သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဗြိတိသျှသံရုံးတွေ အာဇာနည်နေ့ကို အမှတ်ရ ဂုဏ်ပြု


၇၇ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန် အမေရိကန်သံရုံးက Facebook စာမျက်နှာမှာ တင်ထားသည့်ပုံ (ဇူလိုင် ၁၉၊ ၂၀၂၄)
၇၇ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန် အမေရိကန်သံရုံးက Facebook စာမျက်နှာမှာ တင်ထားသည့်ပုံ (ဇူလိုင် ၁၉၊ ၂၀၂၄)

ဒီနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ လွန်ခဲ့တဲ့ ၇၇ နှစ်က တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီး ၉ ဦးကို အမှတ်ရ အောက်မေ့ ဂုဏ်ပြုပါကြောင်း ရန်ကုန် အမေရိကန်သံရုံး နဲ့ ဗြိတိသျှ သံရုံးတွေကလည်း ဒီကနေ့ အသီးအသီး ထုတ်ပြန် ပြောကပြပါတယ်။

ဒီနှစ်မှာပဲ တာဝန် ထမ်းဆောင်ဖို့ ရောက်နေတဲ့ အမေရိကန် သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင် ကိုယ်တိုင် တချိန်က မြန်မာဝန်ကြီးများရုံး အဆောက်အဦး ရှိရာကို သွားရောက်ဂါရဝ ပြုခဲ့တယ်လို့ ဒီကနေ့ အမေရိကန်သံရုံး ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကျဆုံးခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ ရဲ့ အဆုံးစွန် ပေးဆပ်ခဲ့တဲ့ စိတ်ဓါတ်ကို အမှတ်ရ ဆင်ခြင်မိသလို မြန်မာပြည်သားတိုင်း အမှတ်ရနေဖို့ ဆုမွန်ကောင်း တောင်းကြောင်း အမေရိကန်သံရုံးက ရေးသားထားပါတယ်။

အလားတူ ဗြိတိသျှ သံရုံးကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဏာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ကို မြန်မာပြည်သူတွေနဲ့ အတူ အောက်မေ့ ဂုဏ်ပြုပါကြောင်း နဲ့ စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ်တုန်းကလိုပဲ ခုချိန်မှာ အရပ်သားပြည်သူတွေ သတ်ဖြတ်ခံနေရတဲ့ အခြေအနေက ဘယ်လိုမှ လက်ခံနိုင်စရာ ကြောင်း ဒီကနေ့ ဗြိတိသျှသံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေး ဆန္ဒတွေ ပြည့်ဝလာတဲ့အထိ ဆက်လက် ကူညီ ပံ့ပိုးပေးသွားမယ့်အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံတဝန်းက နေရာတချို့မှာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ အတူ ကျင်းပခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG