သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲလွှမ်းမိုးဖို့ကြိုးစားတယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာနကို ကန်စွပ်စွဲ 

အမေရိကန်ရှေ့နေချုပ် Merrick Garland သမ္မတရွေးကောက်ပွဲအပေါ် ခြိမ်းခြောက်မှုတွေရှိနေကြောင်း တရားရေးဌာနအစည်းအဝေးအစမှာ ပြောကြားစဥ််။ (စက်တင်ဘာ ၄၊ ၂၀၂၄)
အမေရိကန်ရှေ့နေချုပ် Merrick Garland သမ္မတရွေးကောက်ပွဲအပေါ် ခြိမ်းခြောက်မှုတွေရှိနေကြောင်း တရားရေးဌာနအစည်းအဝေးအစမှာ ပြောကြားစဥ််။ (စက်တင်ဘာ ၄၊ ၂၀၂၄)

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သြဇာသက်ရောက်နိုင်ရေးအတွက် ရုရှားရဲ့လုပ်ကြံသတင်းဖြန့်ဝေမှုတွေနဲ့ဆက်နွယ်ပြီး ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမှုတွေ၊ အင်တာနက် domain တွေသိမ်းဆည်းမှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

ရုရှားနိုင်ငံပိုင် RT သတင်းဌာနရဲ့ ရုရှားအခြေစိုက်ဝန်ထမ်းနှစ်ဦးဖြစ်တဲ့ Constantine Kalashnikov နဲ့ Elena တို့ကို နယူးယောက် တောင်ပိုင်းခရိုင်မှာ တရားစွဲဆိုလိုက်ကြောင်း၊ သူတို့ကိုငွေမဲခဝါချမှု၊ နောက် ပြည်ပအေးဂျင့်များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတို့ကို ချိုးဖောက်ဖို့ ကြံစည်မှုတွေနဲ့စွဲဆိုကြောင်း အမေရိကန် ရှေ့နေချုပ် Merrick Garland က ပြောဆိုခဲ့တာပါ။

ရုရှားဘက်က လုပ်ကြံသတင်းတွေနဲ့ ဝါဒဖြန့်ဖို့ မသိနားမလည်တဲ့ လူသိများ အမေရိကန်တွေကို စုဆောင်းနိုင်ရေး နိုင်ငံပိုင်မီဒီယာကို အသုံးချတာတွေနဲ့ ဆက်စပ်ပြီး အခုလို အရေးယူတာဖြစ်ကြောင်း ရှေ့နေချုပ် Garland က ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ အရေးယူ မှုထဲမှာတော့ ရုရှားနိုင်ငံပိုင် RT သတင်းဌာန ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တာလည်း ပါဝင်ပါတယ်။ ဒီအရေးယူမှုကြောင့် အမေရိကန် တရားရေးဌာနက ရုရှား RT သတင်းဌာနကို ပြည်ပအစိုးရအတွက် အလုပ်လုပ်ပေးနေသူအဖြစ် သတ်မှတ်ရသလို ပြည်ဝင်ခွင့်ကိုလည်း ကန့်သတ်လိုက်ပါတယ်။ လာမယ့်နိုဝင်ဘာလ အမေရိကန်ရွေးကောက်ပွဲအပေါ်မှာ သြဇာသက်ရောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ရုရှားတို့က ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ လုပ်ကြံသတင်းဖြန့်မှုတွေကို အများစု စိုးရိမ်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG