သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ႏုိင္ငံတကာက လူ႔အခြင့္အေရးတုိးတက္ေအာင္ ကန္ ဆက္လက္လုပ္ေဆာင္မည္


၂၀၁၉ ေဖေဖာ္၀ါရီလတုန္းက ကယားျပည္နယ္ လြွႊိဳင္ေကာ္တြင္ ဆႏၵျပသူမ်ားကို ရဲက ၿဖိဳခြင္းစဥ္

(Zawgyi / Unicode)

ျမန္မာႏုိင္ငံနဲ႔ ေဟာင္ေကာင္ကၽြန္းတို႔က လူ႔အခြင့္အေရးနဲ႔ ေကာင္းမြန္တဲ့ အုပ္ခ်ဳပ္ေရးဆိုင္ရာ ကိစၥေတြမွာ အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ ဆက္ၿပီး ေထာက္ျပ ေျပာဆိုသြားမွာျဖစ္တယ္လုိ႔ အေမရိကန္ႏုိင္္ငံျခားေရးဌာန၊ အႀကီးတန္း တာဝန္ရွိသူ တဦးက ဇန္နဝါရီ လ ၇ ရက္၊ အဂၤါေန႔မွာ ေျပာသြားပါတယ္။

အေရွ႕အာရွနဲ႔ ပစိဖိတ္ေဒသမွာ ၂၀၁၉ ခုႏွစ္အတြင္း အေမရိကန္ႏုိင္္ငံျခားေရးဌာနရဲ႕ ေအာင္ျမင္မႈေတြနဲ႔ပတ္သက္လို႔ ႏုိင္ငံျခားေရး ဌာနမွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း အဲဒီလိုေျပာသြားတာပါ။

ျမန္မာႏုိင္ငံပါဝင္တဲ့ အေရွ႕ေတာင္အာရွေဒသတြင္းမွာ တ႐ုတ္ႏုိင္ငံရဲ႕ ၾသဇာလႊမ္းမိုးမႈ ႀကီးထြားလာေနတာနဲ႔ပတ္သက္တဲ့ ေမးခြန္း ကို ေျဖဆိုရာမွာလည္း ျမန္မာႏုိင္ငံနဲ႔ဆုိင္တဲ့ ကိစၥရပ္တခုကို အႀကီးတန္းတာဝန္ရွိသူက ေထာက္ျပေျပာဆိုသြားပါတယ္။

တ႐ုတ္ရဲ႕ၾသဇာလႊမ္းမိုးမႈ ႀကီးထြားလာေနတယ္ ဆိုေပမယ့္လည္း မေလးရွားနဲ႔ အေရွ႕ေတာင္အာရွေဒသတြင္းက တျခားေနရာ ေတြမွာ သက္ဆိုင္ရာႏုိင္ငံေတြရဲ႕ အခ်ဳပ္အျခာအာဏာပိုင္မႈ၊ ဥပေဒနဲ႔ အခြင့္အေရးေတြ ခုိင္မာအားေကာင္းေအာင္ လုပ္လာေနတာ ကို ေတြ႔ရတယ္လုိ႔ အေမရိကန္ႏုိင္ငံျခားေရးဌာန အႀကီးတန္းတာဝန္ရွိသူက ေျပာပါတယ္။

တဆက္ထဲမွာပဲ ဥပမာအေနနဲ႔ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာ တ႐ုတ္ႏုိင္ငံက ေဆာက္လုပ္မယ့္ ေရကာတာစီမံကိန္းကို ၂၀၁၁ ခုႏွစ္ က ရပ္ဆိုင္းလိုက္တာကို အႀကီးတန္းတာဝန္ရွိသူက ေထာက္ျပသြားတာပါ။

အေမရိကန္တာဝန္ရွိသူရဲ႕ ေျပာဆိုခ်က္ထဲမွာ စီမံကိန္းကို နာမည္နဲ႔တကြ ေျပာဆိုသြားတာမဟုတ္ေပမယ့္ ဒါဟာ ျမစ္ဆံုဆည္စီမံ ကိန္း ရပ္ဆိုင္းလိုက္တာကို ရည္ၫႊန္းေျပာဆိုပံုရပါတယ္။

ႏုိင္ငံအားလံုး ဖိအားေပးမႈက ကင္းလြတ္ၿပီး ေကာင္းမြန္တဲ့အုပ္ခ်ဳပ္ေရးနဲ႔ စီးပြားေရး သာယာဝေျပာမႈတို႔နဲ႔အတူ ဖံြ႔ၿဖိဳး တိုးတက္ႏိုင္ တဲ့၊ လြတ္လပ္ၿပီး လမ္းဖြင့္ထားတဲ့ အင္ဒို-ပစိဖိတ္ေဒသျဖစ္ေရးဆိုတဲ့ သမၼတရဲ႕အျမင္ကို ၂၀၁၉ ခုႏွစ္အတြင္း အေမရိကန္ႏုိင္္ငံ ျခားေရးဌာနအေနနဲ႔ အေကာင္အထည္ေဖာ္ႏုိင္ခဲ့တယ္လို႔ ႏုိင္ငံျခားေရးဌာန အႀကီးတန္းတာဝန္ရွိသူက ရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္



................

မြန်မာနဲ့ နိုင်ငံတကာက လူ့အခွင့်အရေးတိုးတက်အောင် ကန် ဆက်လက်လုပ်ဆောင်မည်

(Unicode)

မြန်မာနိုင်ငံနဲ့ ဟောင်ကောင်ကျွန်းတို့က လူ့အခွင့်အရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်ပြီး ထောက်ပြ ပြောဆိုသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန၊ အကြီးတန်း တာဝန်ရှိသူ တဦးက ဇန်နဝါရီ လ ၇ ရက်၊ အင်္ဂါနေ့မှာ ပြောသွားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အောင်မြင်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံခြားရေး ဌာနမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလိုပြောသွားတာပါ။

မြန်မာနိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေတာနဲ့ပတ်သက်တဲ့ မေးခွန်း ကို ဖြေဆိုရာမှာလည်း မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စရပ်တခုကို အကြီးတန်းတာဝန်ရှိသူက ထောက်ပြပြောဆိုသွားပါတယ်။

တရုတ်ရဲ့သြဇာလွှမ်းမိုးမှု ကြီးထွားလာနေတယ် ဆိုပေမယ့်လည်း မလေးရှားနဲ့ အရှေ့တောင်အာရှဒေသတွင်းက တခြားနေရာ တွေမှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာပိုင်မှု၊ ဥပဒေနဲ့ အခွင့်အရေးတွေ ခိုင်မာအားကောင်းအောင် လုပ်လာနေတာ ကို တွေ့ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်းတာဝန်ရှိသူက ပြောပါတယ်။

တဆက်ထဲမှာပဲ ဥပမာအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်နိုင်ငံက ဆောက်လုပ်မယ့် ရေကာတာစီမံကိန်းကို ၂၀၁၁ ခုနှစ် က ရပ်ဆိုင်းလိုက်တာကို အကြီးတန်းတာဝန်ရှိသူက ထောက်ပြသွားတာပါ။

အမေရိကန်တာဝန်ရှိသူရဲ့ ပြောဆိုချက်ထဲမှာ စီမံကိန်းကို နာမည်နဲ့တကွ ပြောဆိုသွားတာမဟုတ်ပေမယ့် ဒါဟာ မြစ်ဆုံဆည်စီမံ ကိန်း ရပ်ဆိုင်းလိုက်တာကို ရည်ညွှန်းပြောဆိုပုံရပါတယ်။

နိုင်ငံအားလုံး ဖိအားပေးမှုက ကင်းလွတ်ပြီး ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ စီးပွားရေး သာယာဝပြောမှုတို့နဲ့အတူ ဖွံ့ဖြိုး တိုးတက်နိုင် တဲ့၊ လွတ်လပ်ပြီး လမ်းဖွင့်ထားတဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေးဆိုတဲ့ သမ္မတရဲ့အမြင်ကို ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ခြားရေးဌာနအနေနဲ့ အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းတာဝန်ရှိသူက ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

XS
SM
MD
LG