သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် သုံးပုံတပုံအတွက် အထူးစောင့်ရှောက်မှုလိုအပ်


မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် သန်းဝက်ကျော်ထဲမှာ သုံးပုံတပုံဟာ အထူးကူညီထောက်ပံ့မှု တွေ လိုအပ်နေတယ်လို့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR က ကောက်ယူတဲ့ စစ်တမ်းတခုမှာ တွေ့ရပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ကတည်းကဆိုရင် မြန်မာနိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည် ၆၁၁,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေ ကြတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ UNHCR ဌာနချုပ်ရှိရာ ဂျီနီဗာကနေ Lisa Schlein ပို့ထားတဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

Cox’s Bazar ဒေသက Kutupalong ဒုက္ခသည်စခန်းမှာ UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးကော်မရှင်တို့ ပူးပေါင်းပြီး ဒီစစ်တမ်းကို ကောက်ယူခဲ့တာပါ။

ဒုက္ခသည်လူဦးရေပေါင်း ၅၁၈,၀၀၀ နီးပါး၊ အိမ်ထောင်စုပေါင်း ၁၂၀,၀၀၀ ကျော်တို့ရဲ့ အချက်အလက်တွေကို ဝန်ထမ်း ၁၀၀ ကျော်နဲ့ တအိမ်တက်ဆင်း ကောက်ယူခဲ့တာလို့ UNHCR ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို အစောဆုံးရောက်လာသူတွေထဲက အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်တယ်လို့ UNHCR ပြောခွင့်ရအမျိုးသမီး Duniya Aslam Khan ကပြောပါတယ်။

ဒုက္ခသည်တွေရဲ့ အားနည်းချက်ကို ဆန်းစစ်ဖို့နဲ့ ဘယ်လိုအကူအညီတွေ အလိုအပ်ဆုံးလဲ ဆိုတာကို သိရဖို့ ဒီစစ်တမ်းကို ကောက် ယူဖို့ ဆုံးဖြတ်ခဲ့တာလို့ မစ္စ Khan က ဗွီအိုအေ ကိုပြောပါတယ်။

“ကောက်ယူထားသမျှ အချက်အလက်တွေအရ အမျိုးသားတဦးဦးရဲ့ ထောက်ပံ့မှုမရှိဘဲ အမျိုးသမီးကပဲ အိမ်ထောင်ဦးစီး လုပ်နေ ရတဲ့မိသားစု အတော်များများ ရှိပါတယ်။ မွေးချင်းတွေကို ထိန်းပေးနေရတဲ့ ကလေးငယ်တွေရှိပါတယ်။ ငယ်ရွယ်တဲ့ မိသားစုဝင် တွေ အသတ်ခံရလို့ ဒါမှမဟုတ် တကွဲစီဖြစ်နေလို့ အထောက်အပံ့ပေးမယ့်လူမရှိတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေရှိပါတယ်။”

လူအများအပြားဟာ ခန္ဓာကိုယ်ချို့ယွင်းမှု အမျိုးမျိုးခံစားနေရပြီး ကလေးငယ်အများ အပြားဟာ သူတို့မိသားစုတွေနဲ့ ကွဲကွာနေ တယ်လို့ မစ္စ Khan ကပြောပါတယ်။ အဲဒီလူတွေအားလုံးဟာ အသက်ကယ် အထူးကူညီထောက်ပံ့မှုတွေ လိုအပ်မှာဖြစ် တယ်လို့ လဲပြောပါတယ်။

ကောက်ယူရရှိတဲ့ အချက်အလက်တွေကို အစိုးရတာဝန်ရှိသူတွေနဲ့ အကူအညီပေး အဖွဲ့အစည်းတွေ အားလုံးဆီကို ပေးပို့သွားမယ် လို့ ပြောခွင့်ရ Khan ကပြောပါတယ်။ ဒီအချက်အလက်တွေကို ဆန်းစစ်သုံးသပ်တာကနေ အကူအညီပေးအဖွဲ့တွေအနေနဲ့ သူတို့ အကူအညီတွေကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုပေးမလဲဆိုတာ သိနိုင်မှာဖြစ်တယ်လို့ UNHCR ပြောခွင့်ရ Duniya Aslam Khan ကပြောပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG