သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသွားလာသူမှန်သမျှ နှာခေါင်းစည်းတပ်ဖို့ ကန် CDC စည်းကမ်းချက်ထုတ်ပြန်


နယူးယောက်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေသူတဦး။ (မတ် ၁၂၊ ၂၀၂၀)
နယူးယောက်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေသူတဦး။ (မတ် ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွါးမှု တိုက်ဖျက်ဖို့ ကြိုးစားမှု အစိတ်အပိုင်းတခုအဖြစ်နဲ့ နိုင်ငံတွင်း ဘယ်လိုပုံစံနဲ့ သွားလာတာမျိုးပဲဖြစ်ဖြစ် နှာခေါင်းစည်း မတပ်မနေရ စည်းကမ်းသတ်မှတ်ချက်ကို အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုဌာန (CDC) က သောကြာနေ့ညနေမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီကန့်သတ်ချက်အမိန့်ဟာ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် တနင်္လာနေ့ည သန်းခေါင်ယံမှာ စတင်မှာဖြစ်ပါတယ်။ ဒီကန့်သတ်မှုအရ ဘယ်လို ယာဉ်အမျိုးအစားနဲ့ဖြစ်ဖြစ် အမေရိကန်နိုင်ငံကို လာရောက်သူတွေ ဒါမှမဟုတ် နိုင်ငံတွင်း ခရီးသွားသူတွေအတွက် ယာဉ်အတွင်းနဲ့ အတက်အဆင်း လုပ်ချိန်တွေမှာ နှာခေါင်းစည်းတပ်ဖို့ လိုအပ်သလို နိုင်ငံတွင်း ခရီးသွားလာတဲ့ ဘူတာရုံ၊ အဝေးပြေးဂိတ်လို နေရာတွေ အားလုံးမှာလည်း နှာခေါင်းစည်း တပ်ဆင်ဖို့ လိုအပ်ပါတယ်။

အမေရိကန် သယ်ယူပို့ဆောင်ရေး စနစ်တခုလုံးမှာ နှာခေါင်းစည်း တပ်ဆင်တာကို လိုအပ်ချက်အနေနဲ့ ပြဋ္ဌာန်းတာဟာ အမေရိကန်နိုင်ငံသား အားလုံးကို အကာအကွယ်ပေးဖို့ ဖြစ်သလို ဒီကပ်ရောဂါ ကာလအတွင်းမှာတောင် စိတ်ချလက်ချ ခရီးပြန်သွားနိုင်ပြီလို့ ယုံကြည်မှု ရှိလာစေဖို့ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ စောင့်ကြည့်လေ့လာနေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းအရ စနေနေ့မှာပဲ ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူ ၁၀၂ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ကူးစက်သူ ၂၆ သန်းနီးပါးနဲ့ အများဆုံးဖြစ်ပြီး အိန္ဒိယက ၁၁ သန်းနီးပါးနဲ့ ဒုတိယအများဆုံး၊ ဘရာဇီးလ်က ကူးစက်သူ ၉ သန်းကျော်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)







XS
SM
MD
LG