သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ လြတ္လပ္ေရးေန႔ အားလပ္ရက္ လူေပါင္း ၄၇ သန္း ခရီးထြက္ဖုိ႔ ခန္႔မွန္း


၂၀၁၈ ခုႏွစ္က က်င္းပခဲ့တဲ့ အေမရိကန္လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ မီး႐ွဴးမီးပန္း ပစ္ေဖာက္မႈကို ၾကည့္႐ႈေနသူအခ်ဳိ႕။ (ဇူလုိင္ ၄၊ ၂၀၁၈)

(Zawgyi / Unicode)

ဒီကေန႔ ဇူလိုင္လ ၄ ရက္ တနဂၤေႏြေန႔ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ လြတ္လပ္ေရးေန႔ ျဖစ္ပါတယ္။

အခု ၂၀၂၁ ခုႏွစ္ ဇူလိုင္လ ၄ ရက္ေန႔ အေမရိကန္ လြတ္လပ္ေရးေန႔ အခါသမယမွာ သမၼတ Joe Biden အစိုးရရဲ႕ ကို႐ုိနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး လုပ္ငန္းေတြ ေအာင္ျမင္မႈ ရေနေပမယ့္လို႔လည္း အေမရိကန္ျပည္ေထာင္စု အတြင္းက တခ်ိဳ႕ေဒသေတြမွာ ကာကြယ္ေဆးထိုးဖို႔ တုံ႔ဆိုင္းေနၾကသူေတြ မ်ားေနဆဲျဖစ္သလို ဗီဇေျပာင္းဗိုင္းရပ္စ္ ကူးစက္ေသဆံုးမႈ ဆက္ၿပီး ျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ လြတ္လပ္ေရးေန႔ အားလပ္ရက္နဲ႔ ယွဥ္ရင္ ဒီႏွစ္အတြင္း အားလပ္ရက္ ခရီးသြားသူ အေမရိကန္ ၄၇ သန္းေလာက္ ရွိမယ္လို႔ ခန္႔မွန္းထားၿပီး အရင္ႏွစ္နဲ႔ယွဥ္ရင္ ၄၀ ရာခိုင္ႏႈန္း တိုးလာတာ ျဖစ္ပါတယ္။

ဒီေႏြရာသီဟာဆိုရင္ အရင္ႏွစ္နဲ႔ယွဥ္ရင္ သိပ္ကို ကြာျခားပါတယ္လို႔ သမၼတ Joe Biden ေျပာခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္တုန္းကေတာ့ ဒုတိယတေက်ာ့ COVID-19 ကူးစက္မႈ တိုက္ဖ်က္ေနရတာေၾကာင့္ အေမရိကန္ေတြအေနနဲ႔ လြတ္လပ္ေရးေန႔ အခမ္းအနားေတြကို အျပည့္အဝ မက်င္းပႏုိင္ခဲ့ပါဘူး။

ဒီႏွစ္မွာေတာ့ အေျခအေန ေျပာင္းသြားပါၿပီ။ ျပည္ေထာင္စုအစိုးရက COVID-19 ကာကြယ္ေဆးသံုးမ်ိဳး အသံုးျပဳခြင့္ ေပးထားၿပီး ႏုိင္ငံတဝန္းမွာလည္း ကာကြယ္ေဆးထိုး လႈပ္ရွားမႈ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္လာတာေၾကာင့္ COVID-19 ေၾကာင့္ ေသဆံုးမႈက CDC အေမရိကန္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးဌာနရဲ႕ စာရင္းအရ ပ်မ္းမွ် တရက္ကို ၂၅၆ ေယာက္ႏႈန္းထိ က်ဆင္းသြားပါတယ္။

အဓိက အေျပာင္းအလဲေတြကေတာ့ ကာကြယ္ေဆးေတြ ရွိလာသလို COVID-19 လူနာေတြကို ဘယ္လိုကုရမလဲ ဆိုတာကိုလည္း နားလည္လာတာေၾကာင့္ ျဖစ္တယ္လို႔ ဗာဂ်ီးနီးယား တကၠသိုလ္ေဆး႐ုံ UVA က ေဒါက္တာ Taison Bell က ေျပာပါတယ္။

အခုအခ်ိန္ထိ အေမရိကန္ျပည္သူ ၅၄ ရာခိုင္ႏႈန္းက COVID-19 ကာကြယ္ေဆး အျပည့္အဝ ထုိးၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဇူလိုင္လ ၄ ရက္ေန႔ အေရာက္မွာ အရြယ္ေရာက္သူ အေမရိကန္ ၇၀ ရာခိုင္ႏႈန္း ကာကြယ္ေဆး ထိုးႏွံေရးဆိုတဲ့ သမၼတ Biden ရဲ႕ ရည္မွန္းခ်က္ကေတာ့ မျပည့္မီေသးပါဘူး။ အသက္ ၁၈ ႏွစ္ကေန ၂၆ ႏွစ္ၾကားအရြယ္ လူငယ္ေတြ ကာကြယ္ေဆးထိုးႏွံလာေရး ေဆာင္ရြက္ရတာက အသက္ ၂၆ ႏွစ္နဲ႔အထက္ လူေတြကို ကာကြယ္ေဆးထိုးႏွံလာေရး ေဆာင္ရြက္ရတာထက္ ပိုၿပီး ခက္ခဲေနတယ္လို႔လည္း အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Paski က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အမေရိကန် လွတ်လပ်ရေးနေ့ အားလပ်ရက် လူပေါင်း ၄၇ သန်း ခရီးထွက်ဖို့ ခန့်မှန်း

ဒီကနေ့ ဇူလိုင်လ ၄ ရက် တနင်္ဂနွေနေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

အခု ၂၀၂၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ အမေရိကန် လွတ်လပ်ရေးနေ့ အခါသမယမှာ သမ္မတ Joe Biden အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းတွေ အောင်မြင်မှု ရနေပေမယ့်လို့လည်း အမေရိကန်ပြည်ထောင်စု အတွင်းက တချို့ဒေသတွေမှာ ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းနေကြသူတွေ များနေဆဲဖြစ်သလို ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်သေဆုံးမှု ဆက်ပြီး ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့နှစ် လွတ်လပ်ရေးနေ့ အားလပ်ရက်နဲ့ ယှဉ်ရင် ဒီနှစ်အတွင်း အားလပ်ရက် ခရီးသွားသူ အမေရိကန် ၄၇ သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး အရင်နှစ်နဲ့ယှဉ်ရင် ၄၀ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

ဒီနွေရာသီဟာဆိုရင် အရင်နှစ်နဲ့ယှဉ်ရင် သိပ်ကို ကွာခြားပါတယ်လို့ သမ္မတ Joe Biden ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကတော့ ဒုတိယတကျော့ COVID-19 ကူးစက်မှု တိုက်ဖျက်နေရတာကြောင့် အမေရိကန်တွေအနေနဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို အပြည့်အဝ မကျင်းပနိုင်ခဲ့ပါဘူး။

ဒီနှစ်မှာတော့ အခြေအနေ ပြောင်းသွားပါပြီ။ ပြည်ထောင်စုအစိုးရက COVID-19 ကာကွယ်ဆေးသုံးမျိုး အသုံးပြုခွင့် ပေးထားပြီး နိုင်ငံတဝန်းမှာလည်း ကာကွယ်ဆေးထိုး လှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာတာကြောင့် COVID-19 ကြောင့် သေဆုံးမှုက CDC အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာနရဲ့ စာရင်းအရ ပျမ်းမျှ တရက်ကို ၂၅၆ ယောက်နှုန်းထိ ကျဆင်းသွားပါတယ်။

အဓိက အပြောင်းအလဲတွေကတော့ ကာကွယ်ဆေးတွေ ရှိလာသလို COVID-19 လူနာတွေကို ဘယ်လိုကုရမလဲ ဆိုတာကိုလည်း နားလည်လာတာကြောင့် ဖြစ်တယ်လို့ ဗာဂျီးနီးယား တက္ကသိုလ်ဆေးရုံ UVA က ဒေါက်တာ Taison Bell က ပြောပါတယ်။

အခုအချိန်ထိ အမေရိကန်ပြည်သူ ၅၄ ရာခိုင်နှုန်းက COVID-19 ကာကွယ်ဆေး အပြည့်အဝ ထိုးပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇူလိုင်လ ၄ ရက်နေ့ အရောက်မှာ အရွယ်ရောက်သူ အမေရိကန် ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံရေးဆိုတဲ့ သမ္မတ Biden ရဲ့ ရည်မှန်းချက်ကတော့ မပြည့်မီသေးပါဘူး။ အသက် ၁၈ နှစ်ကနေ ၂၆ နှစ်ကြားအရွယ် လူငယ်တွေ ကာကွယ်ဆေးထိုးနှံလာရေး ဆောင်ရွက်ရတာက အသက် ၂၆ နှစ်နဲ့အထက် လူတွေကို ကာကွယ်ဆေးထိုးနှံလာရေး ဆောင်ရွက်ရတာထက် ပိုပြီး ခက်ခဲနေတယ်လို့လည်း အိမ်ဖြူတော်ပြောခွင့်ရ Jen Paski က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG