သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားအရေး တရုတ်နဲ့ဆွေးနွေး


ဒေသတွင်း တည်ငြိမ်ရေး အပေါ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို အရေးယူ ဆောင်ရွက်ဖု့ိ လိုအပ်ချက်တွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် Yang Jiechi တို့ သဘောတူခဲ့ကြပါတယ်။

မနေ့ စနေနေ့ နှောင်းပိုင်းက နှစ်နိုင်ငံ ထိပ်တန်း သံတမန် နှစ်ဦးတို့ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြတာမှာတော့ နှစ်နိုင်ငံ အရေး၊ ဒေသတွင်းနဲ့ ကမ္ဘာ့အရေး နှစ်ဘက် စိုးရိမ်မှုတွေကို ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert က ပြောဆိုထားပါတယ်။

ကိုရီးယားကျွန်းဆွယ် နျူးကလီးယား ကင်းစင်ရေး အတွက် တရုတ် အနေနဲ့ အခိုင်အမာ ပိုင်းဖြတ်ထားကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင်Yang Jiechi နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo တို့ မနေ့ စနေနေ့ နှောင်းပိုင်း တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးမှုကို ရည်ညွှန်းပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Gang Shuang က အခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် Yang Jiechi နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ ကိုရီးယား ကျွန်းဆွယ်အရေး အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြတာမှာတော့ တရုတ်ရဲ့ ရပ်တည်ချက်၊ နောက် ကိုရီးယားကျွန်းဆွယ် နျူးကလီးယား ကင်းစင်ရမယ်ဆိုတာကို အခိုင်အမာ လက်ခံထားတဲ့ အကြောင်း၊ ကိုရီးယား ကျွန်းဆွယ်မှာ ငြိမ်းချမ်း တည်ငြိမ်မှုကို ထိန်းထားနိုင်ရေးနဲ့ ဆွေးနွေးညှိနှိုင်းမှုနဲ့ ပြသနာတွေ ဖြေရှင်းရေး တို့ကို အဓိက ထား ဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG