သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေနဲ့ ဒေသခံတွေကိုကူညီဖို့ ဂျာမနီကတိပြု


 ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel က Cox’s Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို တနင်္ဂနွေနေ့က သွားရောက်စဉ်
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel က Cox’s Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို တနင်္ဂနွေနေ့က သွားရောက်စဉ်

ဂျာမနီနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဒေသခံ လူမှုအသိုင်းအဝိုင်းတွေကို အကူအညီတွေ ထပ်ပေးဖို့ ကတိပြုကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဟာ ဆွီဒင်နဲ့ ဂျပန်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို တနင်္ဂနွေနေ့က သွားရောက်ခဲ့တာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေ အရေး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေမှာ ဂျာမနီအနေနဲ့ ပိုပြီး ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်လိုကြောင်း ပြောကြားလိုက်သလို ဒုက္ခသည်တွေ သူတို့ရဲ့ ဘဝတွေ ပြန်လည် ထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကို ပြန်ခွင့် ရသင့်ကြောင်းလည်း ပြောပါတယ်။

ဒီခရီးစဉ်အတွင်း ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini နဲ့ အမေရိကန် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဟာလည်း ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံတကာ ကိုယ်စားလှယ် အဖွဲ့ဟာ ဘင်္ဂဘားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နဲ့ မြို့တော် ဒါကာမှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ တနင်္လာနေ့ စတင်မယ့် ASEM အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကို တက်ဖို့အတွက် ဒေသတွင်းကို ရောက်နေကြတဲ့ နိုင်ငံတကာ အစိုးရတွေက တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံကို မသွားခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG