သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်အစီအစဉ် ဟာမတ်စ်သဘောတူရင် အစ္စရေးလက်ခံဖို့ ကန်မျှော်လင့်


သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby
သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby

ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုချက်တရပ်ကို ဟာမတ်က သဘောတူလိုက်မယ်ဆိုရင် ဒီအစီအစဉ်ကို အစ္စရေးကလက်ခံမယ်လို့ အမေရိကန်ဘက်က မျှော်လင့်ထားကြောင်း သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ က ပြောပါတယ်။

အမေရိကန်သမ္မတ Joe Biden မူကြမ်းဆွဲပေးထားတဲ့ အပစ်အခတ်ရပ်စဲပြီး ဓါးစားခံတွေလွှတ်ပေးဖို့ အဆိုပြုချက်ကို နှစ်ဖက်စလုံးက သဘောတူလက်ခံကြဖို့ အီဂျစ်နဲ့ကာတာ ငြိမ်းချမ်းရေးစေ့စပ်ပေးသူတွေကရော အမေရိကန်ပြည်ထောင်စုကပါ တိုက်တွန်းနေပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကာလအတွင်း ဂါဇာမှာ ဟာမတ်စ်က အုပ်ချုပ်နေတာကို အစ္စရေးက လက်ခံမှာမဟုတ်ဘဲ သူမဟုတ်တဲ့ အခြားဖြစ်နိုင်ခြေတွေကို ဆန်းစစ်နေတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဂါဇာကနေ ဟာမတ်စ်အဖွဲ့တွေကို ဖယ်ထုတ်ပြီး အဲဒီနေရာမှာ အုပ်ချုပ်ဖို့ ဟာမတ်စ်ကို အာခံခြိမ်းခြောက်နိုင်တဲ့ တဖွဲ့ဖွဲ့ ထားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဘယ်လို အုပ်ချုပ်ရေးအဖွဲ့မျိုးဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက စနေနေ့တုန်းက ပြောရာမှာတော့ စစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ရင် အစ္စရေးကြိုတင်သတ်မှတ်ချက်က ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အဲဒါတွေကတော့ ဟာမတ်စ် စစ်ရေးနဲ့အုပ်ချုပ်ရေးကို ချေမှုန်းရေး၊ ဓါးစာခံတွေလွတ်မြောက်ရေးနဲ့ ဂါဇာဟာ အစ္စရေးကိုခြိမ်းခြောက်နိုင်မှုမရှိစေရေးတို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း နေတန်ရာဟုရဲ့ လက်ယာညွန့်ပေါင်းအဖွဲ့တွေမှာပဲ အက်ကြောင်းတွေရှိနေပါတယ်။ ဂါဇာနဲ့ ဟာမတ်စ်နဲ့ပတ်သက်လို့ အစ္စရေးအစီအစဉ်အပေါ် အတိုက်အခံတွေဘက်က ပြည်တွင်းဖိအားတွေလည်း ရင်ဆိုင်နေရပါတယ်။ သမ္မတ Biden အဆိုပြုထားတဲ့ အပစ်ရပ်အစီအစဉ်ကို လက်ခံလိုက်မယ်ဆိုရင် နေတန်ရာဟုအစိုးရပြုတ်ကျစေရမယ်လို့ အစိုးရအဖွဲ့အတွင်းမှာလည်း ခြိမ်းခြောက်မှုတွေရှိနေသလို ဒီ အဆိုပြုချက်ကို လက်ခံဖို့ အတိုက်အခံခေါင်းဆောင် Lapid က နေတန်ရာဟုကို တိုက်တွန်းထားပါတယ်။

အပစ်ရပ်အစီအစဉ် ဟာမတ်စ်သဘောတူရင် အစ္စရေးလက်ခံဖို့ ကန်မျှော်လင့်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG