သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ ကြားဖြတ်အစိုးရဖွဲ့ဖို့ကြေညာမှု ကန်ကြိုဆို


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် နုတ်ထွက်ရေးတောင်းဆိုသူတွေက ဒက္ကာမြို့မှာရှိတဲ့ နိုင်ငံ့ဖခင်ကြီး Sheikh Mujibur Rahman ရဲ့ရုပ်တုပေါ်တက်ပြီး ဖျက်စီးနေကြပုံ။ (သြဂုတ် ၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် နုတ်ထွက်ရေးတောင်းဆိုသူတွေက ဒက္ကာမြို့မှာရှိတဲ့ နိုင်ငံ့ဖခင်ကြီး Sheikh Mujibur Rahman ရဲ့ရုပ်တုပေါ်တက်ပြီး ဖျက်စီးနေကြပုံ။ (သြဂုတ် ၅၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြားဖြတ်အစိုးရတရပ်ဖွဲ့စည်းလိုက်တာကို အမေရိကန်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဝန်ကြီးချုပ်နုတ်ထွက်ပြီး ပြည်ပကိုတိမ်းရှောင်သွားခဲ့ပြီး တဲ့နောက် ဘင်္ဂလားဒေ့ရှ်မှာ ကြားဖြတ်အစိုးရဖွဲ့စည်းမယ်လို့ စစ်တပ်က ကြေညာလိုက်တာပါ။

ကြားဖြတ်အစိုးရဖွဲ့စည်းတဲ့နေရာမှာ အားလုံးပါဝင်ပြီး ဒီမိုကရေစီနည်းကျဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက တိုက်တွန်းပါတယ်။ အစိုးရအလုပ်အကိုင်နေရာအတွက် ခွဲတမ်းစနစ်ကိုမကျေနပ်တဲ့ကျောင်းသားတွေက ပြီးခဲ့တဲ့လမှာ စတင်ဆန္ဒပြရာက နောက်ပိုင်းမှာ ဝန်ကြီးချုပ်ဟာစီနာ ရာထူးကထွက်ဖို့တောင်းဆိုတဲ့အထိ ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရာထူးကို ၁၅ နှစ်တာရယူထားတဲ့ မစ္စ်ဟာစီနာဟာ ဇန်နဝါရီလကကျင်းပတဲ့ ရွေးကောက်ပွဲမှာပဲ​ စတုတ္ထသက်တမ်းကိုလည်း အနိုင်ရထားတာဖြစ်ပါတယ်။အစိုးရရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် နိုင်ငံတဝန်းက ဆန္ဒပြသူတရာနီးပါးသေဆုံးခဲ့ရပြီးနောက်တနေ့မှာပဲ အစိုးရရဲ့ ညမထွက်ရအမိန့်ကိုအာခံပြီး ဝန်ကြီးချုပ် နုတ်ထွက်သွားအောင် ဖိအားပေးတဲ့အနေနဲ့ သြဂုတ်လ ၅ ရက်နေ့မှာ မြို့တော်ဒါကာကို ဝိုင်းဝန်းချီတက်ကြဖို့ ကျောင်းသားတွေက တိုက်တွန်းခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက မတည်မငြိမ်အခြေအနေတွေကြောင့် အိန္ဒိယနိုင်ငံမှာလည်း ဝန်ကြီးချုပ် နရိန်ဒရာမိုဒီက အစိုးရကက်ဘိနက်ဝန်ကြီးတွေနဲ့ လုံခြုံရေးဆိုင်ရာအစည်းအဝေးတရပ်ကို သြဂုတ်လ ၅ ရက်နေ့မှာပဲ ခေါ်ယူကျင်းပခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ကြားဖြတ်အစိုးရဖွဲ့ဖို့ကြေညာမှု ကန်ကြိုဆို
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG