သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားအေပၚ စစ္ရာဇ၀တ္မႈ စြပ္စဲြခ်က္ အေမရိကန္ ပူးေပါင္းေဖာ္ထုတ္မည္


(Zawgyi / Unicode)
႐ုရွားတပ္ေတြဟာ စစ္ရာဇ၀တ္မႈေတြ က်ဳးလြန္ေနေၾကာင္း ယူကရိန္းေရွ႕ေနေတြရဲ႕ စြပ္စဲြခ်က္ေတြကို ေထာက္ခံေၾကာင္း ျပသတဲ့ အေနနဲ႔ အေမရိကန္ေရွ႕ေနခ်ဳပ္ Merrick Garland အဂၤါေန႔က ယူကရိန္းႏုိင္ငံကုိ သြားေရာက္ခဲ့ပါတယ္။
“စစ္ရာဇ၀တ္မႈေတြကို ကမာၻက ေတြ႕ျမင္ႏိုင္ဖို႔နဲ႔ ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြအတြက္ တာ၀န္ခံမႈရွိဖို႔ ယူကရိန္း တာ၀န္ရွိသူေတြရဲ႕ ႀကိဳးပမ္းမႈေတြကို အေမရိကန္က ကူညီႏိုင္ေအာင္ ယူကရိန္းအစိုးရ တရားလိုေရွ႕ေနခ်ဳပ္နဲ႔ ဆက္လက္ ေဆြးေႏြးဖို႔ လာခဲ့တာပါ” လို႔ အေမရိကန္ ေရွ႕ေနခ်ဳပ္က ေျပာသြားတာပါ။
ေရွ႕ေနခ်ဳပ္ Garland ဟာ ယူကရိန္းစစ္ပဲြအတြက္ ရုရွားက က်ဴးလြန္တယ္ဆုိတဲ႔ စစ္ရာ ဇ၀တ္မႈေတြနဲ႔ ပတ္သက္ၿပီး ဦးေဆာင္စုံစမ္းစစ္ေဆးေနတဲ့ ယူကရိန္းအစိုးရ တရားလိုေရွ႕ေနခ်ဳပ္ Iryan Venediktova နဲ႔ေတြ႔ဆုံပါတယ္။ လြန္ခဲ့တဲ့ ၄လနီးပါး ရုရွားစတင္က်ဴးေက်ာ္က တည္းက စစ္ရာဇ၀တ္က်ဴးလြန္မႈေပါင္း ၁၆၀၀၀ ေက်ာ္တုိင္တန္းမႈရွိတယ္လုိ႔ယူကရိန္း အစုိးရေရွ႕ေနေတြက ေျပာဆိုထားတာပါ။
ရုရွားကေတာ့ ယူကရိန္းစစ္ပဲြ အတြင္း အရပ္သားေတြကုိ ပစ္မွတ္ထား တုိက္ခုိက္တယ္ ဆိုတာကို ျငင္းဆိုထားပါတယ္။
ေရွ႕ေနခ်ဳပ္ Garland ဟာသတင္းေထာက္ေတြကုိေျပာၾကားရာမွာ ရုရွားရဲ႕ အေၾကာင္းမဲ့ မတရားက်ဴးေက်ာ္ခံရခ်ိန္မွာ အေမရိကန္ျပည္ေထာင္စု အေနနဲ႔ ယူကရိန္းျပည္သူ ေတြကုိ အျပည့္အ၀ အားေပးေထာက္ခံေၾကာင္း ျပသဖုိ႔ အတြက္ သူ႔အေနနဲ႔ လာေရာက္ခဲ့ တာျဖစ္တယ္လုိ႔ ေျပာဆုိခဲ့ပါတယ္။
အခုလုိ ရက္စက္ၾကမ္းၾကဳပ္မႈေတြကုိ က်ဴးလြန္ခဲ့သူေတြကုိ အေရးယူႏုိင္ဖုိ႔ကုိလည္း အေမရိကန္ျပည္ေထာင္စုနဲ႔ မဟာမိတ္ေတြ ျဖစ္ႏုိင္သမွ် နည္းလမ္းေတြနဲ႔ အားေပးကူညီ သြားမယ္လုိ႔လည္း အေမရိကန္ေရွ႕ေနခ်ဳပ္ Merrick Garland ကေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရုရှားအပေါ် စစ်ရာဇဝတ်မှု စွပ်စွဲချက် အမေရိကန် ပူးပေါင်းဖော်ထုတ်မည်

ရုရှားတပ်တွေဟာ စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေကြောင်း ယူကရိန်းရှေ့နေတွေရဲ့ စွပ်စွဲချက်တွေကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ အမေရိကန်ရှေ့နေချုပ် Merrick Garland အင်္ဂါနေ့က ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

“စစ်ရာဇဝတ်မှုတွေကို ကမ္ဘာက တွေ့မြင်နိုင်ဖို့နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိဖို့ ယူကရိန်း တာဝန်ရှိသူတွေရဲ့ ကြိုးပမ်းမှုတွေကို အမေရိကန်က ကူညီနိုင်အောင် ယူကရိန်းအစိုးရ တရားလိုရှေ့နေချုပ်နဲ့ ဆက်လက် ဆွေးနွေးဖို့ လာခဲ့တာပါ” လို့ အမေရိကန် ရှေ့နေချုပ်က ပြောသွားတာပါ။

ရှေ့နေချုပ် Garland ဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားက ကျူးလွန်တယ်ဆိုတဲ့ စစ်ရာ ဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဦးဆောင်စုံစမ်းစစ်ဆေးနေတဲ့ ယူကရိန်းအစိုးရ တရားလိုရှေ့နေချုပ် Iryan Venediktova နဲ့တွေ့ဆုံပါတယ်။ လွန်ခဲ့တဲ့ ၄လနီးပါး ရုရှားစတင်ကျူးကျော်က တည်းက စစ်ရာဇဝတ်ကျူးလွန်မှုပေါင်း ၁၆၀၀၀ ကျော်တိုင်တန်းမှုရှိတယ်လို့ယူကရိန်း အစိုးရရှေ့နေတွေက ပြောဆိုထားတာပါ။
ရုရှားကတော့ ယူကရိန်းစစ်ပွဲ အတွင်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ် ဆိုတာကို ငြင်းဆိုထားပါတယ်။

ရှေ့နေချုပ် Garland ဟာသတင်းထောက်တွေကိုပြောကြားရာမှာ ရုရှားရဲ့ အကြောင်းမဲ့ မတရားကျူးကျော်ခံရချိန်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ယူကရိန်းပြည်သူ တွေကို အပြည့်အ၀ အားပေးထောက်ခံကြောင်း ပြသဖို့ အတွက် သူ့အနေနဲ့ လာရောက်ခဲ့ တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အခုလို ရက်စက်ကြမ်းကြုပ်မှုတွေကို ကျူးလွန်ခဲ့သူတွေကို အရေးယူနိုင်ဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ အားပေးကူညီ သွားမယ်လို့လည်း အမေရိကန်ရှေ့နေချုပ် Merrick Garland ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG