သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတ Trump ကို အေရးယူေရး စစ္ေဆးမႈ ေရွ႕ေန Giuliani ထြက္ဆိုမည္


အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ရဲ႕ ပုဂၢိဳလ္ေရး ေရွ႕ေနျဖစ္သူ Rudy Giuliani က အထက္လႊတ္ေတာ္မွာ သမၼတကို တရားစြဲဖို႔ တရားစီရင္ေရး ေဆာင္႐ြက္တဲ့အခါမွာ တက္ေရာက္ထြက္ဆိုၿပီး သမၼတ အျပစ္ကင္းလြတ္ေရး တတ္ႏိုင္သမွ် ႀကိဳးပမ္းသြားမယ္လို႔ ေျပာပါတယ္။

Giuliani ဟာ ထရမ့္ရဲ႕ ႏိုင္ငံေရး ၿပိဳင္ဖက္ ျဖစ္လာႏိုင္သူ ဒုတိယ သမၼတေဟာင္း Joe Biden နဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈ ေတြ လုပ္ဖို႔ ယူကရိန္း အစိုးရကို အဓိက တြန္းအားေပးခဲ့သူပါ။ Giuliani သာ တကယ္ စစ္ေဆးခံမယ္ဆိုရင္ေတာ့ အခ်က္အလက္ ေတာ္ေတာ္မ်ားမ်ားကို သိၾကရမွာ ျဖစ္ပါတယ္။

ေအာက္လႊတ္ေတာ္မွာ လုပ္ခဲ့တဲ့ သမၼတကို တရားစြဲဆိုေရး ဆိုင္ရာ ၾကားနာစစ္ေဆးပြဲေတြက ထြက္ဆိုခ်က္ေတြအရ ယူကရိန္းႏိုင္ငံနဲ႔ သက္ဆိုင္တဲ့ မူဝါဒေရးရာ ကိစၥေတြမွာ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက သံတမန္ေတြကို ေဘးခ်ိတ္ထားၿပီး Giuliani ရဲ႕ၫႊန္ၾကားခ်က္ေတြကိုသာ လိုက္နာဖို႔ သမၼတ ထရမ့္က အေရးပါတဲ့ အေမရိကန္ တာဝန္ရွိသူေတြကို အမိန႔္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ မၾကာေသးခင္ကပဲ Giuliani ဟာ ယူကရိန္း ႏိုင္ငံကို သြားေရာက္ၿပီး ဒုတိယ သမၼတေဟာင္း Joe Biden နဲ႔ ပတ္သက္တဲ့ သတင္း အတင္းအဖ်င္းေတြ ရယူဖို႔ ႀကိဳးစားခဲ့ပါတယ္။

လက္ရွိမွာ သမၼတထရမ့္ဟာ ဒီမိုကရက္ အမ်ားစု လႊမ္းမိုးထားတဲ့ ေအာက္လႊတ္ေတာ္ရဲ႕ တရားစြဲဆိုမႈကို ရင္ဆိုင္ေနရပါတယ္။ သမၼတဟာ သူ႔ ႏိုင္ငံေရးၿပိဳင္ဖက္ Joe Biden နဲ႔ ပတ္သက္ၿပီး စုံစမ္း စစ္ေဆးေပးဖို႔ ယူကရိန္းကို ဖိအားေပး ေစခိုင္းခဲ့တယ္ဆိုတဲ့ အခ်က္နဲ႔ စုံစမ္း ၾကားနာမႈေတြအေပၚ အေႏွာက္အယွက္ေပးခဲ့တယ္ဆို တဲ့ အခ်က္ ၂ ခ်က္နဲ႔ ေအာက္လႊတ္ေတာ္က သမၼတကို တရားစြဲဖို႔ ဆုံးျဖတ္ခဲ့ တာပါ။

ဒါေပမဲ့ ဒီကိစၥ အထက္လႊတ္ေတာ္မွာ တရားစီရင္မႈ လုပ္ငန္းေတြ စတင္ဖို႔ ရက္ကိုေတာ့ အခုထိ သတ္မွတ္ႏိုင္ျခင္း မရွိေသး ပါဘူး။ အထက္လႊတ္ေတာ္မွာ ဘယ္လို တရားစီရင္ စစ္ေဆးမလဲဆိုတဲ့ ကိစၥအေပၚ အထက္နဲ႔ ေအာက္ လႊတ္ေတာ္ ၂ ရပ္ အၾကား သေဘာတူညီမႈ မရေသးတာေၾကာင့္ ေအာက္လႊတ္ေတာ္က ဒီကိစၥကို အထက္လႊတ္ေတာ္ကို တင္သြင္းျခင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

သမ္မတ Trump ကို အရေးယူရေး စစ်ဆေးမှု ရှေ့နေ Giuliani ထွက်ဆိုမည်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေး ရှေ့နေဖြစ်သူ Rudy Giuliani က အထက်လွှတ်တော်မှာ သမ္မတကို တရားစွဲဖို့ တရားစီရင်ရေး ဆောင်ရွက်တဲ့အခါမှာ တက်ရောက်ထွက်ဆိုပြီး သမ္မတ အပြစ်ကင်းလွတ်ရေး တတ်နိုင်သမျှ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ Giuliani ဟာ ထရမ့်ရဲ့ နိုင်ငံရေး ပြိုင်ဖက် ဖြစ်လာနိုင်သူ ဒုတိယ သမ္မတဟောင်း Joe Biden နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တွေ လုပ်ဖို့ ယူကရိန်းအစိုးရကို အဓိက တွန်းအားပေးခဲ့သူပါ။

Giuliani သာ တကယ် စစ်ဆေးခံမယ်ဆိုရင်တော့ အချက်အလက် တော်တော်များများကို သိကြရမှာ ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ လုပ်ခဲ့တဲ့ သမ္မတကို တရားစွဲဆိုရေးဆိုင်ရာ ကြားနာစစ်ဆေးပွဲတွေက ထွက်ဆိုချက်တွေအရ ယူကရိန်းနိုင်ငံနဲ့ သက်ဆိုင်တဲ့ မူဝါဒရေးရာ ကိစ္စတွေမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနက သံတမန်တွေကို ဘေးချိတ်ထားပြီး Giuliani ရဲ့ညွှန်ကြားချက်တွေကိုသာ လိုက်နာဖို့ သမ္မတ ထရမ့်က အရေးပါတဲ့ အမေရိကန် တာဝန်ရှိသူတွေကို အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မကြာသေးခင်ကပဲ Giuliani ဟာ ယူကရိန်း နိုင်ငံကို သွားရောက်ပြီး ဒုတိယ သမ္မတဟောင်း Joe Biden နဲ့ ပတ်သက်တဲ့ သတင်း အတင်းအဖျင်းတွေ ရယူဖို့ ကြိုးစားခဲ့ပါတယ်။

လက်ရှိမှာ သမ္မတထရမ့်ဟာ ဒီမိုကရက် အများစု လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်ရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်နေရပါတယ်။ သမ္မတဟာ သူ့ နိုင်ငံရေးပြိုင်ဖက် Joe Biden နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးပေးဖို့ ယူကရိန်းကို ဖိအားပေး စေခိုင်းခဲ့တယ်ဆိုတဲ့ အချက်နဲ့ စုံစမ်း ကြားနာမှုတွေအပေါ် အနှောက်အယှက်ပေးခဲ့တယ်ဆို တဲ့ အချက် ၂ ချက်နဲ့ အောက်လွှတ်တော်က သမ္မတကို တရားစွဲဖို့ ဆုံးဖြတ်ခဲ့ တာပါ။

ဒါပေမဲ့ ဒီကိစ္စ အထက်လွှတ်တော်မှာ တရားစီရင်မှု လုပ်ငန်းတွေ စတင်ဖို့ ရက်ကိုတော့ အခုထိ သတ်မှတ်နိုင်ခြင်း မရှိသေး ပါဘူး။ အထက်လွှတ်တော်မှာ ဘယ်လို တရားစီရင် စစ်ဆေးမလဲဆိုတဲ့ ကိစ္စအပေါ် အထက်နဲ့ အောက် လွှတ်တော် ၂ ရပ် အကြား သဘောတူညီမှု မရသေးတာကြောင့် အောက်လွှတ်တော်က ဒီကိစ္စကို အထက်လွှတ်တော်ကို တင်သွင်းခြင်း မရှိသေးပါဘူး။

XS
SM
MD
LG