သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအမျိုးသမီးတွေကို စစ်တပ်က မုဒိမ်းကျင့်ကြောင်း ကုလသမဂ္ဂ စွပ်စွဲ


 ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီးများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီးများ

ရခိုင်ပြည်နယ်က မွတ်စလင်လူနည်းစုတွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ဖြစ်ရပ်အတွင်း ရိုဟင်ဂျာအမျိုးသမီးတွေကို မြန်မာ စစ်သားတွေက အစီအစဉ်တကျ ပစ်မှတ်ထားပြီးတော့ ဝိုင်းပြီးမုဒိမ်းကျင့်တာတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂ အထူးသံတမန်တဦးက တနင်္ဂနွေနေ့မှာပြောလိုက်ပါတယ်။

လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Patten ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသကိုသွားပြီးတဲ့နောက် အဲဒီလိုပြောလိုက်တာပါ။ Cox’s Bazar ဒေသမှာ ရိုဟင်ဂျာဒုက္ခသည် ၆၁၀,၀၀၀ လောက်ရှိနေတယ်လို့ ကုလသမဂ္ဂကပြောထားပါတယ်။

အဲဒီ ဆိုးသွမ်းရက်စက်မှုအများအပြားဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအဆင့်ထိ ရောက်နိုင်တယ်လို့ မစ္စ Patten က ပြောပါတယ်။

မုဒိမ်းကျင့်ခံရတဲ့ ထိတ်လန့်ဖွယ်အဖြစ်အပျက်တွေကို ကြားခဲ့ရပါတယ်၊ မုဒိမ်းကျင့်ခံရတာရဲ့ အကျိုးဆက်အနေနဲ့ အမျိုးသမီးနဲ့ မိန်းကလေးအများအပြား သေဆုံးခဲ့ကြရပါတယ်လို့ မစ္စ Patten က Dhaka မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီလို လိင်ပိုင်းအကြမ်းဖက်တာတွေကို မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေက ညွှန်ကြား စီစဉ်ပြီး ကျူးလွန်ခဲ့ကြတယ်လို့လဲ ဆိုပါ တယ်။ စစ်သားအများအပြားက ဝိုင်းပြီး မုဒိမ်းကျင့်တာ၊ လူမြင်ကွင်းမှာ အတင်းအကျပ် ကိုယ်လုံးတီးချွတ်ခိုင်းတာ၊ အရှက်ရ အောင်လုပ်တာနဲ့ စစ်ဘက်ကဖမ်းထားချိန်အတွင်း လိင်ကျွန်လုပ်ခိုင်းတာတွေအပါအဝင် လိင်ပိုင်းအကြမ်းဖက်မှု ပုံသဏ္ဌာန်တွေကို ထွက်ပြေးလာသူတွေဆီကနေ တသမတ်တည်း ကြားခဲ့ရပါတယ်လို့ မစ္စ Patten ကပြောပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူတွေထဲမှာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ရခိုင်ပြည်နယ်က တခြားလူမျိုးစုတွေနဲ့ဖွဲ့ထား တဲ့ ပြည်သူ့စစ်တွေလဲပါတယ်လို့ အထူးကိုယ်စားလှယ်ကပြောပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာဟာ လူတွေအမြောက်အများ ထွက်ပြေးရတာရဲ့ အဓိကအကြောင်းတခုဖြစ်ပြီး ရိုဟင်ဂျာတွေ ကို ဝိုင်းပြီး သုတ်သင်ရှင်းလင်းတဲ့ အခြေအနေအောက်မှာ ဖြစ်ခဲ့တာလို့ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Patten ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG