သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအပေါ်ချထားတဲ့ နျူကလီးယားကန့်သတ်ချက်တချို့ ကန်ဖယ်ရှား


နယူးဒေလီရောက်နေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan (ဇန်နဝါရီ ၆၊ ၂၀၂၅)
နယူးဒေလီရောက်နေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan (ဇန်နဝါရီ ၆၊ ၂၀၂၅)

အမေရိကန်ပြည်ထောင်စုဟာ အရပ်ဘက်နျူကလီးယားကိစ္စရပ်တွေအတွက် အိန္ဒိယကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ် ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ နောက်ဆုံးအပြီးသတ်လုပ်ဆောင်နေပြီလို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က ဇန်နဝါရီ ၆ ရက် တနင်္လာနေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ပြောကြားသွားပါတယ်။ ဒါဟာ နိုင်ငံနှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမယ့် အရေးပါတဲ့ ခြေလှမ်းတခုလို့လည်း ဆိုပါတယ်။

နျူကလီးယားစမ်းသပ်မှုတွေ ပြုလုပ်တဲ့အတွက် နှစ်ပေါင်း ၃၀ ကြာ အိန္ဒိယကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားတာတွေက အိန္ဒိယနဲ့ အမေရိကန်ကြား ၂၀၀၇ မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သမိုင်းဝင်သဘောတူညီချက်ကြောင့် အဆုံးသတ်သွားခဲ့ပြီး အရပ်ဘက် နျူကလီးယားနည်းပညာကို အိန္ဒိယရယူနိုင်ဖို့ လမ်းပွင့်သွားပါတယ်။
အရပ်ဘက်နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သတ်ပြီး ကာလကြာရှည် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖယ်ရှားဖို့ "တရားဝင်စာရွက်စာတမ်း" ကိစ္စတွေကို မကြာမီ လုပ်ဆောင်တော့မှာဖြစ်ကြောင်း ဆူလဗန်က ပြောကြားခဲ့ပါတယ်။

ဆူလဗန်ရဲ့ အိန္ဒိယခရီးစဉ်ဟာ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အစိုးရသစ် တာဝန်ယူတော့မယ့် နှစ်ပတ်အလိုမှာ သွားရောကတာပါ။ ဆူလဗန်က နယူးဒေလီမြို့က အိန္ဒိယ နည်းပညာတက္ကသိုလ်မှာ မိန့်ခွန်း ပြောကြားခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အိန္ဒိယ-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးကြောင်း ပြောသွားပါတယ်။

အိန္ဒိယအပေါ်ချထားတဲ့ နျူကလီးယားကန့်သတ်ချက်တချို့ ကန်ဖယ်ရှား
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG