သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ ရုရှားနဲ့ အီရန်တို့ဟာ ကနေဒါကို ဆိုင်ဘာခြိမ်းခြောက်မှုပေးတဲ့ အဓိကနိုင်ငံတွေဖြစ်


(Zawgyi/Unicode)

တရုတ် ၊ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံ အစိုးရတွေက ကြောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တွေဟာ ကနေဒါနိုင်ငံကို ဆိုင်ဘာ-ရာဇဝတ်မှု ကျူးလွန်ဖို့ အဓိက ခြိမ်းခြောက်နေတယ်လို့ ကနေဒါနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ စွပ်စွဲ ပြောဆိုလိုက်ပြီး ၊ ကနေဒါရဲ့ လျှပ်စစ်ဖြန့်ဖြူးရေး လမ်းကြောင်း ပြတ်တောက်သ ွားအောင် ကြိုးပမ်းလာနိုင်တာကို စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။

အဲဒီ ၄ နိုင်ငံဟာ ကနေဒါနိုင်ငံကို မဟာဗျူဟာအရ အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့အတွက် စိုးရိမ်ရတယ်လို့ ကနေဒါနိုင်ငံရဲ့ CSE ခေါ် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီက သတိပေးလိုက်တာပါ။

အစိုးရက ကြောထောက်နောက်ခံပေးထားတဲ့ အင်တာနက် ဆိုင်ဘာ-လှုပ်ရှားမှုတွေဟာ ယေဘူယျအားဖြင့် ဆန်းပြား ရှုပ်ထွေးလ ွန်းတယ်လို့ CSE အေဂျင်စီရဲ့ နိုင်ငံတော် ဆိုင်ဘာခြိမ်းခြောက်မှုများ လေ့လာရေး ဒုတိယအစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစလို့ ကနေဒါနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး သိသိသာသာ ကျဆင်းခဲ့သလို၊ ရုရှားနိုင်ငံကိုလည်း ကနေဒါက ပြင်းထန်တဲ့ ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်

၂၀၁၈ ခုနှစ်က ထုတ်ပြန်တဲ့ CSE ထောက်လှမ်းရေးရဲ့ ပထမ အစီရင်ခံစာထဲမှာတော့ ဆိုင်ဘာ ရာဇဝတ်လှုပ်ရှားသူတွေဟာ နိုင်ငံခြားအခြေစိုက် အဖွဲ့တွေ လို့သာ ဖေါ်ပြခဲ့ပေမယ့် ပြီးခဲ့တဲ့ ဂျူလိုင်လထဲ အမေရိကန် ဗြိတိန်တို့နဲ့ ပူးတွဲပြီး ရုရှားကြောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေဟာ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဝင်ရောက် ခိုးယူဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။ အခုလို စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တရုတ်နဲ့ ရုရှားနိုင်ငံတွေကတော့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)






XS
SM
MD
LG