သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္အေပၚ လက္နက္ပိတ္ပင္မႈ ပိုမိုထိေရာက္ေရး ကန္စဥ္းစား


(Zawgyi / Unicode)

ျမန္မာစစ္တပ္အတြက္ လက္နက္အေရာင္းအဝယ္ ပိတ္ပင္ေရးကို ပိုမိုထိေရာက္ေအာင္ လုပ္ေဆာင္ဖို႔ စဥ္းစားေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနရဲ႕ ဒဏ္ခတ္အေရးယူမႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဌာန အႀကီးအကဲ James O’Brien က ဗုဒၶဟူးေန႔ အထက္လႊတ္ေတာ္ ႏိုင္ငံျခား ဆက္ဆံေရးေကာ္မတီေရွ႕ေမွာက္ ၾကားနာပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး အၾကမ္းဖက္ၿဖိဳခြဲမႈေတြ လုပ္ေဆာင္လာတာ တႏွစ္ခြဲေက်ာ္ၾကာလာၿပီျဖစ္ၿပီး စစ္ေကာင္စီက လက္နက္ေတြ ဝယ္ေနတဲ့ အေမရိကန္ေဒၚလာေတြ ထပ္မရႏိုင္ေအာင္ နည္းမ်ိဳးစံုနဲ႔ တားဆီးေပးဖို႔ တက္ႂကြလႈပ္ရွားသူေတြက အေမရိကန္အစိုးရကို ေတာင္းဆိုေနၾကသလို အေမရိကန္ လႊတ္ေတာ္အမတ္ေတြကလည္း ပါဝင္ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအေပၚ ကမာၻလံုးဆိုင္ရာ လက္နက္ေရာင္းဝယ္မႈ တားျမစ္ခ်က္ကို ထုတ္ျပန္ဖို႔ ကုလသမဂၢ လံုျခံဳေရးေကာင္စီကို ကမာၻတလႊား အဖြဲ႔အစည္းေပါင္း ၂၀၀ ေက်ာ္က ေမလထဲမွာ ေတာင္းဆိုခဲ့ၾကသလို ျမန္မာစစ္တပ္ကို လက္နက္၊ ခဲယမ္းမီးေက်ာက္နဲ႔ တျခား စစ္လက္နက္ ပစၥည္းေတြ ေရာင္းခ်တာ၊ လႊဲေျပာင္း ေပးအပ္တာနဲ႔ နည္းပညာဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္တာ၊ ေထာက္ပံ့တာေတြ မလုပ္ဘဲ ဆက္လက္ ပိတ္ပင္ တားျမစ္ဖို႔ သႏၷိဌာန္ ခ်မွတ္ေၾကာင္း G 7 စက္မႈ ထိပ္သီး ၇ ႏိုင္ငံ က ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ေမလ အစည္းေဝးကလည္း ပူးတြဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာစစ်တပ်အပေါ် လက်နက်ပိတ်ပင်မှု ပိုမိုထိရောက်ရေး ကန်စဉ်းစား

မြန်မာစစ်တပ်အတွက် လက်နက်အရောင်းအဝယ် ပိတ်ပင်ရေးကို ပိုမိုထိရောက်အောင် လုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒဏ်ခတ်အရေးယူမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဌာန အကြီးအကဲ James O’Brien က ဗုဒ္ဓဟူးနေ့ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရှေ့မှောက် ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အကြမ်းဖက်ဖြိုခွဲမှုတွေ လုပ်ဆောင်လာတာ တနှစ်ခွဲကျော်ကြာလာပြီဖြစ်ပြီး
စစ်ကောင်စီက လက်နက်တွေ ဝယ်နေတဲ့ အမေရိကန်ဒေါ်လာတွေ ထပ်မရနိုင်အောင် နည်းမျိုးစုံနဲ့ တားဆီးပေးဖို့ တက်ကြွလှုပ်ရှားသူတွေက အမေရိကန်အစိုးရကို တောင်းဆိုနေကြသလို အမေရိကန် လွှတ်တော်အမတ်တွေကလည်း ပါဝင်တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှု တားမြစ်ချက်ကို ထုတ်ပြန်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကမ္ဘာတလွှား အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က မေလထဲမှာ တောင်းဆိုခဲ့ကြသလို မြန်မာစစ်တပ်ကို လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ တခြား စစ်လက်နက် ပစ္စည်းတွေ ရောင်းချတာ၊ လွှဲပြောင်း ပေးအပ်တာနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်တာ၊ ထောက်ပံ့တာတွေ မလုပ်ဘဲ ဆက်လက် ပိတ်ပင် တားမြစ်ဖို့ သန္နိဌာန် ချမှတ်ကြောင်း G 7 စက်မှု ထိပ်သီး ၇ နိုင်ငံ က နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မေလ အစည်းဝေးကလည်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

XS
SM
MD
LG