သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC တရားရုံးရှေ့နေကို အရေးယူမှု ကန် ပြန်ရုပ်သိမ်း


ICC ရှေ့နေ Fatou Bensouda.
ICC ရှေ့နေ Fatou Bensouda.

(Zawgyi / Unicode)

ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ရှေ့နေတွေအပေါ် အရင် အမေရိကန်သမ္မတ လက်ထက် ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ခဲ့တာကို အခု ပယ်ဖျက်ပေးလိုက်ပါပြီ။

အရင်သမ္မတ Donald Trump လက်ထက်တုန်းက ICC တရားရုံးရှေ့နေ Fatou Bensouda နဲ့ Phakiso Mochochoko တို့ကို ပြန်ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကြောင့် နိုင်ငံတကာမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ရာကနေ အခုတော့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပယ်ဖျက်ပေးလိုက်တာပါ။

ICC တရားရုံးရှေ့နေ Bensouda အနေနဲ့ အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာရှိမရှိ စစ်ဆေးဖို့ကိစ္စအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့တာကို ပယ်ဖျက်ပေးလိုက်ပါပြီလို့ နိုင်ငံခြားရေးဝန်ကြီး Blinken က မနေ့က ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ICC ရဲ့ တရားစီရင်ရေးဆိုင်ရာ ကူညီပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ Mochochoko ကိုလည်း SDN လို့ အတိုကောက်ခေါ်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်ထားသူ အမည်စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ ကြေညာချက်ထဲမှာ ၂၀၁၉ ခုနှစ်က ICC က ပုဂ္ဂိုလ်တွေအပေါ် ချမှတ်ခဲ့တဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ထားမှု နောက်တခုကိုလည်း ပယ်ဖျက်ပေးလိုက်ပြီလို့ ဖော်ပြထားရာမှာ ဒီအရင်မူဝါဒက မသင့်တော် မထိရောက်ဘူးလို့ သုံးသပ်ထားကြောင်း ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီး Blinken က ICC အနေနဲ့ အာဖဂန်နဲ့ ပါလက်စတိုင်း ပြဿနာတွေအပေါ် အရေးယူလာမှုအတွက် ကြီးကြီးမားမား အမြင်ကွဲလွဲမှုတွေ ဆက်ရှိနေပေမယ့် အရင်လို ပြန်ပိတ်ဆို့ဒဏ်ခတ်တာထက်စာရင် တွေ့ဆုံဆွေးနွေး ဖြေရှင်းတာက ပိုကောင်းတယ်လို့ ယုံကြည်ထားကြောင်းလည်း ဒီကြေညာချက်ထဲမှာ ထည့်ပြောခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)








XS
SM
MD
LG