သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ စစ်တွေ မွတ်ဆလင်ဒုက္ခသည်စခန်းလေ့လာ


ကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ စစ်တွေကိုရောက်လာစဉ် (U Nyi Pu)
ကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ စစ်တွေကိုရောက်လာစဉ် (U Nyi Pu)

မြန်မာပြည်ကို ၂ရက်ကြာရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Jeffrey Alan Merkley ဦးဆောင်တဲ့ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီး စစ်တွေမြို့က အောင်မင်္ဂလာရပ်ကွက်ကို သွားရောက် လေ့လာခဲ့ပါတယ်။ အမေရိ ကန် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အနေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်လိုွှ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ မီဒီယာတွေကရတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီးတော့ ဆွေးနွေးသွားတာ ဖြစ် ပြီး ရခိုင်ပြည်နယ်တွင်း အခြေအနေမှန်ကို လေ့လာသွားတာမရှိဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြော ခွင့်ရသူက ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့် ခိုင်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုတွေ ရပ်တန့်ဖို့အပါ အ ဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို စုံစမ်းလေ့လာဖို့အတွက် အမေရိကန် အထက် လွှတ်တော်အမတ် Jeffrey Alan Merkley ဦးဆောင်တဲ့ အမေရိကန် လွှတ်တော် ကိုယ်စား လှယ်များအဖွဲ့ဟာ မြန်မာပြည်ကို ၂ရက်ကြာ ရောက်ရှိနေတာပါ။

အမေရိကန် လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ဟာ ဒီကနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အပါအဝင် အ ရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီး စစ်တွေမြို့က မွတ်ဆလင်တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ရပ်ကွက်ကို သွားရောက် လေ့လာခဲ့ပါတယ်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်တွင်း အခြေအနေမှန်ကို လေ့ လာဖို့ သေချာအချိန်ယူသင့်ပြီး အောင်မင်္ဂလာရပ်ကွက်တခုတည်း လေ့လာသွားတာမျိုး မဖြစ်သင့်ဘူး လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

"သူတို့အနေနဲ့ ဒါကတော့ နိုင်ငံတကာက ရရှိတဲ့ သတင်းတွေ ၊ Social Media က ရရှိတဲ့ သတင်းတွေ နောက်တခါ ဘင်္ဂလားဒေ့ရှ်ကို သွားပြီးတော့ ကြည့်ရှုခဲ့တယ်ဆိုတဲ့ သူတို့ အတွေ့အကြုံတွေပေါ့။ ဒါတွေကို အခြေခံပြီးတော့ ဆွေးနွေးသွားတာ ဖြစ်နိုင်ရင်တော့ သူတို့ အချိန်နည်းနည်းယူသင့်တယ်။ အချိန်ယူပြီးတော့ ဒီ ရခိုင်ပြည်နယ်မှာ တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို သူတို့ ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့ပြီးတော့ ခံစားစေချင်တယ်။ ဒီရခိုင်ပြည်နယ်မှာ လာပြီးတော့ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို ကျနော်တို့ ဒီအကြမ်းဖက် တိုက်ခိုက်ခံရတဲ့နေရာတွေကို သူတို့မသွားဘူး။ သွားကြည့်လိုက်ရင် သူတို့တွေ့မှာပါ ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်တွေကို ခုနပြောတဲ့ ရက်ရက်စက်စက်လုပ်ခဲ့တဲ့ ကိစ္စတွေကို ဒီ အောင်မင်္ဂလာရပ်ကွက် ထက်ပိုပြီးတော့ ဆိုးရွားတဲ့ ဖြစ်ရပ်တွေ အများကြီးရှိပါတယ်။"

အမေရိကန် လွှတ်တော်ကိုယ်စားများအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံချိန်မှာ ရခိုင် ပြည် နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ က ဆွေးနွေးသွားတာပါ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေကတော့ အမေရိကန် လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့သလိုမျိုး ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ဒေသနဲ့ ဒေသခံတွေရဲ့ အခြေအနေကိုလည်း သွား ရောက် လေ့လာသင့်တယ်လို့ ဆိုပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေကိုပဲသွားကြည့်တယ် ဘင်္ဂလားဒေ့ရှ်ဘက်က ပြောစကားကိုပဲနားထောင်တယ်၊ သူတို့က တဖက်ပဲ ကြည့်တာကို ။ သူတို့က နိုင်ငံတကာက ရရှိတဲ့ မီဒီယာ သတင်းတွေ ၊ နောက်တခု NGO တွေက ရေးထားတဲ့ Report တွေ ဒီဟာတွေကို ဖတ်ပြီးတော့ အခြေခံပြီးတော့ ဒီမှာလာပြီးတော့လည်း ဒီ မွတ်စလင်ရပ်ကွက်တခုကိုပဲ သွားကြည့်ပြီးတော့ ခုနပြောသလို အဖြစ်တွေ ဆိုးလှပါပြီဆိုပြီးတော့ သုံးသပ်တာကတော့ တဖက်သတ် ဆန်လွန်းအားကြီးတယ်။ ခုနပြောသလို တကယ်လက်တွေ့ ခံစားရတဲ့ ကျနော်တို့ တိုင်းရင်းသားကျေးရွာတွေမှာလည်း ရှိပါတယ်။ ဒီဟာတွေကို သွားပြီးတော့ လေ့လာသင့်တယ်။ ဒီလို ၂ ဖက်လေ့လာ လိုက်တဲ့အခါမှပဲ သူတို့အခြေအနေမှန်ကိုသိမယ်။ "

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟာ သူတို့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အပြီး ဒီကနေ့ ညနေမှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ရှိနေပြီး မနက်ဖြန် နိုဝင်ဘာ ၂၁ရက်နေ့မှာတော့ သူတို့ရဲ့ ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟာ မြန်မာပြည်ခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုသွားရောက်လေ့လာခဲ့ပြီး ရခိုင်ပြည်နယ်တွင်းက ထွက်ပြေးလာတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကိစ္စ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ် သက်လို့လည်း ချီးကျူးခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့လည်း မကြာခင် ရက်ပိုင်း အတွင်း မြန်မာပြည်ကို လာရောက်ဖို့ရှိနေပြီး သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးနဲ့ ပတ်သတ်တဲ့ သဘောတူ စာချုပ်ကို မြန်မာဘက်က လက်မှတ်ထိုးဖို့ မေ ျှာ်လင့်ကြောင်း ပြောကြားထားတာလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG