သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Assad အစိုးရကို ပံ့ပိုးတဲ့ ဆီးရီးယားလုပ်ငန်းရှင်ကို ကန်အရေးယူ 


ဆီးရီးယား နိုင်ငံမှာ Damascus က Four Seasons ဟော်တယ်
ဆီးရီးယား နိုင်ငံမှာ Damascus က Four Seasons ဟော်တယ်

ဆီးရီးယား နိုင်ငံမှာ Damascus က Four Seasons ဟော်တယ် ဆောက်လုပ်တာ အပါအဝင် အဆင့်မြင့်လုပ်ငန်းကြီးတွေ လုပ်ကိုင်နေတဲ့ စက်မှုလုပ်ငန်းရှင် Samer Foz ဟာ ဆီးရီးယားသမ္မတ Bashar al-Assad ကို ပိုချမ်းသာအောင် လုပ်ပေးနေတယ်လို့ စွပ်စွဲပြီး အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ အရေးယူဒဏ်ခတ် ကြောင်း ကြေညာလိုက်ပါတယ်။

Samer Foz ဟာ အာဏာရှင် Assad အစိုးရကို တိုက်ရိုက်ပံ့ပိုးမှု ရှိနေကြောင်းနဲ့ သူဟာ Assad အစိုးရရဲ့ ရက်စက်မှုကြောင့် ထွက်ပြေးကြသူတွေရဲ့ မြေတွေကို ခိုးယူပြီး ဇိမ်ခံအဆောက်အဦးတွေ ဆောက်ပေးနေကြောင်း အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းထောက်လှန်းရေးဌာန လက်ထောက် ဘဏ္ဍာရေးဝန်ကြီး Sigal Mandelker က ကြေညာချက်မှာ ပြောကြားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက Foz နဲ့ သူ့ရဲ့ Aman Holding Company ပိုင်ဆိုင်မှု အားလုံးကို အမည်မည်းစာရင်း သွင်းခဲ့တာပါ။ ဒီအထဲမှာ Four Seasons ဟော်တယ်လည်း ပါဝင်ပါတယ်။ ဒီဟော်တယ်ဟာ ဆီးရီးယားမှာ တာဝန်ကျတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေ အခြေစိုက်ရာနေရာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အရေးယူမှုကနေ Foz ရဲ့ အမေရိကန်နိုင်ငံတွင်း ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ်မှာ ဖြစ်တဲ့အပြင် အမေရိကန်ကနေ တဆင့် ငွေးကြေး ဆက်သွယ်မှု ဒါမှမဟုတ် သူ့ပိုင်အားလုံး အတွက် ထိန်းချုပ်မှာ ဖြစ်ပါတယ်။ Foz ဟာ အမေရိကန် အရေးယူ ဒဏ်ခတ်မှုချထားတဲ့ အီရန်ဆီက ရေနံကို ဆီးရီးယားကို တင်ပို့နေတာ ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

Assad အစိုးရကို ပံ့ပိုးတဲ့ ဆီးရီးယားလုပ်ငန်းရှင်ကို ကန်အရေးယူ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG