သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ကိုဗစ္ကူးစက္မႈလႈိင္း ေနာက္တႀကိမ္ ႀကဳံရဖြယ္ရွိ


ကြန္နက္တီကပ္ျပည္နယ္က ေဆး႐ုံတခုမွာ ကိုဗစ္ကူးစက္ခံ လူနာကို ျပဳစုေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဇန္နဝါရီ ၁၈၊ ၂၀၂၂)

(Zawgyi / Unicode)

အေမရိကန္မွာ ကိုဗစ္ပိုးေတြ႔မႈသစ္ ျပန္တက္လာေနၿပီး လာမယ့္သီတင္းပတ္ေတြအတြင္း လိႈင္းတခုျဖစ္လာႏိုင္တယ္လို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းလိုက္ပါတယ္။

ဒီအပတ္ထဲမွာ ပ်မ္းမွ်ျခင္းအားျဖင့္ ေန႔စဥ္ပိုးေတြ႔သူသစ္ ၄၀,၀၀၀ နီးပါးရွိခဲ့ၿပီး ဒါက အရင္ႏွစ္ပတ္ ပ်မ္းမွ် ေန႔စဥ္ေတြ႔ႏႈန္း ၃၀,၀၀၀ ေက်ာ္ထက္ အမ်ားႀကီး ျမင့္တက္သြားတယ္လို႔ Johns Hopkins တကၠသိုလ္က ထုတ္ျပန္ထားပါတယ္။

John Hopkins တကၠသိုလ္က ကူးစက္ေရာဂါဆိုင္ရာ ကၽြမ္းက်င္သူ Dr. Stuart Campbell Ray က ဒီ ျမင့္မားလာမယ့္ ကိုဗစ္ေတာင္က ဘယ္ေလာက္အထိ ျမင့္မယ္ဆိုတာေတာ့ မသိႏိုင္ေသးဘူးလို႔ ဆိုပါတယ္။

ဒါေပမဲ့ ကူးစက္ေရာဂါကၽြမ္းက်င္သူ အမ်ားစုကေတာ့ အရင္တေခါက္ Omicron စစခ်င္း လိႈင္းေလာက္ေတာ့ ႏိုင္ငံတဝန္းက လူေတြကို အႀကီးအက်ယ္ မပ်ံ႕သြားႏိုင္ဘူးလို႔ေတာ့ ခန္႔မွန္းေနၾကပါတယ္။

ဒါေပမဲ့လည္း ႏိုင္ငံတဝန္းကိုေတာ့ ပိုးကူးစက္သြားမွာျဖစ္ၿပီး ေဆး႐ုံတက္ရႏႈန္းေတြ ျမင့္တက္လာႏိုင္တာအျပင္ အရင္လိႈင္းရဲ႕ ေလးပံုတပံုေလာက္ေတာ့ ရွိသြားႏိုင္တယ္လို႔ Scripps သုေတသနဌာန အႀကီးအကဲ Dr. Eric Topol က ဆိုပါတယ္။

အခုလို အမ်ားႀကီး လိႈင္းမတက္ႏိုင္တာကလည္း ကာကြယ္ေဆးထိုးတာ မ်ားလာတာနဲ႔ အရင္ ကိုဗစ္ျဖစ္ခဲ့တာ မ်ားခဲ့တာေတြကေန ကိုယ္ခံအား အရင္ကထက္ တက္လာတာေၾကာင့္ပါလို႔ ဒီကၽြမ္းက်င္သူေတြက သံုးသပ္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

အမေရိကန်မှာ ကိုဗစ်ကူးစက်မှုလှိုင်း နောက်တကြိမ် ကြုံရဖွယ်ရှိ

အမေရိကန်မှာ ကိုဗစ်ပိုးတွေ့မှုသစ် ပြန်တက်လာနေပြီး လာမယ့်သီတင်းပတ်တွေအတွင်း လှိုင်းတခုဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းလိုက်ပါတယ်။

ဒီအပတ်ထဲမှာ ပျမ်းမျှခြင်းအားဖြင့် နေ့စဉ်ပိုးတွေ့သူသစ် ၄၀,၀၀၀ နီးပါးရှိခဲ့ပြီး ဒါက အရင်နှစ်ပတ် ပျမ်းမျှ နေ့စဉ်တွေ့နှုန်း ၃၀,၀၀၀ ကျော်ထက် အများကြီး မြင့်တက်သွားတယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။

John Hopkins တက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Dr. Stuart Campbell Ray က ဒီ မြင့်မားလာမယ့် ကိုဗစ်တောင်က ဘယ်လောက်အထိ မြင့်မယ်ဆိုတာတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ကူးစက်ရောဂါကျွမ်းကျင်သူ အများစုကတော့ အရင်တခေါက် Omicron စစချင်း လှိုင်းလောက်တော့ နိုင်ငံတဝန်းက လူတွေကို အကြီးအကျယ် မပျံ့သွားနိုင်ဘူးလို့တော့ ခန့်မှန်းနေကြပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတဝန်းကိုတော့ ပိုးကူးစက်သွားမှာဖြစ်ပြီး ဆေးရုံတက်ရနှုန်းတွေ မြင့်တက်လာနိုင်တာအပြင် အရင်လှိုင်းရဲ့ လေးပုံတပုံလောက်တော့ ရှိသွားနိုင်တယ်လို့ Scripps သုတေသနဌာန အကြီးအကဲ Dr. Eric Topol က ဆိုပါတယ်။

အခုလို အများကြီး လှိုင်းမတက်နိုင်တာကလည်း ကာကွယ်ဆေးထိုးတာ များလာတာနဲ့ အရင် ကိုဗစ်ဖြစ်ခဲ့တာ များခဲ့တာတွေကနေ ကိုယ်ခံအား အရင်ကထက် တက်လာတာကြောင့်ပါလို့ ဒီကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

XS
SM
MD
LG