သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ထိပ်သီးအစည်းအဝေး အမေရိကန်နဲ့ ကုန်သွယ်ရေးပြဿနာ လွှမ်းမိုး 


ကုန်သွယ်ရေးစစ်ပွဲဖြစ်လာရင် ဘယ်သူ့မှအကျိုးမရှိဘူးလို့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့အစည်းအဝေးတက်ဖို့ရောက်လာတဲ့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Kaja Kallas က သတင်းထောက်တွေကို ပြောကြားစဥ်။ (ဖေဖေါ်ဝါရီ ၃၊ ၂၀၂၅)
ကုန်သွယ်ရေးစစ်ပွဲဖြစ်လာရင် ဘယ်သူ့မှအကျိုးမရှိဘူးလို့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့အစည်းအဝေးတက်ဖို့ရောက်လာတဲ့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Kaja Kallas က သတင်းထောက်တွေကို ပြောကြားစဥ်။ (ဖေဖေါ်ဝါရီ ၃၊ ၂၀၂၅)

ဥရောပတိုက်မှာ ရုရှားရန်ကကာကွယ်ရေးနဲ့ အမေရိကန်သမ္မတ Donald Trump က ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေအပေါ် သွင်းကုန်ခွန်တိုးမြှင့်တဲ့ကိစ္စတွေကို ဆွေးနွေးဖို့ ဥရောပသမဂ္ဂ (EU) နိုင်ငံက ခေါင်းဆောင်တွေ Belgium နိုင်ငံ Brussels မြို့မှာ ရောက်နေကြပါတယ်။ EU ထိပ်တန်း သံတမန်ကတော့ ကုန်သွယ်ရေး စစ်ပွဲဖြစ်လာခဲ့ရင် ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ဘူးလို့ ဒီကနေ့ပဲ သတိပေးခဲ့တာပါ။

“ကျမတို့အတွက် အမေရိကန်ကို လိုအပ်သလို အမေရိကန်ကလည်း ကျမတို့ကိုလိုအပ်ပါတယ်။ အခွန်တိုးကောက်တာဟာ ကုန်ကျစရိတ်တွေပဲ ပိုများလာမှာပါ။” လို့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Kaja Kallas က သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဥရောပတိုက်ကာကွယ်ရေးအတွက် အဓိက အာရုံစိုက်မယ့် ဆွေးနွေးပွဲ ဖြစ်ပေမဲ့ သမ္မတထရမ့်က ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် သွင်းကုန်ခွန်တိုးမြှင့်မယ့်အစီအစဉ်ကလည်း အစည်းအဝေးမှာ လွှမ်းမိုးနေတာဖြစ်ပါတယ်။ NATO အတွင်းရေးမှူးချုပ် Mark Rutte နဲ့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့လည်း တက်ရောက်တဲ့အစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စုနဲ့ ပထဝီဝင်နိုင်ငံရေးနဲ့ နိုင်ငံခြားဆက်ဆံရေးကိစ္စတွေကို အဓိက ထားဆွေးနွေးကြမှာပါ။

ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေအပေါ် သွင်းကုန်ခွန်တိုးမယ့်အစီအစဉ်ကြောင့် ဥရောပကို ရိုက်ခတ်လာမှာကိုလည်း ဥရောပခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ အမေရိကန်ကို အားကိုး အားထားပြုတာတွေလျှော့ဖို့နဲ့ ကိုယ့် ကိုကိုယ်ကာကွယ်ရေး ဆောင်ရွက်ကြဖို့လည်း သမ္မတ Trump ကပြောထားပါတယ်။

အခုထိပ်သီးဆွေးနွေးပွဲမှာ EU အတွက် လာမယ့်နှစ်တွေအတွင်း စစ်ရေးလိုအပ်ချက်တွေ၊ ရန်ပုံငွေ ရရှိဖို့နဲ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုလည်း အာရုံစိုက် ဆွေးနွေးမယ်လို့ ခန့်မှန်းထားကြပါတယ်။

EU ထိပ်သီးအစည်းအဝေး အမေရိကန်နဲ့ ကုန်သွယ်ရေးပြဿနာ လွှမ်းမိုး 
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG