{{Zawgyi/Unicode}}
ဆီးရီးယားသမၼတ Bashar al Assad ဟာ သူ႔ဇနီးနဲ႔အတူ United Arab Emirates (UAE) ႏိုင္ငံကို မတ္လ ၁၉ ရက္ေန႔က တရားဝင္ခရီးအျဖစ္ ေရာက္ရွိသြားပါတယ္။
ဆီးရီးယားသမၼတကို ယူေအအီးသမၼတ Sheikh Mohammed bin Zayed al-Nahyan က အေျမာက္ပစ္ေဖာက္ႀကိဳဆိုခဲ့တာပါ။
ဒါဟာ အာရပ္ႏိုင္ငံေတြက ဆီးရီးယားနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ျပသလိုက္တဲ့ လကၡဏာတရပ္လည္း ျဖစ္ပါတယ္။ “ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ဖို႔ အျပဳသေဘာေဆာင္ ေဆြးေႏြးခဲ့ၾကတယ္လို႔ သူ႔ရဲ႕တြစ္တာလူမႈစာမ်က္ႏွာမွာ ယူေအအီး သမၼတ Sheikh Mohammed က ေရးတင္ထားပါတယ္။ ဆီးရီးယား နဲ႔ ေဒသအတြင္းတည္ၿငိမ္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္မႈတိုးမ်ားေစမယ့္ နည္းလမ္းေတြကိုေဆြးေႏြးခဲ့တယ္လို႔လည္း ယူေအအီး သမၼတက ဆိုပါတယ္။
တကယ္ေတာ့ ၂၀၁၁ ခုႏွစ္ကတည္းကစခဲ့တဲ့ ျပည္တြင္းစစ္မွာ ေဆာ္ဒီအာေရဗ်၊ ကာတာတို႔နဲ႔အတူ ယူေအအီးႏိုင္ငံက ဆီးရီးယား သူပုန္ေတြကို ေက်ာေထာက္ေနာက္ခံေပးခဲ့ၾကတာျဖစ္ပါတယ္။ ယူေအအီးဟာ အေမရိကန္ရဲ႕ မဟာမိတ္ႏိုင္ငံျဖစ္ေပမဲ့ ဆီးရီးယားနဲ႔ ပုံမွန္ ျပန္လည္မဆက္ဆံဖို႔ေျပာတဲ့ အေမရိကန္ရဲ႕ရပ္တည္ခ်က္ကို ဆန႔္က်င္ၿပီး သမၼတအာဆတ္နဲ႔ ဆက္ဆံေရးျပန္လည္ထူေထာင္ဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။
ေဆာ္ဒီအာေရဗ်ႏိုင္ငံကလည္း မၾကာေသးခင္က အီရန္ႏိုင္ငံနဲ႔ ျပန္လည္ဆက္ဆံေရးထူေထာင္ဖို႔ သေဘာတူခဲ့ၾကတဲ့အတြက္ေၾကာင့္ ဆီရီးယားနဲ႔ စကားေျပာဖို႔ျဖစ္လာႏိုင္ေျခ ပြင့္သြားတယ္လို႔လည္း ႐ိုက္တာသတင္းကသုံးသပ္ပါတယ္။
=============
{{Unicode}}
UAE နဲ့ ဆီးရီးယား ၂ နိုင်ငံဆက်ဆံရေး တိုးမြှင့်မည်
ဆီးရီးယားသမ္မတ Bashar al Assad ဟာ သူ့ဇနီးနဲ့အတူ United Arab Emirates (UAE) နိုင်ငံကို မတ်လ ၁၉ ရက်နေ့က တရားဝင်ခရီးအဖြစ် ရောက်ရှိသွားပါတယ်။
ဆီးရီးယားသမ္မတကို ယူအေအီးသမ္မတ Sheikh Mohammed bin Zayed al-Nahyan က အမြောက်ပစ်ဖောက်ကြိုဆိုခဲ့တာပါ။
ဒါဟာ အာရပ်နိုင်ငံတွေက ဆီးရီးယားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြသလိုက်တဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ “နှစ်နိုင်ငံကြားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အပြုသဘောဆောင် ဆွေးနွေးခဲ့ကြတယ်လို့ သူ့ရဲ့တွစ်တာလူမှုစာမျက်နှာမှာ ယူအေအီး သမ္မတ Sheikh Mohammed က ရေးတင်ထားပါတယ်။ ဆီးရီးယား နဲ့ ဒေသအတွင်းတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးများစေမယ့် နည်းလမ်းတွေကိုဆွေးနွေးခဲ့တယ်လို့လည်း ယူအေအီး သမ္မတက ဆိုပါတယ်။
တကယ်တော့ ၂၀၁၁ ခုနှစ်ကတည်းကစခဲ့တဲ့ ပြည်တွင်းစစ်မှာ ဆော်ဒီအာရေဗျ၊ ကာတာတို့နဲ့အတူ ယူအေအီးနိုင်ငံက ဆီးရီးယား သူပုန်တွေကို ကျောထောက်နောက်ခံပေးခဲ့ကြတာဖြစ်ပါတယ်။ ယူအေအီးဟာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံဖြစ်ပေမဲ့ ဆီးရီးယားနဲ့ ပုံမှန် ပြန်လည်မဆက်ဆံဖို့ပြောတဲ့ အမေရိကန်ရဲ့ရပ်တည်ချက်ကို ဆန့်ကျင်ပြီး သမ္မတအာဆတ်နဲ့ ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံကလည်း မကြာသေးခင်က အီရန်နိုင်ငံနဲ့ ပြန်လည်ဆက်ဆံရေးထူထောင်ဖို့ သဘောတူခဲ့ကြတဲ့အတွက်ကြောင့် ဆီရီးယားနဲ့ စကားပြောဖို့ဖြစ်လာနိုင်ခြေ ပွင့်သွားတယ်လို့လည်း ရိုက်တာသတင်းကသုံးသပ်ပါတယ်။