သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ သမ္မတဘိုင်ဒင် ထိပ်သီးဆွေးနွေးမည်

ပစိဖိတ်ကျွန်းစု ဖိုရမ် ရဲ့ ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာတွေ့ရတဲ့ သမ္မတ Biden
ပစိဖိတ်ကျွန်းစု ဖိုရမ် ရဲ့ ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာတွေ့ရတဲ့ သမ္မတ Biden

ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ သမ္မတ Joe Biden စီစဥ်နေပါတယ်။ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးမားလာတာကို တန်ပြန်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ သံတမန်ရေးဆက်ဆံရေး အမေရိကန်ဘက်က တိုးမြှင့် တည်ဆောက်လာတာ ဖြစ်ပါတယ်။

ပစိဖိတ်ကျွန်းစုဖိုရမ် အဖွဲ့၀င် ၁၈ နိုင်ငံခေါင်းဆောင်တွေနဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ဝါရှင်တန်ဒီစီမှာ မနက်ဖြန်ကစပြီး နှစ်ရက်ကြာကျင်းပမှာပါ။ပစိဖိတ်ဒေသတွင်း အမေရိကန်ရဲ့ ပိုမိုခိုင်မာတဲ့ ရပ်တည်ချက်ကို အစည်း၀ေးမှာ သမ္မတ Biden ကကြေညာဖို့ရှိကြောင်း အမေရိကန် အကြီးတန်းအရာရှိတွေက ပြောပါတယ်။ ဒါအပြင် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေအတွက် ရန်ပုံငွေ အစီအစဥ်အပါအ၀င် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးအားကောင်းစေဖို့နဲ့ အထူးသဖြင့် တရားမ၀င်ငါးဖမ်းလုပ်ငန်းတွေကို တိုက်ဖျက်ရေး ကိစ္စတွေ ဆွေးနွေးဖို့ရှိပါတယ်။

သြစတြေးလျအပါအ၀င် ပစိဖိတ်သမုဒ္ဒရာတလျှောက် လူဦးရေနည်းပါးတဲ့ကျွန်းစုနိုင်ငံတွေပါ၀င်တဲ့ ပစိဖိတ်ကျွန်းစု ဖိုရမ် ရဲ့ ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲကို မနှစ်က ဝါရှင်တန်ဒီစီမှာပဲ ကျင်းပခဲ့တာပါ။ အဲဒီဒေသမှာ တရုတ်ရဲ့ အခိုင်အမာ သြဇာလွှမ်းမိုးနေတဲ့အပေါ် အမေရိကန်က မဟာဗျူဟာမြောက် အာရုံစိုက်လုပ်ဆောင်ဖို့ရည်ရွယ်ထားကြောင်း အမည်မဖေါ်လိုတဲ့ အိမ်ဖြူတော် အကြီးတန်းအရာရှိတဦးက ပြောကြားခဲ့ပါတယ်။

ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ သမ္မတဘိုင်ဒင် ထိပ်သီးဆွေးနွေးမည်
please wait

No media source currently available

0:00 0:00:35 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG