သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားလေယာဉ်ပျက်ကျတဲ့နေရာ ကန်စုံစမ်းရေးအဖွဲ့စစ်ဆေး


လေယာဉ်ပျက်ကျတဲ့နေရာကို ဘိုရင်း လုပ်ငန်းက ကိုယ်စားလှယ်တွေ အပါအဝင် အမေရိကန် စုံစမ်းစစ်ဆေးရေး အဖွဲ့ကစုံစမ်းစစ်ဆေးနေစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၂၄)
လေယာဉ်ပျက်ကျတဲ့နေရာကို ဘိုရင်း လုပ်ငန်းက ကိုယ်စားလှယ်တွေ အပါအဝင် အမေရိကန် စုံစမ်းစစ်ဆေးရေး အဖွဲ့ကစုံစမ်းစစ်ဆေးနေစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၂၄)

တောင်ကိုရီးယား နိုင်ငံမှာ လူပေါင်း ၁၇၉ ဦး သေဆုံးခဲ့ရတဲ့ လေယာဉ် ပျက်ကျခဲ့တဲ့ နေရာမှာ ဘိုရင်း လုပ်ငန်းက ကိုယ်စားလှယ်တွေ အပါအဝင် အမေရိကန် စုံစမ်းစစ်ဆေးရေး အဖွဲ့က အင်္ဂါနေ့မှာ စစ်ဆေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ တောင်ကိုရီးယား အာဏာပိုင်တို့ကလည်း နိုင်ငံရဲ့ လေကြောင်းလိုင်းတွေမှာ အသုံးပြုနေတဲ့ ဘိုးရင်း 737-800 လေယာဉ် အားလုံးကို ဘေးကင်းမှု ရှိမရှိ စစ်ဆေးခဲ့ပါတယ်။

တောင်ကိုရီးယား ဘတ်ဂျက် လေကြောင်းလိုင်း Jeju Air က ပျံသန်းတဲ့ ဘိုရင်း 737-800 လေယာဉ် တနင်္ဂနွေနေ့က ပျက်ကျခဲ့တာမှာ လိုက်ပါလာသူ ၁၈၁ ဦးထဲမှာ ၂ ဦးသာ အသက်ရှင် လွတ်မြောက်ပြီး ကျန်တဲ့သူ အားလုံး သေဆုံးခဲ့ရတာပါ။ တောင်ကိုရီးယား အစိုးရကတော့ နိုင်ငံတွင်းမှာ ရှိတဲ့ ဘိုးရင်း 737-800 လေယာဉ် အစင်း ၁၀၁ စင်း အားလုံးကို ဘေးကင်း လုံခြံရေး စစ်ဆေးနေပါတယ်။

လေယာဉ်တွေရဲ့ ပျံသန်းမှုနဲ့ ထိန်းသိမ်းမှု တွေကို သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက စစ်ဆေးနေတာ ဖြစ်ပါတယ်။ အမေရိကန် စုံစမ်းစစ်ဆေးရေး အဖွဲ့မှာတော့ အဖွဲ့ဝင် ၈ ဦး ပါဝင်ပြီး လေယာဉ် ပျက်ကျရာ နေရာကို အင်္ဂါနေ့က စစ်ဆေးခဲ့ကြကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန် စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG