သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“တိုက်ပွဲတွေကြောင့် မြန်မာအရပ်သားသိန်းချီ နေရပ်စွန့်ခွာပြေး” ကုလမဟာမင်းကြီး


ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ မင်းတပ်ဒေသခံများ (ယခင်မှတ်တမ်းဓာ
ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ မင်းတပ်ဒေသခံများ (ယခင်မှတ်တမ်းဓာ

UNHCR ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီရဲ့ နှစ်ပတ်လည်ညီလာခံ အဖွင့်မိန့်ခွန်းမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Gandi က ကမ္ဘာအနှံ့ ဒုက္ခသည်တွေအခြေအနေပြောဆိုရာမှာ မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့အရပ်သားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးကြရတာကိုလည်း ထည့်သွင်းပြောဆိုပါတယ်။

ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဥတုရာသီဖောက်ပြန်မှု ဆင်းရဲမွဲတေမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြတဲ့ အရေအတွက်များလာတာနဲ့အမျှ အကူအညီအထောက်အပံ့ရရှိရေး အကျပ်အတည်းကြီးမားလာတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက သတိပေးလိုက်ပါတယ်။ အဓိကအားဖြင့် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှုဟာ အရေအတွက် သန်း ၁၁၀ အထိရှိလာပြီး ဆယ်စုနှစ်တွေအတွင်း အများဆုံးဖြစ်လာတယ်လို့ ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Filippo Gandi က ပြောပါတယ်။

နှစ်စဉ်လုပ်နေကျ ညီလာခံစစချင်းမှာပဲ ညီလာခံကိုယ်စားလှယ်တွေဟာ အာဖဂန်ငလျင်နဲ့ အစ္စရေးပဋိပက္ခမှာ ထိခိုက်သေဆုံးသူတွေအတွက် တမိနစ်ငြိမ်သက်ပြီး ဆုတောင်းဂုဏ်ပြုပေးခဲ့ကြပါတယ်။ အစ္စရေးအရပ်သားတွေကို ဟားမတ်စ်က တိုက်ခိုက်မှုတွေကြောင့် သူ့အနေနဲ့တုန်လှုပ်ခဲ့ရပြီး ဒီတင်းမာမှုကြောင့် ဒေသတွင်းမတည်မငြိမ်ဖြစ်ပြီး အစ္စရေးရော ပါလက်စတိုင်းအရပ်သားတွေအတွက် နစ်နာခံစားမှုတွေ ပိုဖြစ်လာစေမယ်လို့ ကုလ မဟာမင်းကြီးက သတိပေးပြောဆိုသွားပါတယ်။

ပဋိပက္ခအခြေအနေ တိုးလာတာနဲ့အမျှ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာမှု ပျက်ယွင်းလာပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေကို ဆိုးဆိုးဝါးဝါးသက်ရောက်ခံစားမှု ဖြစ်စေလိမ့်မယ်လို့ သူက ပြောပါတယ်။ အခုနှစ် အစောပိုင်းတုန်းက သူဟာ အီဂျစ် တောင်ဆူဒန်နဲ့ ချာ့ဒ်နိုင်ငံတွေကို သွားရောက်ခဲ့စဉ်အတွင်း ဆူဒန်ပဋိပက္ခကနေထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကိုတွေ့ဆုံပြီး သူတို့ ကြုံခဲ့ရတာတွေကို နားထောင်ခဲ့ရတယ်လို့ ကုလမဟာမင်းကြီးက ပြောပါတယ်။

တကမ္ဘာလုံးမှာ အခြေအနေတွေ ဆိုးသထက်ဆိုးလာနေပြီး UNHCR အနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ အရေးပေါ်လုပ်ငန်းသစ် ၄၄ ခု ဆောင်ရွက်ခဲ့ရတယ်လို့လည်း ကုလမဟာမင်းကြီးက ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG