အေမရိကန္မွာ မူလတန္းအရြယ္ ကေလးေတြ ကိုဗစ္အားျဖည့္ေဆးထိုးဖို႔ FDA ခြင့္ျပဳ
{{Zawgyi/Unicode}}
အသက္ ၅ ႏွစ္ကေန ၁၁ ႏွစ္အရြယ္ က်န္းမာေရး ေကာင္းတဲ့ ကေလးငယ္ေတြကို ကိုဗစ္ေရာဂါ ကာကြယ္ေဆး အားျဖည့္ေဆး ေနာက္တလုံးထိုးဖို႔ အေမရိကန္ က်န္းမာေရး တာ၀န္ရွိသူေတြက အဂၤါေန႔မွာပဲ ခြင့္ျပဳလိုက္ပါတယ္။
ကာကြယ္ေဆး ဒုတိယတလုံးထိုးၿပီး ၅ လအၾကာ မူလတန္းအရြယ္ ကေလးေတြ Pfizer ကုမၸဏီထုတ္ ကာကြယ္ေဆး ထိုးႏွံႏိုင္ေၾကာင္း အေမရိကန္ အစားအစာနဲ႔ ေဆးဝါး ကြပ္ကဲေရးဌာန (FDA) က ခြင့္ျပဳလိုက္တာပါ။
မူလတန္းအရြယ္ ကေလးေတြကို အားျဖည့္ေဆးထိုးဖို႔ FDA က ခြင့္ျပဳလိုက္ေပမဲ့၊ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန (CDC) ရဲ႕ ေထာက္ခံခ်က္ကို ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။ CDC က ပညာရွင္ေတြ ၾကာသပေတးေန႔မွာ ေတြ႕ဆုံေဆြးေႏြးၿပီး ဆုံးျဖတ္ခ်က္ ခ်မယ္လို႔လည္း ခန္႔မွန္းရပါတယ္။
အေမရိကန္မွာ အသက္ ၁၂ ႏွစ္အထက္ ကေလးေတြကိုလည္း အားျဖည့္ေဆး ေနာက္တလုံးထိုးဖို႔ ခြင့္ျပဳထားၿပီး၊ အသက္ ၅၀ နဲ႔ အထက္ကိုလည္း အားျဖည့္ေဆး ဒုတိယတလုံးထိုးဖို႔ ခြင့္ျပဳထားတာပါ။
အေမရိကန္မွာ ကေလးေတြအတြက္ Pfizer နဲ႔ BioNTech ကုမၸဏီတို႔ ပူးတဲြထုတ္လုပ္တဲ့ ကာကြယ္ေဆးကိုသုံးဖို႔ ခြင့္ျပဳထားၿပီး၊ အသက္ ၅ ႏွစ္ကေန ၁၁ ႏွစ္အရြယ္ ကေလးေတြကိုေတာ့ ၁၂ ႏွစ္နဲ႔အထက္ ကေလးေတြအတြက္ အသုံးျပဳတဲ့ ေဆးပမာဏရဲ႕ ၃ ပုံ ၁ ပုံကို ထိုးေပးေနတာ ျဖစ္ပါတယ္။
အရြယ္ေရာက္သူေတြအတြက္ ကိုဗစ္ေရာဂါဟာ ပိုၿပီး အႏၲရာယ္ရွိေပမဲ့ ငယ္ရြယ္သူေတြမွာလည္း ေရာဂါျပင္းထန္တတ္ပါတယ္။ အေမရိကန္မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ အသက္ ၅ ႏွစ္ကေန ၁၁ ႏွစ္ၾကား ကေလး ၃၅၀ ေက်ာ္ ရွိေၾကာင္းလည္း CDC က သတင္းထုတ္ျပန္ထားပါတယ္။
..............................................................
အမေရိကန်မှာ မူလတန်းအရွယ် ကလေးတွေ ကိုဗစ်အားဖြည့်ဆေးထိုးဖို့ FDA ခွင့်ပြု
{{Zawgyi/Unicode}}
အသက် ၅ နှစ်ကနေ ၁၁ နှစ်အရွယ် ကျန်းမာရေး ကောင်းတဲ့ ကလေးငယ်တွေကို ကိုဗစ်ရောဂါ ကာကွယ်ဆေး အားဖြည့်ဆေး နောက်တလုံးထိုးဖို့ အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေက အင်္ဂါနေ့မှာပဲ ခွင့်ပြုလိုက်ပါတယ်။
ကာကွယ်ဆေး ဒုတိယတလုံးထိုးပြီး ၅ လအကြာ မူလတန်းအရွယ် ကလေးတွေ Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေး ထိုးနှံနိုင်ကြောင်း အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးဌာန (FDA) က ခွင့်ပြုလိုက်တာပါ။
မူလတန်းအရွယ် ကလေးတွေကို အားဖြည့်ဆေးထိုးဖို့ FDA က ခွင့်ပြုလိုက်ပေမဲ့၊ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) ရဲ့ ထောက်ခံချက်ကို စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ CDC က ပညာရှင်တွေ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက် ချမယ်လို့လည်း ခန့်မှန်းရပါတယ်။
အမေရိကန်မှာ အသက် ၁၂ နှစ်အထက် ကလေးတွေကိုလည်း အားဖြည့်ဆေး နောက်တလုံးထိုးဖို့ ခွင့်ပြုထားပြီး၊ အသက် ၅၀ နဲ့ အထက်ကိုလည်း အားဖြည့်ဆေး ဒုတိယတလုံးထိုးဖို့ ခွင့်ပြုထားတာပါ။
အမေရိကန်မှာ ကလေးတွေအတွက် Pfizer နဲ့ BioNTech ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်တဲ့ ကာကွယ်ဆေးကိုသုံးဖို့ ခွင့်ပြုထားပြီး၊ အသက် ၅ နှစ်ကနေ ၁၁ နှစ်အရွယ် ကလေးတွေကိုတော့ ၁၂ နှစ်နဲ့အထက် ကလေးတွေအတွက် အသုံးပြုတဲ့ ဆေးပမာဏရဲ့ ၃ ပုံ ၁ ပုံကို ထိုးပေးနေတာ ဖြစ်ပါတယ်။
အရွယ်ရောက်သူတွေအတွက် ကိုဗစ်ရောဂါဟာ ပိုပြီး အန္တရာယ်ရှိပေမဲ့ ငယ်ရွယ်သူတွေမှာလည်း ရောဂါပြင်းထန်တတ်ပါတယ်။ အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေး ၃၅၀ ကျော် ရှိကြောင်းလည်း CDC က သတင်းထုတ်ပြန်ထားပါတယ်။