သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးငယ် ၁ သိန်းကျော် အတွက် UNICEF အရေးပေါ်ကူညီငွေတောင်းခံ


IDP စစ်ရှောင် ကလေးငယ်များ
IDP စစ်ရှောင် ကလေးငယ်များ

မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတွေအဝင် အရှေ့အာရှနဲ့ Pacific ဒေသက ကလေးငယ်တွေ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အရေးပေါ်လိုအပ်နေတဲ့အကူအညီတွေ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၄၂ သန်းရန်ပုံငွေလိုအပ်တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ကူညီစောင့်ကြည့်ရေးအဖွဲ့UNICEF က ကမ္ဘာ့အလှူရှင်တွေကို ပန်ကြားလိုက်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ကလေးငယ်များအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့လိုအပ်နေကြောင်း တင်ပြထားတဲ့ အစီရင်ခံစာထဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံက ကလေးတွေရဲ့ အခြေအနေတွေကို အသားပေးဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက ပြည်နယ် ၃ ခုမှာ ကာလကြာရှည်ဖြစ်နေတဲ့ ပဋိပက္ခတွေက အိုးအိမ်ပစ်ထွက်ပြေးနေကြရသူ ၂ သိန်း ၂ သောင်းထက်မနည်းရဲ့ အခြေအနေတွေကို ပိုဆိုးစေတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ကလေးငယ်တွေဟာ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ထောက်ပြပါတယ်။ ရခိုင်ပြည်နယ်ထဲမှာဆိုရင် အထူးသဖြင့် ရိုဟင်ဂျာကလေးတွေအတွက် အကူအညီ လိုအပ်နေတယ်လို့ဆိုပါတယ်။

ဘာသာရေးနဲ့ လူမျိုးရေးခွဲခြားမှု၊ အမြတ်ထုတ်မှု၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ သဘာဝဘေးဒဏ်၊ နိုင်ငံမဲ့ပြဿနာ၊ လူကုန်ကူးပြဿနာနဲ့ ထောက်ပံ့ကူညီမှုတွေ မရနိုင်တဲ့ အခြေအနေတွေက ပဋိပက္ခတွေကို ရေရှည်စေတဲ့ အကြောင်းတရားတွေဖြစ်တယ်လို့ UNICEFကပြောထားပါတယ်။ မြန်မာနိုင်ငံထဲမှာ အခြေအနေအဆိုးဆုံးဖြစ်နေတဲ့ ကလေးငယ်ပေါင်း ၁ သိန်း ၂ သောင်း ၇ ထောက်လောက်အတွက် ရန်ပုံငွေအလှူထည့်ကြဖို့ UNICEF ကပန်ကြားပါတယ်။

၂၀၁၇ ခုနှစ်အတွက် အကူအညီတွေရမယ်ဆိုရင် ဆိုးဆိုးဝါဝါး အဟာရချို့တဲ့နေတဲ့ကလေးတွေအတွက် ကူညီကုသမှုတွေ ပေးနိုင်မယ့်အပြင် စိတ်ပိုင်းရုပ်ပိုင်းကျန်းမာရေး၊ သန့်ရှင်းသောက်သုံးရေ၊ ကျန်းမာရေးနဲ့ညီညွတ်စေမယ့် မိလ္လာစနစ်တို့ကို ကူညီစီစဉ်ပေးနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် ကူညီထောက်ပံံမှုကို UNICEF အဖွဲ့က ၁၉၅၀ ခုနှစ်ထဲက ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG