သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သက္တမ္းပထမႏွစ္ စိန္ေခၚမႈ နဲ႔ တိုးတက္မႈ သမၼတ Biden ရွင္းလင္း


သတင္းစာရွင္းလင္းပြဲအတြင္း ေတြ႔ရသည့္ သမၼတ Joe Biden (၁၉ ဇန္နဝါရီ ၂၀၂၂) (ဓာတ္ပံု - AP)

သက္တမ္းပထမႏွစ္ စိန္ေခၚမႈ နဲ႔ တိုးတက္မႈ သမၼတ Biden ရွင္းလင္း

{{Zawgyi/Unicode}}

အေမရိကန္သမတ Joe Biden အေနနဲ့သူ့ရဲ့ ပထမႏွစ္သမတသက္တမ္းအတြင္း အခက္အခဲ စိန္ေခၚမွုေတြနဲ့ႀကဳံခဲ့ရသလုိ တုိးတက္မွုေတြလည္းအမ်ားႀကီးရွိခဲ့တယ္လုိ့ ဗုဒၶဟူးေန့ကျပုလုပ္ခဲ့တဲ့ ၂၀၂၂ ခုႏွစ္ရဲ့ပထမဆုံးသတင္းစာရွင္းလင္းပဲြမွာ သမတ ဘုိင္ဒင္ကေျပာဆုိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အတြင္းေအာင္ျမင္မွုတခ်ိဳ့ကုိသမတက စတင္ေျပာၾကားခဲ့ရာမွာ၊ ကုိဗစ္ကာကြယ္ေဆးထုိးတဲ့သူ အေရအတြက္အမ်ားႀကီးတုိးလာခဲ့ေၾကာင္းနဲ့၊ အလုပ္လက္မဲ့ဦးေရ လည္းအမ်ားႀကီးေလ်ာ့က်ခဲ့တယ္လုိ့ေျပာဆုိခဲ့ပါတယ္။

ကုိဗစ္ကပ္ေရာဂါႀကီးစျဖစ္တဲ့အခ်ိန္ကတည္းက လုပ္ေဆာင္ခဲ့သင့္တဲ့ ကုိဗစ္ကူးစက္ခံရမွုရွိမရွိ စမ္းသပ္စစ္ေဆးတာေတြကုိ အခုအခါက်မွ ပုိမုိလုပ္ေဆာင္ႏုိင္ခဲ့တယ္လုိ့လဲေျပာဆုိပါတယ္။

ကုိဗစ္ကူးစက္မွုရွိမရွိ အိမ္မွာကုိယ္တုိင္စစ္ေဆးႏုိင္တဲ့ ေဆးပစၥည္းအြန္လုိင္းကေန အခမဲ့ေ၀တာကုိ သမတ ဘုိင္ဒင္အစုိးရက ဗုဒၶဟူးေန့မွာတရား၀င္စတင္ခဲ့ပါတယ္။

သမတဘုိင္ဒင္ရဲ့ သတင္းစာရွင္းလင္းပဲြမွာ အဓိက က႑ႏွစ္ခုပါ၀င္ခဲ့ပါတယ္။ တခုက ကြန္ဂရက္လႊတ္ေတာ္မွာ ရပ္တန့္ေနတဲ့ သူ့ရဲ့အသုံစားရိတ္ေတာင္းခံမွုေတြနဲ့့၊ ေနာက္တခုကေတာ့ အေမရိကားမွာေရာ၊ တကမၻာလုံးမွာပါ ေျဗာင္းဆန္ေနတဲ့ ကုိဗစ္ကပ္ေရာဂါနဲ့ ဆုိင္တဲ့အပုိင္းေတြျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္းက အာဖဂန္နစ္စတန္ကေန အေမရိကန္တပ္ေတြ ကေသာင္းကနင္းနဲ့ဆုတ္ခြါခဲ့ၿပီးေနာက္ သမတ ဘိုင္ဒင္ေပၚေထာက္ခံမွုေတြက်ဆင္း လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းကထုတ္ျပန္ခဲ့တဲ့ Quinnipiac တကၠသုိလ္ ရဲ့ေလ့လာစမ္းစစ္မွုအရ သူကုိေထာက္ခံသူဟာ ၄ဝ ရာႏွုန္းေက်ာ္ေလာက္သာရွိၿပီး၊ စြမ္းေဆာင္မွုညံဖ်င္းတယ္လုိ့ ဆုိသူ ၃၃ ရာႏွုန္းရွိတယ္လုိ့ေဖၚျပခဲ့ပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္

သက်တမ်းပထမနှစ် စိန်ခေါ်မှု နဲ့ တိုးတက်မှု သမ္မတ Biden ရှင်းလင်း

{{Unicode}}

အမေရိကန်သမတ Joe Biden အနေနဲ့သူ့ရဲ့ ပထမနှစ်သမတသက်တမ်းအတွင်း အခက်အခဲ စိန်ခေါ်မှုတွေနဲ့ကြုံခဲ့ရသလို တိုးတက်မှုတွေလည်းအများကြီးရှိခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ သမတ ဘိုင်ဒင်ကပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းအောင်မြင်မှုတချို့ကိုသမတက စတင်ပြောကြားခဲ့ရာမှာ၊ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူ အရေအတွက်အများကြီးတိုးလာခဲ့ကြောင်းနဲ့၊ အလုပ်လက်မဲ့ဦးရေ လည်းအများကြီးလျော့ကျခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကြီးစဖြစ်တဲ့အချိန်ကတည်းက လုပ်ဆောင်ခဲ့သင့်တဲ့ ကိုဗစ်ကူးစက်ခံရမှုရှိမရှိ စမ်းသပ်စစ်ဆေးတာတွေကို အခုအခါကျမှ ပိုမိုလုပ်ဆောင်နိုင်ခဲ့တယ်လို့လဲပြောဆိုပါတယ်။

ကိုဗစ်ကူးစက်မှုရှိမရှိ အိမ်မှာကိုယ်တိုင်စစ်ဆေးနိုင်တဲ့ ဆေးပစ္စည်းအွန်လိုင်းကနေ အခမဲ့ဝေတာကို သမတ ဘိုင်ဒင်အစိုးရက ဗုဒ္ဓဟူးနေ့မှာတရားဝင်စတင်ခဲ့ပါတယ်။

သမတဘိုင်ဒင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဓိက ကဏ္ဍနှစ်ခုပါဝင်ခဲ့ပါတယ်။ တခုက ကွန်ဂရက်လွှတ်တော်မှာ ရပ်တန့်နေတဲ့ သူ့ရဲ့အသုံစားရိတ်တောင်းခံမှုတွေနဲ့၊ နောက်တခုကတော့ အမေရိကားမှာရော၊ တကမ္ဘာလုံးမှာပါ ဗြောင်းဆန်နေတဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ဆိုင်တဲ့အပိုင်းတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက အာဖဂန်နစ်စတန်ကနေ အမေရိကန်တပ်တွေ ကသောင်းကနင်းနဲ့ဆုတ်ခွါခဲ့ပြီးနောက် သမတ ဘိုင်ဒင်ပေါ်ထောက်ခံမှုတွေကျဆင်း လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကထုတ်ပြန်ခဲ့တဲ့ Quinnipiac တက္ကသိုလ် ရဲ့လေ့လာစမ်းစစ်မှုအရ သူကိုထောက်ခံသူဟာ ၄၀ ရာနှုန်းကျော်လောက်သာရှိပြီး၊ စွမ်းဆောင်မှုညံဖျင်းတယ်လို့ ဆိုသူ ၃၃ ရာနှုန်းရှိတယ်လို့ဖေါ်ပြခဲ့ပါတယ်။

XS
SM
MD
LG