သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် တန်ပြန်ထောက်လှမ်းရေးမဟာဗျူဟာ အိမ်ဖြူတော်ထုတ်ပြန်


အမေရိကန် အမျိုးသားတန်ပြန်ထောက်လှမ်းရေးမဟာဗျူဟာကို အတည်ပြုလုက်မှတ်ထိုးလိုက်တဲ့ သမ္မတ Joe Biden
အမေရိကန် အမျိုးသားတန်ပြန်ထောက်လှမ်းရေးမဟာဗျူဟာကို အတည်ပြုလုက်မှတ်ထိုးလိုက်တဲ့ သမ္မတ Joe Biden

အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားတန်ပြန်ထောက်လှမ်းရေး မဟာဗျူဟာကို သမ္မတဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။ ရုရှား၊ တရုတ်၊ အီရန် နဲ့ မြောက်ကိုရီးယားတို့ဟာ ပြဿနာနိုင်ငံတွေဖြစ်ကြတယ်လို့ ဒီမဟာဗျူဟာက ပြောပါတယ်။ အထူးသဖြင့် ရုရှားနဲ့တရုတ်တို့ဟာ အရေးအကြီးဆုံး ထောက်လှမ်းရေးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ကိုအနှောင့်အယှက်ပေးဖို့ သူတို့အချင်းချင်းရော၊ တခြားနိုင်ငံတွေနဲ့ပါပေါင်းပြီး ရန်စတဲ့လုပ်ရပ်တွေ တိုးလို့ လုပ်လာနေတယ်လို့ မဟာဗျူဟာစာတမ်းမှာ ဆိုထားပါတယ်။ တရုတ်၊ ရုရှားနဲ့အီရန် ထောက်လှမ်းရေးလှုပ်ရှားမှုတွေဟာ မသိလိုက်ဘဲ လှုပ်ရှားနိုင်ကြတာကိုလည်း စာတမ်းက သတိပေးထားပါတယ်။

အထူးသဖြင့် ကူးသန်းရောင်းဝယ်ရေးအဖွဲ့အစည်းတွေဟာ ပိုပြီး အရေးပါပါ စွမ်းဆောင်နိုင်တဲ့အခန်းကဏ္ဍကနေ ပါဝင်လာကြတယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေရဲ့ စနစ်တွေထဲ ထိုးဖောက်ဝင်ရောက်ဖို့ နည်းပညာကိုလည်း ပိုမို အသုံးပြုလာကြတာကို ထောက်ပြပါတယ်။ လာမယ့်သမ္မတရွေးကောက်ပွဲမှာ စွက်ဖက်ဖို့အတွက် ရုရှားဟာ ရုရှားပုဂ္ဂလိကကုမ္ပဏီတွေကို အထူးသဖြင့် အသုံးပြုဖို့ကြိုးစားနေတယ်လို့လည်း ဒီအပတ်အစောပိုင်းမှာ အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG