သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ ေထာက္လွမ္းေရး အကဲျဖတ္ခ်က္ေတြ ျပန္လည္သုံးသပ္မည္ 


Logoja e Agjensisë Qendrore të Zbulimit (CIA)

အေမရိကန္ ေထာက္လွမ္းေရးဌာနေတြ အေနနဲ႔ ရုရွားသမၼတ Vladimir Putin က ယူကရိန္းကို က်ဴးေက်ာ္ဖို႔ အမိန္႔ေပးလိိမ့္မယ္ဆိုတာကို တိတိက်က် ခန္႔မွန္းခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ရုရွားရဲ႕ စစ္စြမ္းရည္ကို ပိုမိုတြက္ခ်က္ထားၿပီး၊ ယူကရိန္းရဲ႕ ခုခံစစ္စြမ္းရည္ကို ေလွ်ာ့ေပါ့တြက္ခ်က္ခဲ့ၾကတာပါ။ 

အေမရိကန္ ေထာက္လွမ္းေရး အကဲျဖတ္ခ်က္ေတြ ျပန္လည္သုံးသပ္မည္

{{Zawgyi/Unicode}}
အေမရိကန္ ေထာက္လွမ္းေရးဌာနေတြဟာ ျပည္ပအစိုးရေတြရဲ႕ တိုက္ခိုက္ေရး စြမ္းရည္နဲ႔ စိတ္ဆႏၵေတြအေပၚ ဘယ္လိုအကဲျဖတ္ ဆန္းစစ္ၾကသလဲ ဆိုတာကို စတင္သုံးသပ္ေနၾကပါတယ္။ အေမရိကန္ ေထာက္လွမ္းေရးဌာနေတြ အေနနဲ႔ ရုရွားသမၼတ Vladimir Putin က ယူကရိန္းကို က်ဴးေက်ာ္ဖို႔ အမိန္႔ေပးလိိမ့္မယ္ဆိုတာကို တိတိက်က် ခန္႔မွန္းခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ရုရွားရဲ႕ စစ္စြမ္းရည္ကို ပိုမိုတြက္ခ်က္ထားၿပီး၊ ယူကရိန္းရဲ႕ ခုခံစစ္စြမ္းရည္ကို ေလွ်ာ့ေပါ့တြက္ခ်က္ခဲ့ၾကတာပါ။

အေမရိကန္ ေထာက္လွမ္းေရးဌာနေတြ အထူးသျဖင့္ မႏွစ္က အာဖဂန္နစၥတန္ႏိုင္ငံမွာ အတြက္အခ်က္ေတြ လြဲေခ်ာ္ခဲ့ၿပီးတဲ့ေနာက္ အခုတခါ သူတို႔ရဲ႕အမွားေတြကို ေစာေစာစီးစီး ႀကိဳတင္သုံးသပ္ၾကဖို႔ ႏိုင္ငံေရးပါတီႀကီး ၂ခုစလုံးရဲ႕ ဖိအားေတြနဲ႕ ႀကဳံေတြေနၾကရပါတယ္။

ယူကရိန္းအတြက္ စစ္ေရးအကူအညီေတြ တိုးျမႇင့္ေပးအပ္ဖို႔ ျပင္ဆင္ေနသလို၊ တခ်ိန္တည္းမွာပဲ ႐ုရွားနဲ႔ ထိပ္တိုက္မေတြ႕လိုတဲ့ အေမရိကန္ အေနနဲ႔ ႐ုရွားသမၼတရဲ႕ စဥ္းစားပုံေတြကို ႀကိဳတင္တြက္ခ်က္ဖို႔ လိုအပ္တာေၾကာင့္၊ လက္ရွိ ယူကရိန္းစစ္ပြဲမွာလည္း အေမရိကန္ ေထာက္လွမ္းေရးဌာနေတြဟာ အေရးပါတဲ့ အခန္းက႑မွာ ရွိေနပါတယ္။

ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရးေကာ္မတီက ရီပတ္ဘလစ္ကန္ကိုယ္စားလွယ္ Mike Turner ကေတာ့ သမၼတ ဂ်ဳိးဘိုင္ဒင္ အစိုးရဟာ ယူကရိန္းနဲ႔ ပတ္သက္လို႔ သုံးသပ္ခ်က္ေတြ လဲြမွားတာေၾကာင့္ တုံ႔ျပန္မႈေတြမွာ အားနည္းခဲ့ေၾကာင္း ေျပာဆိုထားတာပါ။ အထက္လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီကလည္း ယူကရိန္းနဲ႔ အာဖဂန္နစၥတန္ႏိုင္ငံ ကိစၥေတြမွာ အေမရိကန္ ေထာက္လွမ္းေရးဌာနေတြရဲ႕ သုံးသပ္ပုံေတြကို သိရွိလိုေၾကာင္း အမ်ဳိးသားေထာက္လွမ္းေရးဌာန အႀကီးအကဲထံကို ေမလထဲမွာပဲ လ်ဳိ႕၀ွက္စာတေစာင္ ေပးပို႔ထားေၾကာင္း အေမရိကန္႐ုပ္သံ CNN က ေဖာ္ျပထားပါတယ္။

အမ်ဳိးသားေထာက္လွမ္းေရးဌာန ၫႊန္ၾကားေရးမွဴး Avril Haines ကေတာ့ ျပည္ပအစိုးရေတြရဲ႕ စစ္တိုက္လိုတဲ့ ဆႏၵနဲ႔ စစ္စြမ္းရည္ကို ျပန္လည္ သုံးသပ္မွာျဖစ္ေၾကာင္း တုံ႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............................................

အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်ချက်တွေ ပြန်လည်သုံးသပ်မည်

{{Zawgyi/Unicode}}
အမေရိကန် ထောက်လှမ်းရေးဌာနတွေဟာ ပြည်ပအစိုးရတွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်နဲ့ စိတ်ဆန္ဒတွေအပေါ် ဘယ်လိုအကဲဖြတ် ဆန်းစစ်ကြသလဲ ဆိုတာကို စတင်သုံးသပ်နေကြပါတယ်။ အမေရိကန် ထောက်လှမ်းရေးဌာနတွေ အနေနဲ့ ရုရှားသမ္မတ Vladimir Putin က ယူကရိန်းကို ကျူးကျော်ဖို့ အမိန့်ပေးလိမ့်မယ်ဆိုတာကို တိတိကျကျ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရုရှားရဲ့ စစ်စွမ်းရည်ကို ပိုမိုတွက်ချက်ထားပြီး၊ ယူကရိန်းရဲ့ ခုခံစစ်စွမ်းရည်ကို လျှော့ပေါ့တွက်ချက်ခဲ့ကြတာပါ။

အမေရိကန် ထောက်လှမ်းရေးဌာနတွေ အထူးသဖြင့် မနှစ်က အာဖဂန်နစ္စတန်နိုင်ငံမှာ အတွက်အချက်တွေ လွဲချော်ခဲ့ပြီးတဲ့နောက် အခုတခါ သူတို့ရဲ့အမှားတွေကို စောစောစီးစီး ကြိုတင်သုံးသပ်ကြဖို့ နိုင်ငံရေးပါတီကြီး ၂ခုစလုံးရဲ့ ဖိအားတွေနဲ့ ကြုံတွေနေကြရပါတယ်။

ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ ပြင်ဆင်နေသလို၊ တချိန်တည်းမှာပဲ ရုရှားနဲ့ ထိပ်တိုက်မတွေ့လိုတဲ့ အမေရိကန် အနေနဲ့ ရုရှားသမ္မတရဲ့ စဉ်းစားပုံတွေကို ကြိုတင်တွက်ချက်ဖို့ လိုအပ်တာကြောင့်၊ လက်ရှိ ယူကရိန်းစစ်ပွဲမှာလည်း အမေရိကန် ထောက်လှမ်းရေးဌာနတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက ရီပတ်ဘလစ်ကန်ကိုယ်စားလှယ် Mike Turner ကတော့ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရဟာ ယူကရိန်းနဲ့ ပတ်သက်လို့ သုံးသပ်ချက်တွေ လွဲမှားတာကြောင့် တုံ့ပြန်မှုတွေမှာ အားနည်းခဲ့ကြောင်း ပြောဆိုထားတာပါ။ အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီကလည်း ယူကရိန်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံ ကိစ္စတွေမှာ အမေရိကန် ထောက်လှမ်းရေးဌာနတွေရဲ့ သုံးသပ်ပုံတွေကို သိရှိလိုကြောင်း အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲထံကို မေလထဲမှာပဲ လျို့ဝှက်စာတစောင် ပေးပို့ထားကြောင်း အမေရိကန်ရုပ်သံ CNN က ဖော်ပြထားပါတယ်။

အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Avril Haines ကတော့ ပြည်ပအစိုးရတွေရဲ့ စစ်တိုက်လိုတဲ့ ဆန္ဒနဲ့ စစ်စွမ်းရည်ကို ပြန်လည် သုံးသပ်မှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG