သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စာသင္ေက်ာင္းေတြအေပၚ အၾကမ္းဖက္မႈ လံုးဝလက္ခံႏိုင္ဖြယ္မရွိ (ကုလေျပာခြင္႔ရ)


သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေနတဲ့ ကုလအတြင္းေရးမႈးခ်ုဳပ္ ေျပာခြင့္ရ Stéphane Dujarric (ဓာတ္ပံု- UN Web TV)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ဒီသီတင္းပတ္ထဲ ေက်ာင္းေတြ ျပန္ဖြင့္လိုက္ေပမဲ့ ေက်ာင္းေတြ၊ ပညာေရး အေဆာက္အဦးေတြကို ပစ္မွတ္ထား တိုက္ခိုက္မႈေတြ ရွိေနဆဲျဖစ္ေၾကာင္း ကုလသမဂၢက သတိေပးလိုက္ပါတယ္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းလိုက္ၿပီး ေနာက္ပိုင္းကစလို႔ ေမလကုန္အထိ စာသင္ေက်ာင္းေတြ၊ ပညာေရး၀န္ထမ္းေတြ တိုက္ခိုက္ခံရမႈေပါင္း ၅၄ ႀကိမ္ထက္မနည္း ရွိခဲ့ၿပီး၊ ပညာေရး အေဆာက္အဦးေတြကို စစ္တပ္က အသုံးျပဳတဲ့ လုပ္ရပ္ေပါင္း ၁၄၁ ႀကိမ္ ရွိတယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရက ေျပာဆိုလိုက္တာပါ။

“စာသင္ေက်ာင္းေတြနဲ႔ အနီးအနားမွာ အၾကမ္းဖက္တဲ့ လုပ္ရပ္ေတြဟာ ဘယ္ေသာအခါမွ လက္ခံႏိုင္တဲ့ လုပ္ရပ္မဟုတ္ေၾကာင္း ကုလသမဂၢက အေလးထား ေျပာၾကားထားပါတယ္။ စာသင္ၾကားတဲ့ ေနရာေတြ၊ ပညာေရး၀န္ထမ္းေတြကို တိုက္ခိုက္တာ၊ ပညာေရး အေဆာက္အဦးေတြကို သိမ္းပိုက္ထားတာေတြဟာ ကေလးအခြင့္အေရးေတြကို ခ်ဳိးေဖာက္ရာလည္း ေရာက္ပါတယ္။” လို႔ ဗုဒၶဟူးေန႔ နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က သတင္းစာ ရွင္းလင္းပဲြမွာ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stéphane Dujarric က ေျပာဆိုသြားတာပါ။

စစ္အာဏာသိမ္းၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ အဂၤါေန႔က ေက်ာင္းေတြ ျပန္ဖြင့္ရာမွာေတာ့ အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြနဲ႔ တိုက္ခိုက္မႈေတြ ေပၚေပါက္ခဲ့တဲ့ ရန္ကုန္အပါအ၀င္ ၿမိဳ႕ႀကီးတခ်ဳိ႕မွာေတာ့ လုံျခံဳေရးအတြက္ စိုးရိမ္မႈေတြနဲ႔အတူ ေက်ာင္းတက္သူ နည္းပါးခဲ့ပါတယ္။ ေက်ာင္းေတြ ျပန္ဖြင့္လိုက္ေပမဲ့ အာဏာသိမ္းမႈကို အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ လႈပ္ရွားမႈေတြမွာ ပါ၀င္ခဲ့ၾကတဲ့ ေက်ာင္းဆရာ၊ ဆရာမေတြ အလုပ္က ထုတ္ပယ္ခံရတာ ရွိခဲ့သလို၊ တခ်ဳိ႕ကလည္း အလုပ္ျပန္မဆင္းဖို႔ ဆုံးျဖတ္သူေတြလည္း ရွိခဲ့ပါတယ္။

..............................................................

တိုက္႐ိုက္ လင့္ခ္


စာသင်ကျောင်းတွေအပေါ် အကြမ်းဖက်မှု လုံးဝလက်ခံနိုင်ဖွယ်မရှိ (ကုလပြောခွင့်ရ)

(Unicode)
မြန်မာနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျောင်းတွေ ပြန်ဖွင့်လိုက်ပေမဲ့ ကျောင်းတွေ၊ ပညာရေး အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းကစလို့ မေလကုန်အထိ စာသင်ကျောင်းတွေ၊ ပညာရေးဝန်ထမ်းတွေ တိုက်ခိုက်ခံရမှုပေါင်း ၅၄ ကြိမ်ထက်မနည်း ရှိခဲ့ပြီး၊ ပညာရေး အဆောက်အဦးတွေကို စစ်တပ်က အသုံးပြုတဲ့ လုပ်ရပ်ပေါင်း ၁၄၁ ကြိမ် ရှိတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုလိုက်တာပါ။

“စာသင်ကျောင်းတွေနဲ့ အနီးအနားမှာ အကြမ်းဖက်တဲ့ လုပ်ရပ်တွေဟာ ဘယ်သောအခါမှ လက်ခံနိုင်တဲ့ လုပ်ရပ်မဟုတ်ကြောင်း ကုလသမဂ္ဂက အလေးထား ပြောကြားထားပါတယ်။ စာသင်ကြားတဲ့ နေရာတွေ၊ ပညာရေးဝန်ထမ်းတွေကို တိုက်ခိုက်တာ၊ ပညာရေး အဆောက်အဦးတွေကို သိမ်းပိုက်ထားတာတွေဟာ ကလေးအခွင့်အရေးတွေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။” လို့ ဗုဒ္ဓဟူးနေ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ပြောဆိုသွားတာပါ။

စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့က ကျောင်းတွေ ပြန်ဖွင့်ရာမှာတော့ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာတော့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့အတူ ကျောင်းတက်သူ နည်းပါးခဲ့ပါတယ်။ ကျောင်းတွေ ပြန်ဖွင့်လိုက်ပေမဲ့ အာဏာသိမ်းမှုကို အနုနည်းနဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းဆရာ၊ ဆရာမတွေ အလုပ်က ထုတ်ပယ်ခံရတာ ရှိခဲ့သလို၊ တချို့ကလည်း အလုပ်ပြန်မဆင်းဖို့ ဆုံးဖြတ်သူတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG