{{Zawgyi/Unicode}}
ျမန္မာ့အေရးအပါအ၀င္ ႏိုင္ငံတကာ လူ႔အခြင့္အေရးကိစၥေတြမွာ ႏႈတ္ဆိတ္ေနတာဟာ တာ၀န္မကင္းဘူးလို႔ အေမရိကန္သမၼတ Joe Biden ကေျပာလိုက္ပါတယ္။ ကမာၻေပၚမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ ျပႆနာေတြ ေပၚေပါက္ေနတဲ့ ႏိုင္ငံေတြ အျဖစ္နဲ႔လည္း ျမန္မာႏိုင္ငံကို ထည့္သြင္းေျပာဆိုခဲ့တာပါ။
“ရွန္ဂ်န္ေဒသမွာ ဝီဂါေတြကို အဓမၼခိုင္းေစတာ၊ ဖိႏွိပ္တာ၊ ျမန္မာႏိုင္ငံမွာ စစ္အာဏာပိုင္ေတြက ႐ိုဟင္ဂ်ာေတြအေပၚ ျပဳမူဆက္ဆံတာ၊ အီသီယိုပီးယားႏိုင္ငံ ေျမာက္ပိုင္းမွာ လူေတြ အထိတ္တလန္႔ျဖစ္ေအာင္ အငတ္ေဘးနဲ႔ လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္မႈေတြ အပါအ၀င္ ဖိႏွိပ္မႈေတြ အႀကီးအက်ယ္ ျဖစ္ပြားေနပါတယ္။” လို႔ ေသာၾကာေန႔က ကြန္နက္တိကပ္ တကၠသိုလ္ မိန္႔ခြန္းမွာ သမၼတဘိုင္ဒင္ ထည့္သြင္းေျပာဆိုသြားတာပါ။
လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ ေျပာဆိုၾကရမွာျဖစ္ၿပီး၊ ႏႈတ္ဆိတ္ေနမယ္ဆိုရင္ လူူ႔အခြင့္အေရး ခ်ဳိးေဖာက္သူေတြနဲ႔ အလိုတူ၊ အလိုပါ ျဖစ္လိမ့္မယ္လို႔လည္း ေျပာပါတယ္။
အာဏာရွင္ အုပ္စိုးမႈေတြဟာ အမွန္တရားကို ဖ်က္ဆီးရာက စတင္တယ္ဆိုတာကို ေမ့မထားၾကဖို႔လည္း သမၼတက ေျပာသြားပါတယ္။ သူ႔အစိုးရရဲ႕ ႏိုင္ငံျခားေရးရာ မူဝါဒေတြမွာ လူ႔အခြင့္အေရးကိစၥကို အဓိက ဦးစားေပး ထည့္သြင္းထားေၾကာင္းလည္း သမၼတ ဘိုင္ဒင္က ေျပာဆိုသြားခဲ့ပါတယ္။
................................
{{Unicode}}
မြန်မာ့အရေးအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးကိစ္စတွေမှာ နှုတ်ဆိတ်နေတာဟာ တာဝန်မကင်းဘူးလို့ အမေရိကန်သမ္မတ Joe Biden ကပြောလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေ ပေါ်ပေါက်နေတဲ့ နိုင်ငံတွေ အဖြစ်နဲ့လည်း မြန်မာနိုင်ငံကို ထည့်သွင်းပြောဆိုခဲ့တာပါ။
“ရှန်ဂျန်ဒေသမှာ ဝီဂါတွေကို အဓမ္မခိုင်းစေတာ၊ ဖိနှိပ်တာ၊ မြန်မာနိုင်ငံမှာ စစ်အာဏာပိုင်တွေက ရိုဟင်ဂျာတွေအပေါ် ပြုမူဆက်ဆံတာ၊ အီသီယိုပီးယားနိုင်ငံ မြောက်ပိုင်းမှာ လူတွေ အထိတ်တလန့်ဖြစ်အောင် အငတ်ဘေးနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ အပါအဝင် ဖိနှိပ်မှုတွေ အကြီးအကျယ် ဖြစ်ပွားနေပါတယ်။” လို့ သောကြာနေ့က ကွန်နက်တိကပ် တက္ကသိုလ် မိန့်ခွန်းမှာ သမ္မတဘိုင်ဒင် ထည့်သွင်းပြောဆိုသွားတာပါ။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုကြရမှာဖြစ်ပြီး၊ နှုတ်ဆိတ်နေမယ်ဆိုရင် လူူ့အခွင့်အရေး ချိုးဖောက်သူတွေနဲ့ အလိုတူ၊ အလိုပါ ဖြစ်လိမ့်မယ်လို့လည်း ပြောပါတယ်။
အာဏာရှင် အုပ်စိုးမှုတွေဟာ အမှန်တရားကို ဖျက်ဆီးရာက စတင်တယ်ဆိုတာကို မေ့မထားကြဖို့လည်း သမ္မတက ပြောသွားပါတယ်။ သူ့အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေမှာ လူ့အခွင့်အရေးကိစ္စကို အဓိက ဦးစားပေး ထည့်သွင်းထားကြောင်းလည်း သမ္မတ ဘိုင်ဒင်က ပြောဆိုသွားခဲ့ပါတယ်။