(Zawgyi / Unicode)
သမၼတ Donald Trump ရဲ႕ သက္တမ္းကာလ ေနာက္ဆံုးသီတင္းပတ္ေတြ အတြင္း ကာကြယ္ေရးဆိုင္ရာမူဝါဒ အႀကီးအက်ယ္ အေျပာင္းအလဲလုပ္မွာကို စိုးရိမ္ေနၾကခ်ိန္မွာပဲ အေမရိကန္ဦးေဆာင္တဲ့ စစ္ပြဲနဲ႔ ပတ္သက္ၿပီး ကာကြယ္ေရးဌာန ယာယီဝန္ႀကီး Christopher Miller ရဲ႕ ဌာနဆိုင္ရာ ပထမဆံုး ထုတ္ျပန္တဲ့ စာထဲမွာ ေရွ႕ေနာက္မညီတဲ့ သေဘာေတြ ေတြ႔ေနရပါတယ္။
ေသာၾကာေန႔က ထုတ္ျပန္တဲ့ စာထဲမွာ ဒီစစ္ပြဲဟာ မၿပီးဆံုးေသးေၾကာင္း ေဖာ္ျပထားသလို အယ္လ္ကုိင္းဒါးနဲ႔ အေပါင္းအပါေတြကို ေခ်မႈန္းမႈဟာ ၿပီးဆံုးလုနီး ျဖစ္ေနေပမယ့္ အရင္မဟာဗ်ဴဟာထဲက မွားယြင္းမႈမ်ိဳးကို ေရွာင္ၿပီး ၿပီးဆံုးတဲ့အထိ တိုက္ရမွာျဖစ္ေၾကာင္း ေျပာပါတယ္။
ဒါေပမယ့္လည္း ေနာက္တပိုဒ္မွာေတာ့ Mr. Miller က ဒီတိုက္ပြဲေတြနဲ႔ ပတ္သက္ၿပီး ကုိယ္စြမ္းရွိသေလာက္ လုပ္ေဆာင္ခဲ့ၿပီး စိန္ေခၚမႈေတြကို ေခ်မႈန္းႏိုင္ၿပီျဖစ္ေၾကာင္း၊ အခုအခ်ိန္ဟာ တပ္သားေတြ အိမ္ျပန္လာရေတာ့မယ့္ အခ်ိန္ျဖစ္ေၾကာင္း ေရးသားထားတာပါ။
ကာကြယ္ေရးဌာနမွာ Mark Esper ေနရာအတြက္ Miller ကို အခုလိုအခ်ိန္မ်ိဳးမွာ အစားထိုး ခန္႔အပ္ခဲ့တာနဲ႔ ပတ္သက္ၿပီး လက္ရွိနဲ႔ လက္ေဟာင္း စစ္ဘက္ဆိုင္ရာ အႀကီးတန္းအရာရွိေတြနဲ႔ ကၽြမ္းက်င္သူေတြက စိုးရိမ္ေၾကာင္း ေျပာၾကားခဲ့ၾကၿပီး ဒါဟာ အေမရိကန္ရဲ႕ စစ္ေရးမူဝါဒ ေျပာင္းလဲမႈေတြ အျမန္လုပ္လာႏိုင္သလို မတည္ၿငိမ္တဲ့ အေနထားမ်ိဳးေတြ ေပၚလာႏုိင္တယ္လုိ႔ သတိေပးၾကပါတယ္။
အယ္လ္ကိုင္းဒါးနဲ႔ တျခားအၾကမ္းဖက္အဖြဲ႔ေတြ ေျခကုပ္ယူလို႔မရေအာင္ မဟာမိတ္ေတြနဲ႔ လက္တြဲၿပီး အႏွစ္ ၂၀ နီးပါး တုိက္ေနတဲ့ အာဖဂန္စစ္ပြဲအတြက္ တာဝန္ခ်ထားတဲ့ အေမရိကန္တပ္သား ၄,၅၀၀ ေလာက္ကို သမၼတ Trump က ျပန္ေခၚယူခ်င္ေနတာအတြက္လည္း စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။
အခုလို အေမရိကန္တပ္ေတြ အာဖဂန္ကေန အျမန္ဖယ္ရွားေပးတာဟာ အႏၱရာယ္ႀကီးေၾကာင္းနဲ႔ ေျမျပင္လံုၿခံဳေရး အေျခေနေပၚ မူတည္ၿပီး တျဖည္းျဖည္း ေခၚယူဖို႔ သင့္တယ္လို႔လည္း ေျပာၾကားၾကပါတယ္။
သမၼတ Donald Trump က တနလၤာေန႔မွာ ဝန္ႀကီး Mark Esper ကို ႐ုတ္တရက္ ရာထူးက ဖယ္ရွားလိုက္ၿပီး အၾကမ္းဖက္ဝါဒ ေခ်မႈန္းေရးဆိုင္ရာ NCC ဌာန အႀကီးအကဲေဟာင္း Miller ကို ယာယီဝန္ႀကီးအျဖစ္ ခန္႔အပ္ခဲ့တာ ျဖစ္ပါတယ္။
-------------------------
(Unicode)
ကန်ကာကွယ်ရေးဝန်ကြီးသစ်ရဲ့ မူဝါဒ နားလည်ရခက်
သမ္မတ Donald Trump ရဲ့ သက်တမ်းကာလ နောက်ဆုံးသီတင်းပတ်တွေ အတွင်း ကာကွယ်ရေးဆိုင်ရာမူဝါဒ အကြီးအကျယ် အပြောင်းအလဲလုပ်မှာကို စိုးရိမ်နေကြချိန်မှာပဲ အမေရိကန်ဦးဆောင်တဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဌာန ယာယီဝန်ကြီး Christopher Miller ရဲ့ ဌာနဆိုင်ရာ ပထမဆုံး ထုတ်ပြန်တဲ့ စာထဲမှာ ရှေ့နောက်မညီတဲ့ သဘောတွေ တွေ့နေရပါတယ်။
သောကြာနေ့က ထုတ်ပြန်တဲ့ စာထဲမှာ ဒီစစ်ပွဲဟာ မပြီးဆုံးသေးကြောင်း ဖော်ပြထားသလို အယ်လ်ကိုင်းဒါးနဲ့ အပေါင်းအပါတွေကို ချေမှုန်းမှုဟာ ပြီးဆုံးလုနီး ဖြစ်နေပေမယ့် အရင်မဟာဗျူဟာထဲက မှားယွင်းမှုမျိုးကို ရှောင်ပြီး ပြီးဆုံးတဲ့အထိ တိုက်ရမှာဖြစ်ကြောင်း ပြောပါတယ်။
ဒါပေမယ့်လည်း နောက်တပိုဒ်မှာတော့ Mr. Miller က ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကိုယ်စွမ်းရှိသလောက် လုပ်ဆောင်ခဲ့ပြီး စိန်ခေါ်မှုတွေကို ချေမှုန်းနိုင်ပြီဖြစ်ကြောင်း၊ အခုအချိန်ဟာ တပ်သားတွေ အိမ်ပြန်လာရတော့မယ့် အချိန်ဖြစ်ကြောင်း ရေးသားထားတာပါ။
ကာကွယ်ရေးဌာနမှာ Mark Esper နေရာအတွက် Miller ကို အခုလိုအချိန်မျိုးမှာ အစားထိုး ခန့်အပ်ခဲ့တာနဲ့ ပတ်သက်ပြီး လက်ရှိနဲ့ လက်ဟောင်း စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိတွေနဲ့ ကျွမ်းကျင်သူတွေက စိုးရိမ်ကြောင်း ပြောကြားခဲ့ကြပြီး ဒါဟာ အမေရိကန်ရဲ့ စစ်ရေးမူဝါဒ ပြောင်းလဲမှုတွေ အမြန်လုပ်လာနိုင်သလို မတည်ငြိမ်တဲ့ အနေထားမျိုးတွေ ပေါ်လာနိုင်တယ်လို့ သတိပေးကြပါတယ်။
အယ်လ်ကိုင်းဒါးနဲ့ တခြားအကြမ်းဖက်အဖွဲ့တွေ ခြေကုပ်ယူလို့မရအောင် မဟာမိတ်တွေနဲ့ လက်တွဲပြီး အနှစ် ၂၀ နီးပါး တိုက်နေတဲ့ အာဖဂန်စစ်ပွဲအတွက် တာဝန်ချထားတဲ့ အမေရိကန်တပ်သား ၄,၅၀၀ လောက်ကို သမ္မတ Trump က ပြန်ခေါ်ယူချင်နေတာအတွက်လည်း စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
အခုလို အမေရိကန်တပ်တွေ အာဖဂန်ကနေ အမြန်ဖယ်ရှားပေးတာဟာ အန္တရာယ်ကြီးကြောင်းနဲ့ မြေပြင်လုံခြုံရေး အခြေနေပေါ် မူတည်ပြီး တဖြည်းဖြည်း ခေါ်ယူဖို့ သင့်တယ်လို့လည်း ပြောကြားကြပါတယ်။
သမ္မတ Donald Trump က တနင်္လာနေ့မှာ ဝန်ကြီး Mark Esper ကို ရုတ်တရက် ရာထူးက ဖယ်ရှားလိုက်ပြီး အကြမ်းဖက်ဝါဒ ချေမှုန်းရေးဆိုင်ရာ NCC ဌာန အကြီးအကဲဟောင်း Miller ကို ယာယီဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။