သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားပစ်မှတ်တွေကို အမေရိကန် လက်တုံ့ပြန်တိုက်ခိုက် 


တူရကီနဲ့ နယ်စပ်ဆီးရီးယား Hasakeh ပြည်နယ်အတွင်း ကျေးလက်တနေရာမှာ ကင်းလှည့်နေတဲ့ အမေရိကန်စစ်သားများ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃)
တူရကီနဲ့ နယ်စပ်ဆီးရီးယား Hasakeh ပြည်နယ်အတွင်း ကျေးလက်တနေရာမှာ ကင်းလှည့်နေတဲ့ အမေရိကန်စစ်သားများ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃)

ဆီးရီးယားမှာ ကြာသပတေးနေ့က အဝေးထိန်း ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း အမေရိကန် ၁ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရခဲ့ပြီးနောက် ဆီရီးယားနိုင်ငံအရှေ့ပိုင်းက ပစ်မှတ်တွေကို အတိအကျလေကြောင်းနဲ့ တကြိမ်မက ပစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောကြားပါတယ်။ ဆီးရီးယားအရှေ့မြောက်ပိုင်းက ပူးပေါင်းတပ်တွေ အခြေစိုက်တဲ့စစ်စခန်းတခုအပေါ် တဖက်သတ် ဒရုန်းယာဉ်နဲ့တိုက်ခိုက်မှုအတွင်း ကန်ထရိုက်နဲ့အလုပ်လုပ်နေတဲ့ အမေရိကန်တယောက် သေဆုံးခဲ့ပြီး၊ အဲဒီဒရုန်းဟာ အီရန်ကဖြစ်တယ်လို့ ထောက်လှမ်းရေးအသိုင်းအဝိုင်းက သုံးသပ်တယ်ကြောင်း ပန်တာဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

ကြာသပတေးနေ့က တိုက်ခိုက်ခံရမှုအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၅ ယောက်နဲ့ နောက်ထပ် ကန်ထရိုက်နဲ့ အလုပ်လုပ်နေသူတဦး ဒဏ်ရာရခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်တော်လှန်ရေးအထူးတပ်တွေအသုံးပြုနေတဲ့ ဆီးရီးယားနိုင်ငံထဲက နေရာတွေအပေါ် ညီမျှတဲ့ ပမာဏနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ကကြေညာချက်ထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်သူတွေကို ဘယ်လိုနည်းမျိုးနဲ့မဆို ကာကွယ်မယ်ဆိုတာ သမ္မတဘိုင်ဒန်ကပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်တဲ့အပြင် ဘယ်အဖွဲ့ကိုမှ သူတို့လုပ်ရပ်ကနေ ကင်းလွတ်ခွင့် ပေးမှာမဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးအော်စတင်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG