သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နဲ့လာအို နိုင်ငံခြားရေးဝန်ကြီးများ ဆက်ဆံရေး တိုးတက်ဖို့ ဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ သီးသန့်တွေ့ဆုံခဲ့
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ သီးသန့်တွေ့ဆုံခဲ့

အမေရိကန်ပြည်ထောင်စုနဲ့ လာအိုနိုင်ငံ တို့အကြား ဆက်ဆံရေး ပိုမို ခိုင်မာအားကောင်းလာစေရေးကို နှစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံကြချိန်မှာ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

လာအိုနိုင်ငံ Ventiane မြို့တော်မှာကျင်းပနေတဲ့ အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေရဲ့ အပြင်ပန်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ သီးသန့်တွေ့ဆုံခဲ့ကြတာမှာ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အပါအဝင် ကိစ္စရပ်ပေါင်းများစွာကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ လာအိုနိုင်ငံတွင်း မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းတွေ ဖယ်ရှားသွားနိုင်ဖို့အတွက် လာအိုအစိုးရနဲ့ ပူးပေါင်းပြီး အကူအညီတွေ ဆက်လက်ပေးသွားမယ့်အကြောင်း အခိုင်အမာ ပြောဆိုခဲ့သလို၊ အမေရိကန် ပျောက်ဆုံးစစ်သည် ရှာဖွေမှုတွေမှာ လာအိုအစိုးရရဲ့ ကူညီပေးမှုတွေ အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောဆို ခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Mark Toner က ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတွေ နဲ့ နိုင်ငံပေါင်း ဒါဇင်နဲ့ချီက ထိပ်တန်း သံတမန်တွေရဲ့ အစည်းအဝေး ဒီကနေ့ စတင်တာမှာတော့ မြောက်ကိုရီးယားနဲ့ တောင်တရုတ် ပင်လယ်အရေးကိစ္စ အပါအဝင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG