သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအကြမ်းဖက်ခံရမှု ဒေါ်စုပြောဖို့ U2 တိုက်တွန်း


မြန်မာနိုင်ငံတွင်းကနေ ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ အကြမ်းဖက်မှုတွေကို မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆန့်ကျင် ပြောဆိုဖို့ အိုင်းရစ် ရော့ဂီတ အဖွဲ့ U2 က တိုက်တွန်းလိုက်ပါတယ်။

သြဂုတ်လ အတွင်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ နောက်ပိုင်း ဘင်္ဂလားဒေရှ့်ဘက်ကို မူဆလင် ၆ သိန်းကျော် ထွက်ပြေးရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးကြပ်မှုအောက်မှာ ရိုဟင်ဂျာတွေ ရက်ရက်စက်စက် ဖိနှိပ်ခံနေရတာကြောင့် စိတ်ထိခိုက် ခံစားရတယ်လို့လည်း မနေ့ စနေနေ့ U2 ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း U2 အဖွဲ့က ဝေဖန်ပါတယ်။ မြန်မာ စစ်အစိုးရ လက်ထက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျခံရတဲ့ ကာလတလျှောက် သူမ လွတ်မြောက်ရေး အတွက် U2 အဖွဲ့က တောက်လျှောက် ရပ်တည် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG