သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ အမည်မသုံးဖို့ ကတ်သလစ်ရဟန်းအမတ် တိုက်တွန်း


ရန်ကုန် ကက်သလစ် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘို
ရန်ကုန် ကက်သလစ် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘို

ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ဒီလနှောင်းပိုင်း ပထမဆုံးအကြိမ် မြန်မာပြည်ခရီးစဉ်မှာ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေမှာ အငြင်းပွားစရာ ဖြစ်နေရတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို မသုံးနှုန်းဖို့ ရန်ကုန် ကက်သလစ် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘို ကတိုက်တွန်းလိုက်ပါတယ်။

"အချေအတင် ပြောစရာလည်းဖြစ်၊ စစ်တပ်၊ အစိုးရနဲ့ မြန်မာလူထုကလည်း လက်မခံတဲ့ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို မသုံးဖို့ တိုက်တွန်းထားတဲ့အကြောင်း "ကာဒီနယ် ချားလ်စ်မောင်ဘိုက Reuters သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းက ကင်းစခန်း ၃၀ လောက်ကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ရှင်းလင်းရာက နောက်ဆက်တွဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေးတဲ့အထိ ဖြစ်ခဲ့တဲ့အပေါ် စိုးရိမ်ပူပမ်တဲ့ သဘောထားတွေ ပြောဆိုထားတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒီကိစ္စကို အလေးထား ပြောဆိုမယ်လို့ မျှော်လင့်နေကြပါတယ်။

ရန်ကုန် ကက်သလစ် ကာဒီနယ် ချားလ်စ်မောင်ဘို ကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကပါ လိုလိုလားလား မရှိကြသလို၊ နိုင်ငံသားဖြစ်ခွင့်လည်း မရကြတဲ့ သူတွေအပေါ် လူ့ဂုဏ်သိက္ခာနဲ့အညီ ပြုမူဆက်ဆံကြဖို့၊ လူသားအချင်းချင်း စာနာမှုနဲ့ အကူအညီပေးဖို့ ကိစ္စတွေကိုတော့ ပုပ်ရဟန်းမင်းကြီးက ပြောဆိုလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီး Francis ရဲ့ နိုဝင်ဘာ ၂၆ ကနေ ၃၀ အထိ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေကို တွေ့ဆုံဖို့ စီစဉ်ထားပြီး၊ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာတော့ ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

ရိုဟင်ဂျာ အမည်မသုံးဖို့ ကတ်သလစ်ရဟန်းအမတ် တိုက်တွန်း
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG