သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် Chevron ကုမ္ပဏီ မြန်မာလုပ်ငန်းတွေ ဆက်လက်ပိုင်ဆိုင်နေ


Chevron ကုမ္ပဏီတံဆိပ်
Chevron ကုမ္ပဏီတံဆိပ်

လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်က မြန်မာနိုင်ငံကနေလုပ်ငန်းတွေ ရုပ်သိမ်းထွက်ခွါတော့မယ်လို့ ကြေညာခဲ့တဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron က အခုထိ နိုင်ငံတွင်းမှာ လုပ်ငန်းပိုင်ဆိုင်မှုတွေရှိနေသေးတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချပြီး မြန်မာနိုင်ငံက လုပ်ငန်းတွေထွက်ခွါမယ်လို့ Chevron စွမ်းအင်ကုမ္ပဏီ ကပြောဆိုခဲ့တာပါ။ ဒါပေမဲ့ Chevron က နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ ကမ်းလွန် ရေနံဓာတ်ငွေ့လုပ်ငန်း တစိတ်တပိုင်းအပါအဝင် ပိုင်ဆိုင်မှုတွေဆက်ရှိနေသေးတယ်လို့ ပြောပါတယ်။

Chevron က ၂၀၂၂ ဇန်နဝါရီတုန်းက မြန်မာနိုင်ငံကနေ ထွက်ခွါမယ်လို့ ပြောခဲ့တာပါ။ ၂၀၂၃ ဖေဖော်ဝါရီလမှာ မြန်မာ့ ရတနာဓာတ်ငွေ့တွင်းရဲ့ အစုရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို ကနေဒါနိုင်ငံ MTI စွမ်းအင်ကုမ္ပဏီကို ရောင်းချဖို့ သဘောတူထားကြောင်းပြောပါတယ်။ ဒါပေမဲ့ ကုမ္ပဏီက မြန်မာနိုင်ငံထဲ ပိုင်ဆိုင်မှုတွေဆက်ရှိနေသေးတဲ့ အကြောင်း ရိုက်တာသတင်းကို ဒီတပတ်ထဲပြောပါတယ်။ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရုပ်သိမ်းသွားဖို့ အစီအစဉ်တကျဆောင်ရွက်နေကြောင်း ကုမ္ပဏီပြောခွင့်ရက ပြောပေမယ့် ဘယ်အချိန်ထွက်ခွါမယ်ဆိုတာနဲ့ ကုမ္ပဏီကို ရောင်းချဖို့ အခက်အခဲတစုံတရာရှိ၊ မရှိဆိုတာကို အသေးစိတ်ပြောကြားတာ မရှိပါဘူး။

တချိန်ထဲမှာပဲမြန်မာ့ရေနံ နဲ့ ဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ ပတ်သက်ဆက်နွယ်မှုတွေကို ကန့်သတ်အရေးယူမှုတရပ်ကို အမေရိကန်ပြည်ထောင်စုက ဒီသီတင်းပတ်ထဲ ချမှတ်ခဲ့ပါတယ်။ လုံးဝ ပိတ်ဆို့အရေးယူမှုမျိုးမဟုတ်ပေမယ့် အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကိုပဲ ကန့်သတ်တားမြစ်လိုက်တာဖြစ်ပြီး၊ ဒီအရေးယူမှုဟာ ဒီဇင်ဘာ ၁၅ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

XS
SM
MD
LG