(Zawgyi / Unicode)
အေမရိကန္ ဆိုင္ဘာလုံုၿခံဳေရး က်ဳိးေပါက္မႈႀကီးနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာဌာနေတြရဲ႕ တင္ျပခ်က္ကို နားေထာင္ခဲ့ရတဲ့ လႊတ္ေတာ္အမတ္ေတြက ဒါဟာ ႐ုရွားလက္ခ်က္ဆိုတာ ခုခ်ိန္ထိရထားတဲ့ အေထာက္အထားေတြ အားလံုးက ျပေနတယ္လုိ႔ သတိေပးၿပီး လက္တံု႔ျပန္ဖို႔ ေတာင္းဆိုၾကပါတယ္။
ဒီ ဆိုင္ဘာလံုၿခံဳေရး က်ဳိးေပါက္မႈမွာ အစိုးရဌာနေတြေရာ ပုဂၢလိကက႑ပါ ထိခိုက္ခဲ့တာပါ။
ဆိုင္ဘာ ထြင္းေဖာက္ဝင္ေရာက္မႈရဲ႕ ပမာဏဟာ မူလကထင္ထားတာထက္ အမ်ားႀကီး ပိုႀကီးမားႏုိင္ဖြယ္ရွိတယ္လို႔ ဆိုင္ဘာလံုၿခံဳေရးဆိုင္ရာ တာဝန္ရွိသူေတြက သတိေပးၿပီးတဲ့ေနာက္ ရီပတ္ဘလစ္ကန္နဲ႔ ဒီမိုကရက္ ပါတီႏွစ္ရပ္စလံုးက လႊတ္ေတာ္အမတ္ေတြရဲ႕ ေတာင္းဆိုခ်က္ ထြက္လာတာပါ။
"ဒါဟာ တတိယေဆာ့ဖ္ဝဲ အပိုင္းအစတခုကိုသံုးၿပီး အေမရိကန္အစိုးရရဲ႕ ကြန္ျပဴတာစနစ္ထဲမွာ Code ေတြထည့္သြင္းဖို႔ ထင္ရွားတဲ့ ႀကိဳးပမ္းခ်က္တခုပါပဲ" လို႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo က The Mark Levin ႐ုပ္သံအစီအစဥ္မွာ ေသာၾကာေန႔က ေျပာခဲ့တဲ့အေၾကာင္း AFP သတင္းဌာနရဲ႕ သတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။
ေထာက္လွမ္းေရးဆိုင္ရာ အထက္လႊတ္ေတာ္ေကာ္မတီ ယာယီဥကၠ႒ Marco Rubio က "ဆိုင္ဘာတိုက္ခိုက္မႈရဲ႕ အတိုင္းအတာပမာဏ အျပည့္အဝကို မသိရေသးေပမယ့္လည္း ဒီေလာက္အတိုင္းအတာ ပမာဏမ်ဳိး ဘယ္တုန္းကမွ မျဖစ္ဖူးေသးဘူး ဆိုတာေတာ့ က်ေနာ္တို႔ သိထားပါၿပီ" လို႔ ေသာၾကာေန႔က တြစ္တာမွာ ေရးခဲ့ပါတယ္။
------------------------
(Unicode)
ကန် ဆိုင်ဘာလုံခြုံရေး တိုက်ခိုက်ခံရမှု လက်တုံ့ပြန်ဖို့ တောင်းဆိုမှုတိုးလာ
အမေရိကန် ဆိုင်ဘာလုံခြုံရေး ကျိုးပေါက်မှုကြီးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေရဲ့ တင်ပြချက်ကို နားထောင်ခဲ့ရတဲ့ လွှတ်တော်အမတ်တွေက ဒါဟာ ရုရှားလက်ချက်ဆိုတာ ခုချိန်ထိရထားတဲ့ အထောက်အထားတွေ အားလုံးက ပြနေတယ်လို့ သတိပေးပြီး လက်တုံ့ပြန်ဖို့ တောင်းဆိုကြပါတယ်။
ဒီ ဆိုင်ဘာလုံခြုံရေး ကျိုးပေါက်မှုမှာ အစိုးရဌာနတွေရော ပုဂ္ဂလိကကဏ္ဍပါ ထိခိုက်ခဲ့တာပါ။
ဆိုင်ဘာ ထွင်းဖောက်ဝင်ရောက်မှုရဲ့ ပမာဏဟာ မူလကထင်ထားတာထက် အများကြီး ပိုကြီးမားနိုင်ဖွယ်ရှိတယ်လို့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးပြီးတဲ့နောက် ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ရပ်စလုံးက လွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက် ထွက်လာတာပါ။
"ဒါဟာ တတိယဆော့ဖ်ဝဲ အပိုင်းအစတခုကိုသုံးပြီး အမေရိကန်အစိုးရရဲ့ ကွန်ပြူတာစနစ်ထဲမှာ Code တွေထည့်သွင်းဖို့ ထင်ရှားတဲ့ ကြိုးပမ်းချက်တခုပါပဲ" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က The Mark Levin ရုပ်သံအစီအစဉ်မှာ သောကြာနေ့က ပြောခဲ့တဲ့အကြောင်း AFP သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ထောက်လှမ်းရေးဆိုင်ရာ အထက်လွှတ်တော်ကော်မတီ ယာယီဥက္ကဋ္ဌ Marco Rubio က "ဆိုင်ဘာတိုက်ခိုက်မှုရဲ့ အတိုင်းအတာပမာဏ အပြည့်အဝကို မသိရသေးပေမယ့်လည်း ဒီလောက်အတိုင်းအတာ ပမာဏမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးသေးဘူး ဆိုတာတော့ ကျနော်တို့ သိထားပါပြီ" လို့ သောကြာနေ့က တွစ်တာမှာ ရေးခဲ့ပါတယ်။