သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားက အီရန်နဲ့ဆက်နွယ်တဲ့ လက်နက်သိုလှောင်ရုံ ကန်တိုက်ခိုက်ဖျက်ဆီး


ယခင်မှတ်တမ်းရုပ်ပုံ | လက်ဗီးယားနိုင်ငံ Riga မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (ဩဂုတ် ၁၀၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | လက်ဗီးယားနိုင်ငံ Riga မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (ဩဂုတ် ၁၀၊ ၂၀၂၂)

ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက အီရန်နဲ့ဆက်နွယ်နေတဲ့ လက်နက်သိုလှောင်ရုံတခုကို အမေရိကန်စစ်လေယာဉ်တွေက ဖျက်ဆီးလိုက်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောကြားလိုက်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် အီရန်တော်လှန်ရေးတန်ပြန် အထူးတပ်နဲ့ ပါတ်သက်တဲ့အဖွဲ့တွေ ဆက်တိုက် တိုက်ခိုက်နေတာကို တုံ့ပြန်တဲ့အနေနဲ့ ကိုယ့်ရန်ကို ခုခံကာကွယ်တဲ့တိုက်ခိုက်မှုကို လုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ကြေညာချက်ထုတ်ပြန်ပါတယ်။

အီရန်နဲ့ပတ်သက်နေတဲ့ ဆီရီးယားနိုင်ငံထဲက ပစ်မှတ်တွေအပေါ် အမေရိကန်က တိုက်ခိုက်တာ သီတင်း ၂ ပတ်နီးပါးအတွင်းမှာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ အီရန်ရဲ့ ထောက်ပံ့မှုနဲ့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေက အမေရိကန်တပ်တွေအပေါ် တိုက်ခိုက်မှုတွေ တိုးလုပ်နေတယ်လို့ အမေရိကန်က အပြစ်တင်နေပါတယ်။ အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ ဟာမတ်စ်အဖွဲ့နဲ့ အစ္စရေးကြားဖြစ်နေတဲ့ ပဋိပက္ခကို အီရန်နဲ့ အီရန်ထောက်ပံ့ထားတဲ့လက်နက်ကိုင်အဖွဲ့တွေက အရှေ့အလယ်ပိုင်းဒေသတွင်း ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲဖြစ်အောင် မလုပ်နိုင်ရေးအတွက်ကိုလည်း အမေရိကန်က ကြိုးစားတားဆီးနေပါတယ်။ ဒါပေမဲ့ ခုလို အီရန်နဲ့ပတ်သက်နေတဲ့ ပစ်မှတ်တွေအပေါ် အကြိမ်ကြိမ် အမေရိကန်က တိုက်ခိုက်နေမှုက အမေရိကန်အစိုးရနဲ့ အီရန်အစိုးရကြား ပဋိပက္ခတွေ ကြီးလာနိုင်တယ်လို့လည်း အကဲခတ်တွေက သုံးသပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG