သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာမှာဖြစ်နေတဲ့ လတ်တလောတိုက်ပွဲတွေကြောင့် အနည်းဆုံး လူ ၇၉ ဦး သေဆုံး" - ကုလ


လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ မကြာသေးခင်ကစ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာရာက အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို လူပေါင်း ၂ သိန်းလောက် နေရပ်စွန့်ခွာခဲ့ကြရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်လိုက်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား အောက်တိုဘာလနှောင်းပိုင်းကစခဲ့တဲ့ တိုက်ပွဲတွေဟာ အခုအခါ ရခိုင်ပြည်နယ် အပါအဝင် ကျန်ဒေသတွေမှာပါ ကျယ်ပြန့်လာခဲ့ပြီး ကနဦး လေ့လာချက်တွေအရ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အနည်းဆုံး အရပ်သား ၇၅ ယောက် သေဆုံးခဲ့ပြီး ၉၄ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။

မိုးညှင်းမြို့အနီးမှာာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
မိုးညှင်းမြို့အနီးမှာာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်း၊ ကယား၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ နေရပ်စွန့်ခွာရသူ ၂ သိန်းကျော် ရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ တိုက်ပွဲတွေ စတင်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ အနည်းဆုံး မြို့နယ် ၁၀ ခုမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက သေဆုံးသူ အရပ်သား ၄၃ ယောက်နဲ့ ဒဏ်ရာရသူ ၇၁ ယောက် ရှိခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ကိန်းဂဏန်းတွေအရ နေရပ်စွန့်ခွာရသူ ၆ သောင်းအထိ ရှိတယ်လို့လည်း ပြောပါတယ်။

အရေးပေါ်လိုအပ်ချက်တွေ ကြုံနေရတာကို ဖြေရှင်းဖို့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေထဲက ဒေါ်လာ ၁ သန်းကို သုံးစွဲနေပေမယ့် နောက်ထပ် လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် စာနာမှုအကူအညီအဖြစ် မူလက သတ်မှတ်ထားတဲ့ ပမာဏအတွက် ၂၈ ရာခိုင်နှုန်းသာ ရရှိထားချိန်မှာ နောက်ထပ် လိုအပ်ချက်တွေ တိုးလာနေတယ်လို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG