သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္လြတ္လပ္ေရးေန႔မွာ ျမန္မာဆိုင္ရာ ကန္သံအမတ္ႀကီး ျမန္မာ့ဒီမိုကေရစီေရး ဆုမြန္ေတာင္း


ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံအမတ္ႀကီး Thomas Vajda. (ဇူလုိင္ ၄၊ ၂၀၂၁။ Screenshot - US Embassy Rangoon Facebook)

(Zawgyi / Unicode)

ဒီကေန႔ ဇူလုိင္လ ၄ ရက္ေန႔မွာ က်ေရာက္တဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ လြတ္လပ္ေရးေန႔ အခါသမယမွာ ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံအမတ္ႀကီး Thomas Vajda က ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရး ျပန္လည္ရရွိပါေစလုိေၾကာင္း ဆုေတာင္းလုိက္ပါတယ္။

“ဒီကေန႔ ဇူလုိင္လ ၄ ရက္ေန႔မွာ အေမရိကန္ျပည္ေထာင္စုႀကီး ေမြးဖြားလာတဲ့ အထိမ္းအမွတ္အျဖစ္နဲ႔ လြတ္လပ္ေရးေန႔ကုိ အေမရိကန္ျပည္သူေတြ ဆင္ႏႊဲေနၾကပါတယ္။ လြတ္လပ္တဲ့ႏုိင္ငံအျဖစ္ ၁၇၇၆ ခုႏွစ္မွာ စတင္ ေၾကညာလုိက္တဲ့ အခ်ိန္ကစလုိ႔ ပုိမုိၿပီးျပည့္စုံတဲ့ ျပည္ေထာင္စုႀကီးတရပ္ ျဖစ္လာေရးဆုိတဲ့ ရည္မွန္းခ်က္ကုိ ဆက္လက္ အေကာင္အထည္ ေဖာ္ေဆာင္လာခဲ့ပါတယ္” လုိ႔ သံအမတ္ႀကီးက ေျပာပါတယ္။

ဒါ့အျပင္ ဒီမုိကေရစီဆုိတာဟာ ရဲရင့္မႈနဲ႔ မရပ္မနား ႀကိဳးပမ္းအားထုတ္မႈရဲ႕ ရလဒ္ျဖစ္ေၾကာင္း၊ အထူးသျဖင့္ စိန္ေခၚမႈေတြ ရင္ဆုိင္ေနရတဲ့ အခါမ်ဳိးမွာ ႀကံ့ႀကံ့ခံႏုိင္ဖုိ႔လည္း လုိအပ္ေၾကာင္း၊ ဒါကုိ ျမန္မာျပည္သူလူထုအေနနဲ႔ ေကာင္းေကာင္းသိရွိေနပါေၾကာင္း၊ ျမန္မာျပည္သူေတြဟာ သူတုိ႔လုိခ်င္တဲ့ ဒီမုိကေရစီနဲ႔ လြတ္လပ္မႈ အစစ္အမွန္ ရရွိေရးအတြက္ ေတာင္းဆုိရာမွာ ႀကီးမားတဲ့ စိန္ေခၚမႈေတြကုိ ရင္ဆုိင္ရင္း ခုိင္မာတဲ့ ဧရာမသႏၷိ႒ာန္ကုိ ဆက္လက္ျပသေနေၾကာင္း၊ ဒါေၾကာင့္ အေမရိကန္ေတြ လြတ္လပ္ေရးေန႔ ဆင္ႏႊဲေနတဲ့အခ်ိန္ ျပည္သူေတြအတြက္ ျပည္သူေတြက တင္ေျမႇာက္ထားတဲ့ ျပည္သူ႔အစုိးရဆုိတဲ့ အဓိပၸာယ္ကုိ ျပန္လည္ဆင္ျခင္ သုံးသပ္ေနခ်ိန္မွာ ျမန္မာျပည္သူျပည္သားေတြလည္း ဒီမုိကေရစီနဲ႔ အဓြန္႔ရွည္ တည္တံ့တဲ့ ၿငိမ္းခ်မ္းေရး ျပည္လည္ရရွိၾကပါေစလုိ႔ ဆုေတာင္းေပးပါေၾကာင္း အေမရိကန္ လြတ္လပ္ေရးေန႔မွာ သံအမတ္ႀကီး Thomas Vajda က ျမန္မာျပည္သူေတြအတြက္ ဆုေတာင္းေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ကန်လွတ်လပ်ရေးနေ့မှာ မြန်မာဆိုင်ရာ ကန်သံအမတ်ကြီး မြန်မာ့ဒီမိုကရေစီရေး ဆုမွန်တောင်း

ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas Vajda က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ပြန်လည်ရရှိပါစေလိုကြောင်း ဆုတောင်းလိုက်ပါတယ်။

“ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကြီး မွေးဖွားလာတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ လွတ်လပ်ရေးနေ့ကို အမေရိကန်ပြည်သူတွေ ဆင်နွှဲနေကြပါတယ်။ လွတ်လပ်တဲ့နိုင်ငံအဖြစ် ၁၇၇၆ ခုနှစ်မှာ စတင် ကြေညာလိုက်တဲ့ အချိန်ကစလို့ ပိုမိုပြီးပြည့်စုံတဲ့ ပြည်ထောင်စုကြီးတရပ် ဖြစ်လာရေးဆိုတဲ့ ရည်မှန်းချက်ကို ဆက်လက် အကောင်အထည် ဖော်ဆောင်လာခဲ့ပါတယ်” လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီဆိုတာဟာ ရဲရင့်မှုနဲ့ မရပ်မနား ကြိုးပမ်းအားထုတ်မှုရဲ့ ရလဒ်ဖြစ်ကြောင်း၊ အထူးသဖြင့် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ အခါမျိုးမှာ ကြံ့ကြံ့ခံနိုင်ဖို့လည်း လိုအပ်ကြောင်း၊ ဒါကို မြန်မာပြည်သူလူထုအနေနဲ့ ကောင်းကောင်းသိရှိနေပါကြောင်း၊ မြန်မာပြည်သူတွေဟာ သူတို့လိုချင်တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှု အစစ်အမှန် ရရှိရေးအတွက် တောင်းဆိုရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း ခိုင်မာတဲ့ ဧရာမသန္နိဋ္ဌာန်ကို ဆက်လက်ပြသနေကြောင်း၊ ဒါကြောင့် အမေရိကန်တွေ လွတ်လပ်ရေးနေ့ ဆင်နွှဲနေတဲ့အချိန် ပြည်သူတွေအတွက် ပြည်သူတွေက တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဆိုတဲ့ အဓိပ္ပာယ်ကို ပြန်လည်ဆင်ခြင် သုံးသပ်နေချိန်မှာ မြန်မာပြည်သူပြည်သားတွေလည်း ဒီမိုကရေစီနဲ့ အဓွန့်ရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ပြည်လည်ရရှိကြပါစေလို့ ဆုတောင်းပေးပါကြောင်း အမေရိကန် လွတ်လပ်ရေးနေ့မှာ သံအမတ်ကြီး Thomas Vajda က မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG