သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Odesa ဆိပ်ကမ်းနဲ့ ယူကရိန်းမြို့တော်ကို ရုရှားဒရုန်းတွေတိုက်ခိုက်


ယူကရန်းနိုင်ငံဦ Odesa ဒေသတွင်း Ismail မြို့ကို ရုရှားဒရုန်းနဲ့တိုက်ခိုက်ခံထားရတဲ့မြင်ကွင်း။ (သြဂုတ် ၂၊ ၂၀၂၃)
ယူကရန်းနိုင်ငံဦ Odesa ဒေသတွင်း Ismail မြို့ကို ရုရှားဒရုန်းနဲ့တိုက်ခိုက်ခံထားရတဲ့မြင်ကွင်း။ (သြဂုတ် ၂၊ ၂၀၂၃)

ယူကရိန်းနိုင်ငံတောင်ပိုင်း Odesa ဒေသက ဆိပ်ကမ်း အဆောက်အအုံတွေကို ရုရှားဘက်က ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့သလို ယူကရိန်းမြို့တော် ကိယက်ဗ်ကိုလည်း ပစ်မှတ်ထားပြီး ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအရာရှိတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် သီးနှံ သိုလှောင်ရုံပျက်စီးခဲ့ပြီး Izmail မြို့က စက်မှုလုပ်ငန်းတွေနဲ့ ဆိပ်ကမ်းအဆောက်အအုံတွေ မီးလောင်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။

"ရုရှားဘက်က ဆိပ်ကမ်းတွေ၊ ကောက်ပဲသီးနှံ သိုလှောင်ရုံတွေကို အကြမ်းဖက် တိုက်ခိုက်နေပြီး ဒါက ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကို နောက်တခါ ထပ် ခြိမ်းခြောက် တိုက်ခိုက်နေတာ” လို့ Odesa ဒေသရဲ့ အုပ်ချုပ်ရေးမှူး Oleh Kiper က ပြောပါတယ်။

အခု တိုက်ခိုက်ခံရတဲ့နေရာဟာ ဖြစ် ရိုမေးနီးယားနိုင်ငံ Danube (ဒန်းညု) မြစ်ကိုဖြတ်ပြီး ယူကရိန်းရဲ့ ကောက်ပဲသီးနှံတွေကို ပြည်ပကို တင်ပို့ဖို့ အဓိကရွေးချယ်ထားတဲ့ နောက်ထပ် လမ်းကြောင်းတခု ဖြစ်ပါတယ်။

ပင်လယ်နက်ကတဆင့် သီးနှံတင်ပို့ခွင့် သဘောတူညီချက်ကနေ နုတ်ထွက်ပြီးကတည်းက ရုရှားတပ်ဖွဲ့တွေဟာ Odesa ဒေသက ယူကရိန်းရဲ့ ကောက်နှံ ပို့ကုန် အခြေခံအဆောက်အအုံတွေကို အကြိမ်ကြိမ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပင်လယ်နက် ကောက်ပဲသီးနှံ သဘောတူညီချက်ကို ရုရှားဘက်က ပြန်လည် လက်ခံမယ့် အလားအလာနဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က သတင်းထောက်တွေကို ဖြေကြားရာမှာတော့ ရုရှားဘက်က ပြန်ဆွေးနွေးဖို့ ပြင်ဆင်ထားတယ် ပြောမယ့် ဒီလို ပြန်ဆွေးနွေးလာနိုင်မယ့် အထောက်အထားတော့ မတွေ့ရသေးပါဘူး” လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG