သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပို့ရေး သဘောတူညီချက် မကြာခင်ရဖို့ ဘင်္ဂလားဒေ့ရှ်မျှော်လင့်


ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များ
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များ

ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေတာမှာ နှစ်ဘက် နားလည်မှု ရလုနီးပါး ရှိနေပြီဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး Abul Hasan Mahmood Ali ရဲ့ ASEM အာရှ - ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ ခရီးစဉ်အတွင်း သဘောတူညီချက် ရနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေက ပြောပါတယ်။

နေပြည်တော်မှာ တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ကျင်းပမယ့် ASEM အာရှ - ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲတက်ဖို့သွားရင်း ဒုက္ခသည်တွေ ပြန်ပို့ရေးကိစ္စ မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဝန်ကြီး Ali ဟာ ဒုက္ခသည်တွေ အရေး ASEM စည်းဝေးပွဲ ပြင်ပမှာ မြန်မာ အာဏာပိုင်တွေနဲ့ သီးခြား တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား မကြာခင်မှာ ပူးတွဲ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်ကြောင်း ဒါကာမြို့မှာ ရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံစဉ် ဝန်ကြီး Ali ရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ASEM စည်းဝေးပွဲတက်ဖို့အတွက် ဝန်ကြီး Ali ဟာ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့ညနေက ထွက်ခွာသွားပြီ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel တို့ ရခိုင်ပြည်နယ် ရောက်ရှိ (U Nyi Pu )
အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel တို့ ရခိုင်ပြည်နယ် ရောက်ရှိ (U Nyi Pu )

ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့တဲ့ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel တို့ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို တနင်္ဂနွေနေ့ညက ရောက်သွားကြတာမှာ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ကြိုဆိုခဲ့ပါတယ်။

သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို သူူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG