သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ျပည္ေထာင္စုမွာ ျပည္တြင္းအၾကမ္းဖက္မႈ အႏၲရာယ္မ်ားျပား


(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ျပည္တြင္းအၾကမ္းဖက္သမားေတြရဲ႕ရန္ဟာ သိသိသာသာတိုးလာေနတယ္လို႔ တရားဥပေဒစိုးမိုးေရးနဲ႕လုံျခဳံေရး ဌာနတာ၀န္ရွိသူေတြက အဂၤါေန႔က လႊတ္ေတာ္ၾကားနာပဲြမွာထြက္ဆိုခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုကို အျပင္းအထန္ၿခိမ္းေျခာက္ေနတာဟာ ျပည္တြင္ျဖစ္အၾကမ္းဖက္သမားေတြရဲ႕ရန္ကအဓိကျဖစ္ပါတယ္။ လူျဖဴႀကီးစိုးေရးအယူအဆေတြ၊ လူတဦးျခင္းစီရဲ့နစ္နာမႈေတြကိုအေျခခံတဲ့ခံစားခ်က္ေတြေၾကာင့္ ဆန္႕က်င္လႈပ္ရွားမႈေတြတိုးလာေနတယ္လို႔ လုံျခဳံေရးအရာရွိေတြက လႊတ္ေတာ္မွာထြက္ဆိုခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၁၆ လ ကေန ၁၈ လအတြင္း အမႈေပါင္း ၁၀၀၀ ေလာက္ရွိရာကေန ၂၇၀၀ အထိ၊ ၂ ဆေလာက္ျမင့္တက္ခဲ့တယ္လို႔ FBI ဗဟိုစုံစမ္းစစ္ေဆးေရးဌာနအႀကီးအကဲ Christopher Wray ကလႊတ္ေတာ္မွာထြက္ဆိုပါတယ္။

အယ္ခိုင္းဒါး နဲ႕ IS လို ျပည္ပအၾကမ္းဖက္အဖဲြ႕ေတြရဲ႕ ရန္ဟာအတိုင္းအတာတခုအထိက်ဆင္းခဲ့ပါတယ္။ ဒါေပမယ့္ ဒီအဖဲြ႕ေတြဟာ အေမရိကန္ျပည္ေထာင္စုကိုတိုက္ခိုက္ဖို႔ အဓိကပစ္မွတ္တခုအျဖစ္ ဆက္လက္ထားရွိမွာျဖစ္ပါတယ္။ လြန္ခဲ့တဲ့အႏွစ္ ၂၀ ကေလာက္ထိေရာက္ေအာင္ မလုပ္ေဆာင္ႏိုင္တာဘဲရွိတယ္လို႔ အမ်ိဳးသားအၾကမ္းဖက္မႈ တုန့္ျပန္ေဆာင္ရြက္ေရး ဗဟိုဌာန အႀကီးအကဲ Christine Abizaid ကထြက္ဆိုခဲ့ပါတယ္။

ဒါ့အျပင္ အီရန္ နဲ ဟစ္ဇဘိုလာ အဖဲြ႕ေတြရဲ႕ၿခိမ္းေျခာက္မႈေတြလည္း ရွိေနတယ္လို႔ဆိုပါတယ္။

ဒါ့အျပင္ တ႐ုတ္ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ စီးပြားေရးဆိုင္ရာလုံျခဳံေရးနဲ႕ အေမရိကန္ျပည္ေထာင္စုနဲ႕ စိတ္ကူးအၾကံဉာဏ္ေတြ တိုးတက္ေအာင္ တီထြင္လုပ္ေဆာင္ေရးမွာ အျခားႏိုင္ငံေတြထက္ တ႐ုတ္ရဲ႕ ၿခိမ္းေျခာက္မႈဟာ အႀကီးမားဆုံးျဖစ္တယ္လို႔ FBI အႀကီးအကဲကထြက္ဆိုပါတယ္။

တ႐ုတ္နဲ႕ပတ္သက္တဲ့ ေထာက္လွမ္းေရးဆိုင္တာ စုံစမ္းစစ္ေဆးမႈဟာ ၁၂ နာရီမွာ အမႈတခုဖြင့္စစ္ေဆးေနရတယ္လို႔ FBI ဗဟိုစုံစမ္းေရးဌာန အႀကီးအကဲ Wray ကေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်းအကြမ်းဖက်မှု အန္တရာယ်များပြား

အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်းအကြမ်းဖက်သမားတွေရဲ့ရန်ဟာ သိသိသာသာတိုးလာနေတယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေး ဌာနတာဝန်ရှိသူတွေက အင်္ဂါနေ့က လွှတ်တော်ကြားနာပွဲမှာထွက်ဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို အပြင်းအထန်ခြိမ်းခြောက်နေတာဟာ ပြည်တွင်ဖြစ်အကြမ်းဖက်သမားတွေရဲ့ရန်ကအဓိကဖြစ်ပါတယ်။ လူဖြူကြီးစိုးရေးအယူအဆတွေ၊ လူတဦးခြင်းစီရဲ့နစ်နာမှုတွေကိုအခြေခံတဲ့ခံစားချက်တွေကြောင့် ဆန့်ကျင်လှုပ်ရှားမှုတွေတိုးလာနေတယ်လို့ လုံခြုံရေးအရာရှိတွေက လွှတ်တော်မှာထွက်ဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၆ လ ကနေ ၁၈ လအတွင်း အမှုပေါင်း ၁၀၀၀ လောက်ရှိရာကနေ ၂၇၀၀ အထိ၊ ၂ ဆလောက်မြင့်တက်ခဲ့တယ်လို့ FBI ဗဟိုစုံစမ်းစစ်ဆေးရေးဌာနအကြီးအကဲ Christopher Wray ကလွှတ်တော်မှာထွက်ဆိုပါတယ်။

အယ်ခိုင်းဒါး နဲ့ IS လို ပြည်ပအကြမ်းဖက်အဖွဲ့တွေရဲ့ ရန်ဟာအတိုင်းအတာတခုအထိကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့တွေဟာ အမေရိကန်ပြည်ထောင်စုကိုတိုက်ခိုက်ဖို့ အဓိကပစ်မှတ်တခုအဖြစ် ဆက်လက်ထားရှိမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ ကလောက်ထိရောက်အောင် မလုပ်ဆောင်နိုင်တာဘဲရှိတယ်လို့ အမျိုးသားအကြမ်းဖက်မှု တုန့်ပြန်ဆောင်ရွက်ရေး ဗဟိုဌာန အကြီးအကဲ Christine Abizaid ကထွက်ဆိုခဲ့ပါတယ်။

ဒါ့အပြင် အီရန် နဲ ဟစ်ဇဘိုလာ အဖွဲ့တွေရဲ့ခြိမ်းခြောက်မှုတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် တရုတ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဆိုင်ရာလုံခြုံရေးနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ စိတ်ကူးအကြံဉာဏ်တွေ တိုးတက်အောင် တီထွင်လုပ်ဆောင်ရေးမှာ အခြားနိုင်ငံတွေထက် တရုတ်ရဲ့ ခြိမ်းခြောက်မှုဟာ အကြီးမားဆုံးဖြစ်တယ်လို့ FBI အကြီးအကဲကထွက်ဆိုပါတယ်။

တရုတ်နဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးဆိုင်တာ စုံစမ်းစစ်ဆေးမှုဟာ ၁၂ နာရီမှာ အမှုတခုဖွင့်စစ်ဆေးနေရတယ်လို့ FBI ဗဟိုစုံစမ်းရေးဌာန အကြီးအကဲ Wray ကပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG