သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရခိုင်ပဋိပက္ခကြား အိုးမဲ့အိမ်မဲ့ ၅ သိန်း ၇ သောင်းနီးပါးရှိ" - UNOCHA


တောင်ကုတ်မြို့ ကင်းထောင်စံပြကျးရွာ ဗုံးကြဲခံရအပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)
တောင်ကုတ်မြို့ ကင်းထောင်စံပြကျးရွာ ဗုံးကြဲခံရအပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြား ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း နောက်ထပ် ခန့်မှန်းခြေ လူ ၃ သိန်း ၆ သောင်း လောက် အိုးမဲ့အိမ်မဲ့ထွက်ပြေးကြရတဲ့အတွက် အခုဆိုရင် နေရပ်စွန့်ခွား ထွက်ပြေးနေရတဲ့ အရေအတွက် ၅ သိန်း ၇ သောင်း နီးပါး ရှိလာတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆက်သွယ်ရေးရုံး UNOCHA က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အထဲ ၁၆ မြို့နယ်မှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး အနီးနားမှာရှိတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်က လူတွေလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

အာရက္ခတပ်တော် AA နဲ့ မြန်မာစစ်တပ်အကြား ရခိုင်ပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လုံခြုံရေးအခြေအနေ ပိုဆိုးဝါးလာနေတာကို UNOCHA အဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့အတူ နိုင်ငံတဝှမ်း ပဋိပက္ခတွေကြား မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသအပါ လူ ၃ သန်းခွဲလောက် အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရပြီး ပြီးခဲ့တဲ့တနှစ်ကျော်ကထက် တသန်းခွဲလောက် ပိုတိုးလာနေတာကို ကုလသမဂ္ဂအေဂျင်စီက ထောက်ပြထားပါတယ်။

သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားတွေကို ကာကွယ်ဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို အန္တရာယ်မဖြစ်အောင် အာမခံဖို့လည်း UNOCHA အဖွဲ့က တောင်းဆိုထားပါတယ်။

ရခိုင်ပဋိပက္ခကြား အိုးမဲ့အိမ်မဲ့ ၅ သိန်း ၇ သောင်းနီးပါးရှိ (UNOCHA)
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG